အပူလောင်ခြင်းကို အမြန်သက်သာပျောက်ကင်းစေမည့် အလွယ်ကူဆုံး နည်းလမ်း (၅) ခု - Kharann Media

Breaking

အပူလောင်ခြင်းကို အမြန်သက်သာပျောက်ကင်းစေမည့် အလွယ်ကူဆုံး နည်းလမ်း (၅) ခု



၁။ သွားတိုက်ဆေး
အလွန်ရိုးရှင်းတဲ့ အိမ်တွင်းသဘာဝနည်းလမ်းပါ။ အရင်ဆုံး အပူလောင် ဒဏ်ရာကိုရေအေးနှင့်ဆေးပါ။ ပြီးရင်တော့ မျက်နှာသုတ် ပဝါနှင့် ခြောက်သွားသည်အထိသုတ်ပေးပါ။ခြောက်သွားရင် အပူလောင်တဲ့နေရာကို သွားတိုက်ဆေးနှင့် လိမ်းပေးပါ။လိမ်းပြီးတဲ့အခါမှာ အချိန်ကြာကြာ ထားနိုင်သလောက်ထားပေးပါ။

၂။ ရှာလကာရည်
ရှာလကာရည်မှာ အပူလောင်ဒဏ်ရာတွေကို အမြန်ဆုံးသက်သာစေတဲ့ PHဂုဏ်သတ္တိ မြောက်မြားစွာပါဝင်ပါတယ်။အဝတ်ပါးစတစ်ခုကို ရှာလကာရည်ထဲမှာစိမ်ထားပြီး အပူလောင်တဲ့ နေရာမှာ နာရီဝက်ခန့်ကြာအောင် ကပ်ထား ပေးပါ။ဒါမှမဟုတ် ရှာလကာရည်ကို ဂွမ်းစလေးနဲ့စွတ်ပြီး သုတ်လိမ်းပေးပါ။

၃။ ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပပ်အနှစ်တွေကို အပူလောင်တဲ့ ဒဏ်ရာထဲစိမ့်ဝင် သွားအောင်လိမ်းပြီးတစ်နာရီခန့် ထားပေးပါ။ ပြီးရင်တော့ ရေအေး နှင့်ဆေးချပေးပါ။

၎။ နို့ (milk)
နို့ရည်သည် အပူလောင်ဒဏ်ရာကို သက်သာစေတဲ့ အကောင်းဆုံး သဘာဝနည်းလမ်းတစ်ခုပါ။အပူလောင်ဒဏ်ရာကို နို့ရည်ထဲမှာ ၁၅-၂၀မိနစ်အထိ စိမ်ထားပေးပါ။ဒါမှမဟုတ် အဝတ်ပါးလေးတစ်ခုကို နို့ရည်ထဲမှာ နှစ်ပြီး အပူလောင်ထားတဲ့နေရာမှာ ကပ်ထားပေးပါ။ တစ်နေ့ ၂ ကြိမ်ပြုလုပ်ပေးခြင်းဖြင့် အပူလောင်ခြင်းမှ အမြန်ဆုံးသက်သာသွားပါလိမ့်မယ်။

၅။ ဆားဖျော်ရည်
ဆားလက်ဖက်စားဇွန်း (၂)ဇွန်း နှင့် ရေ အနည်းငယ်ကိုရောစပ်ပြင်ဆင်ပေးပါ။အပူလောင်ဒဏ်ရာကို အဆိုပါဆားရည်နှင့် ၂နာရီတစ်ခါ တစ်နေ့ သုံးကြိမ် ဆေးကြောပေးခြင်းဖြင့် သိသိသာသာ သက်သာလာပါလိမ့်မယ်။

မြ၀တီ