တစ်ခါသုံး ခွက်ဖြူဖြူတွေကို သတိထား - Kharann Media

Breaking

တစ်ခါသုံး ခွက်ဖြူဖြူတွေကို သတိထား


အမေရိကန်နိုင်ငံရှိ Technopark ကုမ္ပဏီမှ၊ IT နည်းပညာရှင်တစ်ဦးဖြစ်သူ Mr. Varun ရဲ့ ရောဂါက ထူးဆန်းနေပါတယ်။ သူဟာတစ်နေ့လုံးနေကောင်းပြီး၊ ညရောက်ပြီဆိုတာနဲ့ ဗိုက်ထဲကရစ်ရစ်နာတဲ့ဝေဒနာ ကို ခံစားရလေ့ရှိပါတယ်။ ဒီလိုဝေဒနာစွဲနေတာ နှစ်နဲ့ချီနေပါပြီတဲ့။ ဆရာဝန်တွေနဲ့စမ်းသပ်ပြီး သာမန်ဆေးစစ်ချက်လေးတွေ လုပ်ခဲ့ပေမယ့် ရောဂါရှာမရခဲ့ ပါဘူး။ နောက်ဆုံးမှာတော့ deeper probes (ခေါ်) ရောဂါရှာဖွေတဲ့ ထိပ်တန်းခွဲစိတ်ကိရိယာ တစ်မျိုးနဲ့  သူ့ရဲ့ အစာအိမ်ထဲကို စစ်ဆေးကြည့်လိုက်တဲ့ အခါ ပြဿနာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

“အံ့သြစရာဘဲဗျာ..သူ့ ရဲ့  အစာအိမ်ထဲမှာ ဖယောင်းဖြူအနှစ်တွေ အနည်ထိုင်နေတာအများကြီးဗျ… ဒါ ဖယောင်းတိုင်လုပ်တဲ့ ဖယောင်းဖြူ အမျိုးအစားတွေပေါ့” လို့ Mr. Varun ရဲ့ ခွဲစိတ်ဆရာဝန်က ပြောပါတယ်။

ရောဂါရဲ့ ဇာစ်မြစ်ကို အဖြေရှာကြည့်ရာ၊ Mr. Varun ဟာ လ္ဘက်ရည်ကြိုက်သူ တစ်ဦးဖြစ်တာမို့ ၊ နေ့ဘက် ရုံးခန်းမှာ လ္ဘက်ရည် သောက်လေ့ရှိပြီး၊ သောက်တဲ့အခါတိုင်း တစ်ခါသုံးစက္ကူခွက်နဲ့သာ သောက်ဖြစ် ပါတယ်တဲ့။ စက္ကူတွေရဲ့ သဘောသဘာဝအရ၊ ရေစက်ကလေးထိရင်တောင် စက္ကူသားပျော့ပြီး ယိုစိမ့်ပေါက်သွားတတ်တာမို့၊ အရည်တွေထည့်သောက်လို့ရအောင် စက္ကူခွက်ပေါ်မှာ ဖယောင်းလောင်းပေး ရပါတယ်။

အကယ်၍ ခုလို ဖယောင်းလောင်းထားတဲ့ စက္ကူခွက်ထဲကို လ္ဘက်ရည် (သို့မဟုတ်) ကော်ဖီ ပူပူတွေ ထည့်သောက်လိုက်တဲ့အခါမှာ၊ ခွက်ပေါ်မှာ လောင်းထားတဲ့ ဖယောင်းတစ်စိတ်တစ်ဒေသတွေဟာ အရည်ပူပူတွေနဲ့အတူ ဗိုက်ထဲရောက်သွားပါတော့တယ်။ ထိုခွက်တွေနဲ့ အရည်ပူပူတွေကို ရံဖန်ရံခါ မှ သောက်ခဲ့ရင် ပြဿနာ မရှိသော်လည်း၊ နေ့စဉ်သောက်သုံးခဲ့ရင်တော့ အစာအိမ်ကို ဒုက္ခပေးပါ လိမ့်မယ်။

လ္ဘက်ရည်၊ ကော်ဖီ၊ ရေနွေး ပူပူတွေသောက်တဲ့အခါ-
(၁) တခါသုံး ခွက်ဖြူဖြူတွေကို (လုံးဝ) မသုံးပါနဲ့ ။ (စက္ကူပေါ်မှာ ဖယောင်းလောင်းထားတာကြောင့် Mr. Varun လို ဝေဒနာမျိုးရ ရှိ စေနိုင်ပါတယ်)

(၂) ဖန်ခွက်ကိုလည်း မသုံးသင့်ပါဘူး. (ဖန်ခွက်ဖြစ်စေဖို့အတွက် ထိုဖန်ကိုချက်ထားတဲ့ ဓာတုပစ္စည်းတွေ က ရေနွေးပူပူတွေနဲ့ တွေတဲ့အခါ ဓာတ်ဖောက်ပြန်ပြီး၊ အစာအိမ်နဲ့သွေးကြောတွေကို ထိခိုက်စေနိုင် ပါတယ်)

(၃) ကြွေထည်ပစ္စည်းနဲ့လုပ်ထားတဲ့ ကြွေခွက်တွေကသာ အကောင်းဆုံးဖြစ်ပါတယ်။ စတီးလ်ခွက်တွေ လည်း သုံးနိုင်ပါတယ်။

တစ်ခါသုံး စက္ကူခွက်ဖြူဖြူတွေက သယ်ရတာပေါ့ပါးလွယ်ကူတဲ့အပြင်၊ ဈေးနှုန်းသက်သာ တာကြောင့် သောက်သုံးပြီးတဲ့အခါ အထူးတလည်ပြန်လည်ဆေးကြောနေစရာမလိုဘဲ စွန့်ပစ်နိုင်လို့  အိမ်ရှင်မများအကြိုက်တွေ့ရုံမက၊ ကုမ္ပဏီ/ရုံးခန်း/စားသောက်ဆိုင်တော်တော်များများမှာ အသုံးတည့် လို့ နေပါတယ်။

သို့ သော် Mr. Varun လို အလားတူရောဂါပြဿနာမျိုး မဖြစ်ရလေအောင် အချိန်မှီ သတိပြုဆင်ခြင်နိုင်ကြ ပါစေကြောင်း ကျမ္မာသုတအဖြစ် မျှဝေလိုက်ရပါတယ်။
__________________________________________
http://www.mymemo.cf/2016/06/post452.html credit : original writer