အမျိုးသမီးများအတွက် အထက်မြက်ဆုံး သက်စောင့်ဆေး - Kharann Media

Breaking

အမျိုးသမီးများအတွက် အထက်မြက်ဆုံး သက်စောင့်ဆေး


မျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ခရမ်းချဉ်သီးသည် အမျိုးသမီးများအတွက် အမှန်တကယ် အာနိသင် ထက်မြက်သည့် သက်စောင့်ဆေးဝါး တစ်မျိုးဟု သုတေသီများက ညွှန်းဆိုလိုက်သည်။ အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။ သုတေသီများသည် အသက်(၅၅)နှစ်အထက် အမျိုးသမီးကြီး (၇၀)တို့၏ ဟော်မုန်းဓာတ် အခြေအနေကို တိုင်းတာကာ စမ်းသပ်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ ခရမ်းချဉ်သီး ဖျော်ရည်ကို တစ်နေ့လျှင် တစ်ခွက်နှုန်းမျှ ပုံမှန်သောက်သုံးပေးခြင်းသည် ရင်သားကင်ဆာ ကင်းဝေးစေမည့် အကောင်းဆုံး ကြိုတင်ကာကွယ်နည်းတစ်ခုဟု သိရှိရသည်။

အမေရိကန်မှ သုတေသီများက “ခရမ်းချဉ်သီး ဖျော်ရည်ချည်းပဲ သောက်ရမယ်လို့ မဆိုလိုပါဘူး။ ခရမ်းချဉ် သီးကို ပုံစံအမျိုးမျိုးနဲ့ စားသုံးတာ၊ ခရမ်းချဉ်သီး ပါဝင်တဲ့ တခြား အစားအသောက်တွေ စားသုံးတာကလည်း တူညီတဲ့ အကျိုးသက်ရောက်မှုမျိုး ရှိပါတယ်။ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး ခရမ်းချဉ်သီးရဲ့ အကျိုးအာနိသင်တွေကတော့ ရှင်းလင်းခိုင်မာလွန်းတဲ့ တွေ့ရှိချက်တွေလို့ ဆိုနိုင်ပါတယ်”ဟုထောက်ခံပြောဆိုခဲ့သည်။ ပုံမှန်အားဖြင့် တစ်နေ့လျှင် တစ်ခွက်မျှ သောက်သုံးပေးခြင်းဖြင့် ဖူလုံသော Lycopene ပမာဏကို ရရှိစေမည်ဖြစ်သည်။ ယင်းသည် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသည့် ဟိုမုန်းဖွဲ့ စည်း မှုတွင် အကျိုးဖြစ်ထွန်းသည့် ဓာတ်တစ်မျိုး ဖြစ်သည်။

Lycopeneသည် ခရမ်းချဉ်သီးတွင် ပေါကြွယ်ဝစွာ ပါဝင်လေ့ရှိသည်။ ယခင်သုတေသန ရလဒ်များက ယင်း ဓာတ် ပစ္စည်းသည် အမျိုးသားများတွင် ဆီးကြိတ်ကင်ဆာ မဖြစ်နိုင်အောင် ကာကွယ်ပေးကြောင်းလည်း ညွှန်ပြနေခဲ့သည်။ နယူးဂျာစီရှိ ရတ်ဂျာစ် တက္ကသိုလ်မှ ပညာရှင်များက အမျိုးသမီးကြီး (၇၀)တို့၏ ဟိုမုန်းများ ကို တိုင်းတာခဲ့သည်။ စမ်းသပ်မှုတွင် ပါဝင်သူ အားလုံးသည် ကိုယ်အလေးချိန် လွန်ကဲသူများ၊ သို့မဟုတ် ရင်သားကင်ဆာဝေဒနာရှင်များနှင့် ဆွေမျိုးတော်စပ်သူများဖြစ်ကြသည်။ ယင်းအခြေအနေများသည် ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေသည်။

Lycopene ကြွယ်ဝသော ခရမ်းချဉ်သီးဖျော်ရည်များကို ပုံမှန်သောက်သုံးသည့်အခါ Adiponectin ဟော်မုန်း ပိုမိုဖွံ့ဖြိုးလာသည်ကို တွေ့ရသည်။ ယင်းဟော်မုန်းသည် ပိန်သွယ်သော အမျိုးသမီးများတွင် ပိုမိုများပြားပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ဟန့်တားနိုင်သည့် သဘာဝရှိသည်။နေ့စဉ်ပုံမှန် ခရမ်းချဉ်သီးဖျော်ရည် သောက်သည့်အခါ (၁၀)ပတ်အကြာတွင် စမ်းသပ်မှု၌ ပါဝင်သူ အားလုံး၏ Lycopene ပမာဏသည် ယခင်ထက် ပျမ်းမျှ(၉)ရာခိုင်နှုန်းဝန်းကျင် တိုးပွားလာသည်ကို တွေ့ရသည်။ သုတေသီ တစ်ဦးဖြစ်သူ အဒါနာလာနော့စ်က “ဒီတွေ့ရှိချက်ဟာ အဝလွန်မှုနဲ့ ရင်သားကင်ဆာ ကာကွယ်မှုတွေမှာ အရေးကြီးတဲ့ အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ခရမ်းချဉ်သီးနဲ့ ဆက်နွယ်တဲ့ အစားအသောက်တွေကို များများစားပေးတဲ့အခါ ကျန်းမာရေးအတွက် လျော်ကန်သင့်တင့်တဲ့ ကိုယ်အလေးချိန်မျိုး ထိန်းညှိထားနိုင်သလို ရင်သားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တဲ့ ကောင်းကျိုးမျိုး ရရှိပါလိမ့်မယ်”ဟု ရှင်းလင်းပြော ဆိုသွားသည်။

........................
Myanmar Network