စနေ သားသမီးလေးတို့ရဲ့ စရိုက်နှင့် စိတ်နေစိတ်ထား အကြောင်း - Kharann Media

Breaking

စနေ သားသမီးလေးတို့ရဲ့ စရိုက်နှင့် စိတ်နေစိတ်ထား အကြောင်း



စနေသားသမီးတွေက လူ့ဘဝကိုစရောက်ပြီဆိုကတည်းက စိတ်ကြီးတတ်ကြပါတယ်။ ဒေါသဖြစ်ပြီဆိုရင်လည်း အရာဝတ္ထုတခုခုနဲ့ ကိုယ့်အသားကိုနာကျင်အောင်လုပ်တတ်တယ်။ ပြောချင်တဲ့စကားကို သွယ်ဝိုက်မပြောတတ်ဘဲတိုက်ရိုက်ပွင့်ပွင့်လင်းလင်းပြောတတ်တာ စနေပါ။ အစွဲအလန်းကြီးတယ်။ အမှတ်တရတွေကိုသတိရနေတတ်တယ်။ ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ်ကြဘူး။

ဒေါသကြီးရင်လည်း သူများနဲ့မတူအောင်ပါပဲ။ စိတ်ကြီးတယ်။ မဟုတ်မခံတတ်ဘူး။ အချိန်ခဏလေးနဲ့ဒေါသအရမ်းထွက်တတ်ပေမဲ့ ဟုန်းခနဲထတောက်တဲ့မီးလိုပဲ။ ဒေါသတွေကခဏပဲ။ ကြာကြာတော့စိတ်ထဲမထားတတ်ဘူး။ ကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ်။ သနားတတ်တဲ့စိတ်ထားရှိကြတယ်။ မျက်နှာတည်ပြီး ရင်ထဲမှာတော့ တကယ်ခင်တတ်တဲ့စိတ်ထား စနေမှာ အပြည့်အဝရှိတယ်။ အနေအေးပေမဲ့ကိုယ့်ကိုလာခင်တဲ့လူတွေနဲ့ဆို ဖော်ရွေစွာနေတတ်တာ စနေပါ။

သူငယ်ချင်းတွေရဲ့ အချစ် ခင်မင်မှုတွေကိုလည်းလိုချင်ကြတယ်။ မိသားစုတွေရဲ့ ဂရုစိုက်မှုကိုလည်း ခံချင်ကြတာလည်း စနေပါ။ စိတ်ဆိုးနေရင်မျိုသိပ်မထားတတ်ဘူး။ ဖွင့်ပြောမိတတ်တယ်။ ပြောပြီးရင်လည်း အကြောင်းတစ်ခုကို အပြန်ပြန်အလှန်လှန်စဉ်းစားတတ်ပြီး စိတ်မကောင်းဖြစ်နေတတ်တာလည်းစနေပဲ။ ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ရန်ဖြစ်ပြီးမခေါ်ကြရင် ကိုယ်ကဘယ်တော့မှအရင်စမခေါ်ချင်ကြဘူး။ မာနအိုးတွေပါ။

သူ့ဘက်ကစခေါ်ပြီဆိုရင်လည်း သူ့ထက် နှစ်ဆ ခင်မင်ပြတတ်တာစနေ။ ခင်ရတဲ့သူတွေကို ကိစ္စတွေတိုင်း မပြောပြတတ်ဘူး။ အချို့သောအရာတွေကို လျှို့ဝှက်ထားတတ်တယ်။ ကိုယ်လုပ်တဲ့ကိစ္စတွေတိုင်းကို လက်ကြောတင်းအောင် အကောင်းဆုံး လုပ်ကြပါတယ်။ ကိုယ်လုပ်ထားတဲ့အရာတွေကို အကောင်းပြောတာပဲ ခံချင်ကြတာလည်းစနေပဲ။ သီချင်းတွေ ဒဏ္ဍာရီ စိတ်ကူးယဉ်ဆန်ဆန်တွေကို နှစ်သက်ကြတယ်။ တခါတလေ တယောက်ထဲရှိရင် သီချင်းတွေညည်းနေတတ်တယ်။ အိမ်မက်တွေကိုလည်း အမျိုးမျိုးအထအနကောက်တတ်ကြတယ်။

အမြော်အမြင်ကြီးတယ်။ တိုးတက်ချင်တဲ့စိတ်တွေအင်မတန်ရှိတယ်။ စိတ်သဘောထားကောင်းတတ်ကြတာ စနေပါ။ အချစ်ရေးမှာတော့ ကိုယ့်ချစ်သူရဲ့မြတ်နိုးမှု အချစ်တွေကိုခံရပေမဲ့ ခေတ္တယာယီတော့ ဝေးနေတတ်ကြတယ်။ စနေသားသမီးဆိုတာ နေ့ရက်တွေအားလုံးထဲက အထူးခြားဆုံးနေ့မှာ မွေးဖွားလာတဲ့သူတွေပါ ဒါကြောင့် သူတိုရဲ့ အကျင့်စရိုက်ကလည်း အများနဲ့မတူအောင် ထူးဆန်းနေတတ်ပါတယ် ။

ဒါကြောင့် တစ်ခါတစ်လေ ဟန်ဆောင်တတ်တဲ့လူတွေအ လယ်မှာ သူက လူထူးဆန်းကြီး ဖြစ်နေပြန်ရော ဒေါသကြီးသူဖြစ်နေပေမဲ့ စိတ်ထားနူးညံတယ်။ ခေတ်မီမီနေခြင်းကို သဘောကျတယ်။ဒါပေမဲ့ ခေတ်လွန်တာ တွေကိုလည်း သဘောမကျတတ်ပြန်ဘူး။ အစားကြီးတယ် အအိပ်ကြီးတယ်။ သူတို့စိတ်ဝင်စားတဲ့ အလုပ်ကိုတော့ မငြီးမငြူ လုပ်နေတတ်ပြန် ရော အလုပ်လုပ်တဲ့နေရာမှာ အရေးမပါတာတွေကို မလုပ်ချင်ကြတဲ့သူတွေပါ ။

အချစ်ရေးမှာတော့ အားငယ်တတ်တဲ့ သူ တွေပါချစ်သူရဲ့ ဂရုစိုက်ခြင်းကို ခံချင်ကြတယ်ချစ်သူအပေါ် အလေးအနက်ထားသလောက် ချစ်သူဆီကလည်း အလေးအနက်ထားမှုကို ပြန်လိုချင်   ကြတယ်။ ငယ်ငယ်ကတည်းက လိုချင်တာကို ရအောင်ယူတတ်တဲ့သူတွေဖြစ်တယ်အချစ်ဦးမှာ ကံခေရတတ်တယ်။ အမှန်တရားကို မြတ်နိုးသူပီပီ လွတ်လပ်မှုကိုလိုချင်ကြတယ်ချုပ်ချယ် တာတွေကိုမကြိုက်ဘူး တစ်ခုခုလုပ်မယ်ဆိုရင် သေသေ ချာချာ စဉ်းစားပြီးမှ လုပ်လေ့ရှိတယ်။ စနေသားသမီးတို့ရဲ့ အထူးခြားဆုံးအချက်က သူများတွေထက် ဒေါသကြီးတာ စိတ်ကြီးတာပါပဲ။ 

Credit-Bhone Myint