သင် အိမ်ထောင်ဖက်ရွေးချယ်တာ မှန်ကန်ကြောင်း ဖော်ပြနေတဲ့ အချက်များ - Kharann Media

Breaking

သင် အိမ်ထောင်ဖက်ရွေးချယ်တာ မှန်ကန်ကြောင်း ဖော်ပြနေတဲ့ အချက်များ



အိမ်ထောင်ရေးမှာ ကောင်းတဲ့အချိန် နဲ့ ဆိုးတဲ့အချိန်ဆိုတာ ရှိပါတယ်။ ကောင်းတဲ့အချိန်မှာ ခင်ပွန်းအပေါ် ယုံကြည်နေပြီး ဆိုးတဲ့အချိန်မှာတော့ သင်ရွေးချယ်မှုမှားပြီးလားဆိုပြီး တွေးနေတတ်ကြပါတယ်။ သင့်စိတ်ထဲက သင်အိမ်ထောင်ဖက်ရွေးချယ်တာ မှားလား မှန်လား ဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားဖို့အတွက် ဒီအကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အိမ်အလုပ်ကူပေးဖို့ပြောနိုင်တယ်

အိမ်ထောင်ကျသွားပေမယ့် မိန်းမအလုပ် ၊ ယောကျာ်းအလုပ် ဆိုပြီး ခွဲထားတာမျိုးမရှိဘဲ သင့်အလုပ်တွေကိုလည်း ကူညီပေးတတ်ပါတယ်။ သင့်ဘက်ကလည်း အိမ်အလုပ်ကူပေးဖို့ ပွင့်ပွင့်လင်းလင်းတောင်းဆိုနိုင်သလို သင့်ခင်ပွန်းကလည်း အိမ်အလုပ်တွေကိုကူလုပ်ပေးတတ်ပါတယ်။ ဒါကတော့ သာယာတဲ့ Relationship တစ်ခုဖြစ်ပါတယ်။ ဒီအချက်က သင်ရွေးချယ်တာမှန်သွားပါပြီ။

(၂) Good Listener တစ်ယောက်ဖြစ်တယ်

သင် အိမ်ထောင်ရေးအတွက် ရွေးချယ်တာမှန်ကန်ကြောင်းပြနေတဲ့အချက်ကတော့ သင့်ခင်ပွန်းက Good Listener တစ်ယောက်ဖြစ်နေတယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။ သာယာတဲ့ အိမ်ထောင်ရေးမှာ သင့်ခင်ပွန်းက သင့်ပြောသမျှတွေကို ဝေဖန်တာတွေမရှိဘဲ ကောင်းကောင်းနားထောင်ပေးနိုင်တဲ့ Good Listener တစ်ယောက်ဆိုရင် သင့်ရွေးချယ်မှုမှန်ကန်ပါတယ်။

(၃) ဟာသဥာဏ်ရွင်တယ်

ဟာသဥာဏ်ရွင်တဲ့ ယောကျာ်းမျိုးကို ရွေးချယ်ထားရင်တော့ သင်ရွေးချယ်မှုမှန်ပါတယ်။ သင့်အိမ်ထောင်ရေးက အမြဲ ပျော်ရွှင်နေပြီး ရယ်သံတွေနဲ့ပြည့်နေတယ်ဆိုတာက အချစ်တွေနဲ့ ဟာသဥာဏ်တွေပြည့်နေလို့ဖြစ်ပါတယ်။ စိတ်ဖိစီးတွေရှိနေရင်တောင် သင့်ခင်ပွန်းရဲ့ ဟာသဥာဏ်ကြောင့် သင်ပျော်ရွှင်ရမှာပါ။

(၄) သင့်ကို အရာရာမှာ ဦးစားပေးတယ်

အလုပ်နဲ့ ကလေးတွေ ရှိနေတောင်မှ ဒီနှစ်ခုထက် သင့်ကိုဦးစားပေးတယ် ဆိုရင် ရွေးချယ်မှုမှန်ကန်ပါတယ်။ အလုပ် နဲ့ ကလေးထက် ဦးစားပေးခံရတဲ့အထိ သင့်အပေါ်ချစ်တဲ့အချစ်တွေက ပိုပါတယ်။

(၅) ပွေ့ဖက်ပေးတယ်

လက်ကိုင်တာ ၊ နမ်းတာ ၊ ပွေ့ဖက်တာ စတဲ့ ဒီလိုရိုးရှင်းတဲ့အရာတွေကလည်း သင့်စိတ်ညစ်နေချိန်မှာတော့ အရမ်းကိုအဓိပ္ပာယ်ရှိပါတယ်။ အိမ်ထောင်ရေးမှာလည်း ဒီလိုရိုးရှင်းတဲ့အရာတွေက လိုအပ်ပါတယ်။ ဒါကြောင့် တကယ်လို့ သင့်ခင်ပွန်းက အိမ်ထောင်ပြုပြီးတောင်မှ ဒီလိုရိုးရှင်းတဲ့အရာတွေကို လုပ်ပေးနေတုန်းဆိုရင် သင့်ရွေးချယ်မှုမှန်ကန်ပါပြီ။

Credit : Aunty may