အချစ်ကြီးလွန်းတဲ့ ယောက်ျားတွေရဲ့ အချစ်ဒဏ်ကို မိန်းမတွေ ဘာကြောင့် မခံနိုင်ကြတာလဲ… - Kharann Media

Breaking

အချစ်ကြီးလွန်းတဲ့ ယောက်ျားတွေရဲ့ အချစ်ဒဏ်ကို မိန်းမတွေ ဘာကြောင့် မခံနိုင်ကြတာလဲ…



အတွဲတစ်တွဲမှာ ယောက်ျားလေးဖက် က တစ်ကယ်ချစ်လာပြီဆိုရင် အချစ်ခံရတဲ့မိန်းကလေးဖက်က အဲ့ဒီ ဒဏ်ကို မခံစားနိုင်ကြဘူး။ ဘာလို့လဲဆိုတော့ ယောက်ျားလေး အားလုံးမှာ တူညီတဲ့အချက်တစ်ခုရှိတယ်။ အဲ့တာက ကျွန်တော် တို့ ယောက်ျားလေးတွေ တစ်ကယ်နှစ်နှစ်ကာကာချစ်လာတဲ့ အချိန်ရောက်ရင် ကိုယ့် ချစ်သူ အပေါ်သံသယစိတ်တွေ စွပ်စွဲချက်တွေ အပြစ်မြင်တာတွေက ပိုများလာပါတယ်။

အရမ်းအချစ် အတ္တကြီးတဲ့ ယောက်ျားလေးတွေဆို အဲ့အချိန်ကျရင် ယောက်ျားလေး သူငယ်ချင်းတောင်ပေးမထားကြပါဘူး။ ကောင်မလေးရဲ့ #fb_passward သိတဲ့သူဆို သူနဲ့ပတ်သတ်တဲ့နေ့ နောက်ပိုင်း ဘယ်သူတွေနဲ့ပြောထားလဲဆိုတာ သေချာကြည့်တတ်ပါတယ်။ အဲ့မှာ သူငယ်ချင်း ထက်ပိုတဲ့အရေးအသားတွေပြောထားတာတွေ့ရင် အဲ့နေ့တော့ တကယ့်ရန်ဖြစ်တဲ့နေ့ပါပဲ။

လက်ခံနိုင်တဲ့ဖြေရှင်းချက်မရှိရင်တော့ အဲ့ပြဿနာကမပြီးတော့ပါဘူး။ ကံအရမ်းဆိုးရင် လမ်းခွဲဖို့အထိဖြစ်နိုင်ပါတယ်။နောက်တစ်ချက်က မိန်းကလေးတွေစိတ်ထဲ ကြောက်စိတ် ဝင်သွားတာပါ။ အဲ့လိုဖြစ်တာကတော့ ကျွန်တော်တို့ ယောက်ျားလေးတွေရဲ့ အမှားပါ။ တစ်နေ့တစ်နေ့ ပြဿနာ အရှာခံရလွန်းလို့အဲ့လိုဖြစ်တယ် လို့ ထင်ပါတယ်။

ဒါပေမဲ့ မိန်းကလေးဘက်က အကောင်းမြင်စိတ်နဲ့တွေးရင်တော့ အဲ့လိုဖြစ်မယ်မထင်မိပါဘူး။ နောက်ဆုံးပြောချင်တာက လမ်းခွဲ မယ်ဆိုတဲ့ စကားပြောဖို့ စက္ကန့်ပိုင်းပဲကြာတာပါ။ အဲ့စကား မပြောထွက်ခင် အရင်အချိန်တွေကို ပြန်တွေးကြည့်ပါ။ အဲ့ဒါဆိုသေချာတဲ့ အဖြေတစ်ခု ရမယ်လို့မျှော်လင့်တယ်။

လမ်းခွဲ စကား မပြောခင်မှာလည်းကြိုစဉ်းစားပါ။ တကယ်လို့ လမ်းခွဲ သွားရင် သူလဲ နစ်နာ ကိုယ်လဲ နစ်နာမှာမို့ အချိန်မနှောင်းခင် သိစေချင်တယ်။

....................................
share from : phothutaw