
ဒိန်ချဉ်ဟာ ကျန်းမာရေးအတွက်ရော အသားအရေအလှအပအတွက်ပါ အင်မတန်မှ အသုံးတည့်တဲ့ သဘာဝပစ္စည်းတမျိုးပါ။ ကြမ်းတမ်းပျက်စီးနေတဲ့ အသားအရေကိုတောင်မှ ဒိန်ချဉ်ကိုအသုံးပြုပြီး မျက်နှာပေါင်းတင်ပေးရုံနဲ့ ပြန်လည်ကြည်လင်စိုပြည်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အသားအရေလေး ဖြူဝင်းစိုပြည်စေဖို့ ဒိန်ချဉ်က ဘယ်လိုကူညီပေးနိုင်လဲဆိုတာကို ကြည့်လိုက်ကြရအောင်။
(၁) ဒိန်ချဉ်နဲ့နနွင်း
ဒိန်ချဉ်စားပွဲတင်ဇွန်းနှစ်ဇွန်းခန့်နဲ့ နနွင်းစားပွဲတင်ဇွန်းတဇွန်း တို့ကို ရောစပ်ပြီး သန့်စင်ထားတဲ့ မျက်နှာအသားအရေပေါ် လိမ်းကျံပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ ရေနဲ့ပြန်လည်ဆေးကြောပေးရပါတယ်။ ဒီနည်းလမ်းဟာဆိုရင်တော့ ဝက်ခြံ၊ ဝက်ခြံအမာရွတ်နဲ့ အမည်းစက်တွေကို ဖယ်ရှားပေးပြီး ပြန်လည်ဖြူဝင်းလာစေမှာပါ။
(၂) ဒိန်ချဉ်
ဒိန်ချဉ်ကို ဘာနဲ့မှမရောဘဲ သူ့ချည်းသီးသန့်လည်း မျက်နှာပေါင်းတင်နိုင်ပါသေးတယ်။ ဒိန်ချဉ်ကို မျက်နှာနဲ့လည်ပင်းတဝိုက် လိမ်းကျံပေးပြီး ရေနဲ့ပြန်လည်ဆေးကြောပေးခြင်းအားဖြင့် နေလောင်ထားတဲ့ အသားအရေတွေနဲ့ ခြောက်သွေ့ပျက်စီးနေတဲ့ အသားအရေကိုပါ ဖြူဝင်းလာစေနိုင်ပါတယ်။
(၃) ဒိန်ချဉ်၊ ပျားရည်နဲ့သံလွင်ဆီ
ဒိန်ချဉ်နှစ်ဇွန်း၊ ပျားရည်နဲ့သံလွင်ဆီတို့ကိုတဇွန်းစီထည့်ပြီး ရောမွှေပါ။ ပြီးရင်တော့ မျက်နှာအနှံ့သေချာလိမ်းပြီး ၁၅ မိနစ်လောက်ထားပြီးမှ ရေနဲ့ပြန်လည် သန့်စင်ပေးပါ။ ဒီပေါင်းတင်နည်းဟာ အသားအရေကို ဖြူဝင်းလာစေမယ့်အပြင် အရေးကြောင်းတွေကိုပါ လျော့နည်းစေနိုင်ပါတယ်။
(၄) ဒိန်ချဉ်နဲ့ဆန်မှုန့်
ဒိန်ချဉ်နှစ်ဇွန်းခန့်ကို ဆန်မှုန့်တဇွန်းနဲ့ရောစပ်ပြီး မျက်နှာအသားအရေပေါ်လိမ်းကျံပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေခပ်နွေးနွေးလေးနဲ့ ပြန်လည်ဆေးကြောသန့်စင်ပေးမယ့် ကြည်လင်ဖြူဝင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။
Credit : Aunty may