စင်ကာပူကို ဒေါ်လာ 200နဲ့ တညအိပ် ၂ရက်ခရီး ရအောင်သွားနည်း - Kharann Media

Breaking

စင်ကာပူကို ဒေါ်လာ 200နဲ့ တညအိပ် ၂ရက်ခရီး ရအောင်သွားနည်း





1 Night 2 Day
200$ not include AirticketSG $ 250 လောက် ရပါတယ်။ ရထား MRT စီးဖို့  က 20$ လောက် easy card ဝယ်ထားလိုက်ပါ။ရန်ကုန်က မထွက်ခင် Hostel Beary Best မှာ ကြိုတင် ဘိုကင်တင်ထားရင်အခန်းရဖို့ သေချာပါတယ်တညတာအတွက် 24$ပါ။

လေဆိပ်ကို ရောက်တာနဲ့ Changi Airport MRT ကနေ China Town Station ကို သွားရမှာပါ။China town ရောက်တာနဲ့ China town point E ဂိတ် အပေါက်ကို ရွေးပြီ ထွက်လာရင် ဘယ်ဖတ် နားမှာ Book ထားတဲ့ Hostel ကိုတွေ့မှာပါ။Check in လုပ် ပြီးတာနဲ့ ရေမိုးချိုး ပြီး China Town ကို စမွေ လို့ရပြီ။

အစားအသောက် အစုံရှိပေမယ့် ကျွန်တော်က တော့ ဖြစ်သလို ပဲ အကင်လေးနဲ့ ဘီယာ တစ်လုံးနဲ့ထမင်းဖြူတစ်ပွဲ 30$ လောက် သွယ်လိုက်တယ်

စင်ကာပူက သောက်ရေ ရှားပြီး ဝယ်သောက်ရင် ဈေးကြီးတဲ့မြို့တော်ပါ။ အဲ့ကြောင့် ရေသောက်ချင်လို့ Marina bay sand က Casino ဝိုင်းကို China Town MRT ကနေ Bayfront MRT ကိုသွားပြီး ကာစီနို ဝိုင်းထဲ ပတ်စပို့ပြပြီး ဝင်ရပါတယ်free ပါပဲ။ေ ရဆာလို့  ရေသောက်တယ် အအေး ကော်ဖီ Coca cola ခွက်လေး ကိုင်သူများ ဆော့တာ ပတ်ကြည့်ဗိုက်မပြည့်သေးလို့  ပဲနို့လေးပါ ဆွဲလိုက်သေး$ ပေါတဲ့သူဆိုရင်တော့ ကံစမ်းကြည့်ပေါ့မွဲကိန်းနော် သောင်းဂဏန်း အနည်းဆုံးဆော့ရတာဆိုတော့

အဲ့ဒီက အထွက်Marina bay ရေပန်း show7pm တစ်ခါ 9 pm တစ်ခါ ပြတယ်အရမ်းလှတယ်နော် ကြည့်ဖြစ်အောင် ကြည့်ခဲ့ဟိုဖတ် ကမ်းက Malion နဲ့ ပုံရိုက်ချင်ရင်တော့ စကားပြောရင်း လျောက်းရင်းဆို ရောက်ပါတယ်ကျွန်တော်က တော့ ဟိုတယ် ပြန် နားလိုက်တယ်

နောက်တစ်ရက်မနက်Universal Studio ကိုသွားဖို့  Ticket ကိုHostel counter မှာ ဝယ်လိုက်တယ် 72$ နဲ့လက်မှတ် ရတာ နဲ့China town MRT ကနေ Harbourfront MRTကို ရွေးပြီး သွားရပါတယ် Harbour frontကိုရောက်ရင် Vivo city lvl 3 သုံးထပ်မြောက်ကိုတတ်ပြီး Sentosa ဂိတ်က Sky trainကို စီးရမှာပါ Water front မှာ ဆင်း လိုက်ရင်Universal Studio ဝင်ပေါက်ကို ရောက်မှာပါ

မှတ်ချက် အဲ့ထဲမှာ ရေဝယ်မသောက်နဲ့နော်ဘူးလေးနဲ့ ထည့်သွား အဲ့မှာ ရေသန့် ၆၀၀၀ပေးသောက်ရတယ်ရောက်ရောက်ရှင်း လှသ ပသ ရှိတုန်းဓါတ်ပုံ လှလှလေးတွေရိုက်ကြပြီးမှာ ကစားစရာတွေ စီးစရာတွေ စီးကြပေါ့လက်မလွတ်သင့်တဲ့ ကစားစရာတွေက
Tranformer 5 D
Roar coaster
Warrior show
Dinosaur park
Chocolate villa
Mummy House
တွေက ဝင်သင့်တဲ့နေရာပါအဲ့မှာတင် တစ်နေကုန်ပါပဲ

အဲ့ဒီက ကစားလို့  ဝရင်တော့China town ကိုပြန်Baggage ယူပြီးMRT ကနေ Changi Airport ကို ပြန်Check in လုပ် ပြီးရန်ကုန် ကို ပြန်လာရုံပါပဲ

Hostel က Breakfast လည်း စားဖို့  မမေ့နဲ့နော်ပေါင်မုန့် ကော်ဖီ ငှက်ပျောသီး မုန့်တွေ အစာပြေရှိထမင်းစားတာကတော့ကျွန်တော်က ကုန်တိုက်တွေ မှာ စားတာဆိုတော့တစ်ခါစား 10$ လောက်ပဲ ကျပါတယ်

MRT ez link card – 20$
Hostel Beary – 24$
Universal Studio – 72$
Dinner Chinatown – 30$
Meal for 2 Day – 50$
အားလုံးပေါင်းမှ စင်ကာပူဒေါ်လာ 196$ ပါUSD 200$ တောင်မကုန်ပါဘူး

Air ticket ကတော့ Facebook မှာပလူပျံနေအောင် ဈေးလျော့ရောင်းတာတွေကောPromotion တွေကော ဆိုတော့တစ်ခါတစ်လေ 100$ နဲ့ရရင်ရ မယ်တစ်ခါတစ်လေ 180$ ဖြစ်ကောင်းဖြစ်မယ်

ဒါကတော့ 1 night 2 Day plan လေးပါNight တွေ အများ ကြီး Spend ချင်တဲ့သူတွေလည်း ရှိမှာပါ ဒါပေမယ့်ကျွန်တော့အတွက်က တော့Singapore ဒီလောက်ဆို လုံလောက်ပြီ

လေးစားစျြာဖစ် MM Backpackers