ကားဒက်ဘုတ်ပေါ်မှာ ဘုရားဆင်းတု၊ အရုပ်၊ ရေမွှေးပုလင်း ဘာတစ်ခုမှ မတင်ပါနဲ့ - Kharann Media

Breaking

ကားဒက်ဘုတ်ပေါ်မှာ ဘုရားဆင်းတု၊ အရုပ်၊ ရေမွှေးပုလင်း ဘာတစ်ခုမှ မတင်ပါနဲ့

ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ အရုပ်တွေတင်တာ၊ ဘုရားဆင်းတုတော်တွေ တင်ကိုးကွယ်တာ၊ အမွှေးနံ. ပုလင်းတွေ တင်တာ၊ ဖုန်းတင်တဲ့ စင်တွေတင်တာ၊ ပန်းအိုးလေးတွေတင်တာ၊ ဖန်စီ်ပစ္စည်းအလှအပတွေ ဆင်တာ၊ အပေါ်ကနေ အခြားအစွပ် အအုပ်တွေအုပ်တာ တွေ တော်တော်လေးတွေ.လာရပါတယ်၊ ဟိုးတလောလေးကဆို နတ်ရုပ်တွေ ပန်းတွေ၊ ဘုရားဆင်းတုတော်တွေ ကို ကားဒက်ဘုတ်အပြည့် တင်ပြီး ကိုးကွယ်ထားတာတွေများလာပါတယ် ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေ လုံးဝ(လုံးဝ)ကိုတင်မထားသင့်ပါဘူး၊ ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေတင်တယ်ဆိုတာ အရမ်းအန္တရာယ်များပါတယ်။

ဘာကြောင့် ကား ဒက်ဘုတ် (Dashboard) ပေါ်ပစ္စည်းတွေ မတင်သင့်လဲဆိုရင်တော့ ကားမှာပါဝင်တဲ့ SRS AirBag (Supplemental Restraint System ) ဆိုတဲ့ အသက်ကယ်လေအိတ်တွေကြောင့်ပါပဲ။ အခုနောက်ပိုင်းပေါ် မော်ဒယ်မြင့် ကားတွေမှာ Airbag (လေအိတ်)တွေက အနည်းဆုံး ၂ လုံးကနေ ၄ လုံး ၆ လုံး ၈ လုံးအစရှိသဖြင့် ပါဝင်ပါတယ် ။ အခုခေတ် ဘယ်ကားမှာမဆို ကားရှေ.မှာ ထိုင်နေတဲ့ Driver နဲ. Passenger အတွက် ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ Airbag ၂ ခုတော့ အနည်းဆုံးတပ်ဆင်ထားပါတယ် ။

Airbag System ဘယ်လို အလုပ်လုပ်သလဲ ?


Airbag System တခုဘယ်လိုအလုပ်လုပ်သလဲဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ ပစ္စည်း အစိတ်အပိုင်းတွေ အကုန် စုပေါင်းအ လုပ်လုပ်ပါတယ် ၊ ပထမဆုံး Crash Sensor က ယာဉ်တိုက်မှုဖြစ်တဲ့အခါ တိုက်မှုဖြစ်သွားတဲ့ အရှိန်နဲ.ပြင်းထန်မှုတွေကို တွက်ဆပြီး Airbag Control Unit ကို သတင်းပို.ပါတယ် ၊ အဲ့ကနေမှတဆင့် Airbag အတွင်းပိုင်းက Chemical ပစ္စည်းတွေကို Reaction တခု သက်ရောက်စေပြီး လေအိတ်တွေကို ဖောင်းကားပွင့်ထွက်စေပါတယ် ။

ပုံမှန်အားဖြင့် Crash Sensor တွေကို Mass-Type Sensor နဲ. Roller -Type Sensor တွေကို အသုံးများကြပြီး ကားရဲ. အရှေ.ဘန်ဘာတန်းနဲ. ကားအင်ဂျင်တွေရဲ. ကြားထဲမှာတပ်ဆင်ထားလေ့ရှိပါတယ်။ ဒီလောက်ဆိုရင် ကား Airbag System တခု ဘယ်လို အလုပ်လုပ်သလဲဆိုတာ အကြမ်းမျဉ်နားလည်သွားမယ်ထင်ပါတယ် ၊ ဒီလိုနားလည်သွားမယ်ဆိုရင် ကားဒက်ဘုတ်ပေါ်မှာ ဘာကြောင့် ပစ္စည်းတွေ မတင်သင့်လဲဆိုတာ အလိုလိုနားလည်သွားလောက်ပါပြီ။

ကားလေအိတ်တွေ ပွင့်ထွက်လာတယ်ဆိုတာ အများထင်သလို လေအိတ်ထဲ လေတွေအေးအေးဆေးဆေးဝင်လာတာမျိုး မဟုတ်ပါဘူး ၊ အန္တရာယ် ဖြစ်တဲ့ အချိန် အကာအကွယ်ရဖို.အတွက် လေအိတ်ရဲ.အတွင်းပိုင်းမှာ အရမ်းကို လျှင်မြန်တဲ့ အရှိန်နဲ.ဓာတုဗေဒပေါက်ကွဲမှုတွေဖြစ်စဉ်တွေဖြစ်ပြီး လေအိတ်ဖောင်းကားပွင့်ထွက်လာတာမို. ၊ကားဒက်ဘုတ်ပေါ်မှာ တင်ထားတဲ့ပစ္စည်းတွေဟာ လေအိတ်နဲ.အတူလွင့်စင်ထွက်ပြီး ကားအတွင်းပိုင်းမှာရှိတဲ့ လူတွေကို အသက်အန္တရာယ်ထိခိုက်သည်အထိ အန္တရာယ်ပေးနိုင်ပါတယ်။

ဒီပစ္စည်းတွေက လူတွေကို မထိခိုက်မိဘူးဆိုရင်တောင် လေအိတ်ပွင့်တဲ့ ဖြစ်စဉ်ကို အနှောက်အယှက်ပေးနိုင်တာမို. ယာဉ်တိုက်မှုဖြစ်စဉ်မှာ ကားအတွင်းပိုင်းက လူတွေအတွက် အကာအကွယ်တွေ လျော့နည်းသွားနိုင်ပါတယ် ။ ဒါကြောင့် ကားဒက်ဘုတ်ပေါ်မှာ အမျိုးမျိုးသော ပစ္စည်းတွေတင်အသုံးပြုတာဟာ အလွန်မှားယွင်းပြီး အန္တရာယ်များလှတဲ့ အပြုအမူ တခုပါ ။

နောက်တချက် အထူးသတိပေးမှုအနေနဲ. ပြောချင်တာက ကား Seat Belt ဆိုတဲ့ ထိုင်ခုံခါးပတ်ပါ ၊ ယာဉ်တိုက်မှုဖြစ်စဉ်မှာ အဓိက အကာကွယ်ပေးတာက ထိုင်ခုံခါးပတ်ဖြစ်ပါတယ် ၊ကားမှာပါတဲ့ လေအိတ်မဟုတ်ပါဘူး ၊ ကျနော်အပေါ်မှာလည်း ရှင်းပြထားသလို. Airbag System ကို SRS airbag လို.ခေါ်ရတဲ့ အကြောင်းကလည်း အဲ့ဒါပါပဲ ၊ အသက်ကယ် အစီအစဉ် ရဲ. အဓိက တာဝန်ကို ထမ်းဆောင်တာ Airbag မဟုတ်ပါဘူး ၊ ဒီကောင်ကအရံအနေနဲ. တာဝန်ထမ်းဆောင်တာပါ ။

ကားထိုင်ခုံ ခါးပတ်မပတ်ဘဲ၊ ကားတိုက်မှုဖြစ်လို. လေအိတ်တွေပွင့်တယ်ဆိုရင် ကားရဲ.ရွေ.လျားနေတဲ့ အရှိန်နဲ. လိုက်ပါ နေတဲ့ လူကို ရုတ်တရက် ဖမ်းထိန်းချုပ် ထားမယ့် ခါးပတ်မရှိတဲ့ အတွက် အရှိန်ထိန်းမထားနိုင်ဘဲပြင်းထန်စွာ ပွင့်ထွက် လာတဲ့ လေအိတ်တွေနဲ. စောင့်မိပြီး ဇက်ကျိုးတာ၊ နံရိုးတွေကျိုးတာတွေ ဖြစ်နိုင်ပါတယ်။ ကျနော့် အသိမိတ်ဆွေ တယောက် ဆိုရင်လည်း အမြန်လမ်းမှာ ကားမှောက်တာ လေအိတ်တွေပွင့်ပါလျှက် ထိုင်ခုံခါးပတ် မပတ်မိလို. သူ.ကား ယာဉ်မောင်းရော၊ သူကိုယ်တိုင်ပါ အသက်ဆုံးရှုံးမှုဖြစ်ခဲ့ဖူးပါတယ်။

ဒါကြောင့် စာဖတ်သူမိတ်ဆွေတွေအနေနဲ. ကားမောင်းမယ် ၊ ကားစီးမယ်ဆိုရင်
၁။ ထိုင်ခုံခါးပတ်ပတ်ကြပါ။
၂။ ကားဒက်ဘုတ်ပေါ်မှာ ပစ္စည်းတွေတင်တဲ့ အကျင့်ကို စွန်.လွှတ်ကြပါ။
၃။ အရှိန်တင် အလွန်အကျွံ မောင်းနှင်တာမျိုး မလုပ်ဘဲ သတိနဲ့မောင်းနှင်ကြပါ။

.................
burmese.asia