မီတာ အရမ်းလည်တာမြန်နေလို့ စိတ်ပူနေလား..စမ်းသပ်နည်းတွေရှိပါတယ် - Kharann Media

Breaking

မီတာ အရမ်းလည်တာမြန်နေလို့ စိတ်ပူနေလား..စမ်းသပ်နည်းတွေရှိပါတယ်



ကိုယ့်အိမ်က မီတာ အရမ်းလည်မြန်နေလို့ စိတ်ပူနေလား စမ်းသပ်နည်းတွေရှိတယ်…မီတာခနဲ့ ချိန်ပြီး သုံးချင်လား ဒါလေးသိမှဖြစ်မယ်…..

ဥပမာ တစ်ယူနစ်ကို ၅၀ကျပ်ဆိုရင် အဲ့၅၀ဖိုးပဲသုံးချင်တယ် အိမ်ကမီးချောင်း ဘယ်နှစ်နာရီ ဖွင့်ခံမလဲ ဆိုတာမျိုးပေါ့…..

မီတာမှာ တစ်ယူနစ်တက်အောင် ဒီပစ္စည်းလေးကို ဘယ်လောက်ကြာကြာ သုံးရင်တက်လဲ သုံးရမလဲ.

ပေးလိုက်ရတဲ့မီတာခ ဟုတ်မှဟုတ်ရဲ့လား. TVလေးတစ်နေ့မှ တစ်နာရီလောက်ကြည့်တာ ငွေအား ဖြင့် ဘယ်လောက်ကုန်သွားလဲ…..

စက်ပြင်ဆရာတွေ တစ်နေကုန် ခဲဂေါက်ထိုးထားတယ် unit ဘယ်လောက်တက်သွားမလဲ….

တစ်ချို့ ဆိုင်ခန်းငှါးတဲ့ အဒေါ်ကြီးတွေက စက်ပြင်ဆိုင်ဆို မီတာခ အရမ်းကျတယ် ထင်နေတာ ဘယ်လိုပြန်ပြောပြရပါမလဲ…..

စတာတွေကို လူအများရှင်းအောင် နည်းပညာပိုင်းကို သိပ်အလေးမပေးဘဲ ပြောကြည့်ချင်ပါတယ်….

မီးပူကို တစ်နာရီ ဆက်တိုက် တိုက်ရင် မီတာမှာ တစ်ယူနစ် 1 unit တက်မယ် (အော်တိုပိတ်ပိတ်သွားချိန်မပါ)….

ဘာဖြစ်လို့လဲဆိုတော့ မီးပူဟာ Watt 1000 ရှိလို့…..

Watt 1000 ရှိတဲ့ပစ္စည်းကို တစ်နာရီကြာအောင်သုံးရင်…..

တစ်ယူနစ် တက်တယ်

အဲ့ဒါက ဖော်မြူလာပဲ 1000 watt × တစ်နာရီ = 1 unit…

တစ်နာရီကို unit ဘယ်လောက်တယ်တယ် သိရင်…..

နှစ်နာရီသုံးတယ်ဆို ၂ နဲ့မြောက်ပေါ့…

သုံးနာရီသုံးတယ်ဆို ၃ နဲ့မြောက်ပေါ….

အလွယ်လေး မခက်သေးဘူးနော်…..

ဒါဆို ကိုယ်မီးပူတိုက်နေတာ ဘယ်နှစ်နာရီဆို ဘယ်နှစ်ယူနစ်တက်မလဲ သိပြီပေါ့…..

ဟုတ်ပြီ ကျွန်တော် ကျွန်မ ခုသုံးနေတဲ့ ပစ္စည်းက watt 1000 မှ မဟုတ်တာဗျာ….

အိမ်မှာ လေးပေ မီးချောင်း တစ်ချောင်း ထွန်းထားတယ် အဲ့လေးပေ မီးချောင်းက Watt 40 ပဲ ရှိတာ..

ဘယ်နှစ်နာရီ ထွန်းထားရင် တစ်ယူနစ်တက်မလဲ ပိုက်ဆံဘယ်လောက် ကုန်မလဲ…

ဟုတ်ပြီ ကျွန်တော်တို့ သိချင်တာ ၃ မျိုး ရှိတယ်၊ မီတာမှာ unit ဘယ်လောက် တက်သွားလဲ အချိန်တစ်ခုအားဖြင့် ထွန်းထားတယ် ငွေဘယ်လောက် ကုန်သွားပြီလဲ…..

တစ်ယူနစ် မီတာမှာ တက်အောင် ဘယ်လောက်ကြာကြာ သုံးရမလဲ စတဲ့ အချိန်ရယ် ငွေရယ် ယူနစ်တက်သွားတာရယ်….

အဲ့မှာ ငွေကုန်ကြေးကျ တွက်တာက မီတာယူနစ်တက်သလောက် ငွေကုန်တာမို့ မီတာယူနစ် ဘယ် လောက် တက်သလဲ ဆိုတာကိုပဲ အရင်တွက်ရမယ်….

်ပြီးမှ တစ်ယူနစ်မီတာခနဲ့ မြောက်ပေါ့ ဟုတ်ပြီ ပြောနေတာတွေ ရှုပ်တယ်ညအလွယ်ပဲပြောမယ်ဗျာ…

ကိုယ်သုံးမယ့်ပစ္စည်းရဲ့ Watt ကို 1000 နဲ့စားရင် တက်သွားမယ့် ယူနစ်ရမယ်…..

(တစ်နာရီသုံးရင် အဲ့လောက်တက်မယ်လို့ ဆိုလိုတာ) အဲ့ Watt ကို 1000 နဲ့ စားတာကို ပြောင်းပြန် ပြန်တွက်လိုက်….

1000 ကို Watt နဲ့ပြန်စားလိုက် လို့ပြောတာ အာ့ဆို unit မရတော့ဘူး မီတာမှာ တစ်ယူနစ်တက်အောင် ဘယ်လောက်ကြာကြာ သုံးလို့ရ မလဲ ဆိုတဲ့ အချိန်ကို ရတယ်ဗျာ…….

အဲ့တော့ ဒီလို မှတ် 1000 (နဲ့) စားရင် ယူနစ် ရတယ် …..1000 (ကို) စားရင် အချိန် ရတယ်

ဥပမာ အပေါ်က ၄ ပေမီးချောင်း Watt 40 အဲ့ Watt 40 ကို 1000 (နဲ့) စား 40÷1000 = 0.04 unit ရတယ်……

အဲဒါဟာ ၄ ပေမီးချောင်းကို တစ်နာရီထွန်းရင် မီတာမှာ တက်မယ့်ယူနစ် 0.04 ရတယ် unit ရပြီဆို ပိုက်ဆံသိချင်ရင် တစ်ယူနစ်ကို၅၀ ဆို 0.04 × ၅၀ ပေါ. တစ်ယူနစ်ကို ၇၀ဆို 0.04 × ၇၀ ပေါ. မြောက်ကြည့်ကြပေါ့…..

နောက်တစ်နည်းက အပေါ်ကတွက်နည်းကို ပြောင်းပြန်လှန် 1000 (ကို) Watt 40 နဲ့စား 1000 ÷ 40 = 25 နာရီ ရတယ် အဲ.ဒါက ၄ ပေ မီးချောင်းကို ၂၅ နာရီကြာအောင်ထွန်းမှ မီတာမှာ တစ်ယူနစ်ပဲ တက်မယ်လို့ ဆိုလိုတာပဲ……

ဥပမာ ဘုရားစင်မှာထွန်းလေ့ရှိတဲ့ 5 Watt မီးသီး အစိမ်းလေးကို ထွန်းမယ်ဆိုရင် 1000 ÷ 5 = နာရီ ၂၀၀ လောက်ကြာအောင်ထွန်း ထား မှ မီတာမှာ တစ်ယူနစ်ပဲ တက်မှာပါ…..

အဲတော့ 1000 နဲ့စားတော့ ယူနစ်ပြ ပြောင်းပြန်လှန်တော့ အချိန်ရ ဒါလေး နဲ့တင် အများပြည်သူ သိရတွက်ရအဆင်ပြေလှ အင်း နည်း နည်း အဆင့်မြှင့်ကြည့်မယ်ဗျာ နာရီဝက်ပဲ မီးချောင်းထွန်း ရင်ကောဗျာ…..

၁၅ မီးနစ်ပဲ သုံးမယ်ဆိုရင်ကောဗျာ အာ.ဆို နည်းနည်းလေးတော့ ရှုပ်ပြီဗျ Watt ကို 1000 နဲ့စားလို့ ရတာကို နာရီဝက်ပဲ သုံးရင် 1/2 နဲ့ ထပ်မြောက်ဗျ ဘာလို့ဆို နာရီဝက်က တစ်နာရီရဲ့ နှစ်ပုံပုံရင် တစ်ပုံဖြစ် နေလို့……

၁၅မီးနစ်ပဲ သုံးတယ်ဆိုပြီး ၁၅နဲ့သွားမြေက်လို့မရဘူးဗျ ၁၅မီးနစ်သည် တစ်နာရီရဲ့ လေးပုံတစ်ပုံဖြစ်လို့ 1/4 နဲ့ထပ်မြောက်ဗျ…..

အသုံးပြုချိန်က နာရီနဲ့ပဲ တွက်ရလို့ဗျ မီးနစ်နဲ့တွက်ရင် killowatt hour ဆိုတဲ့ unit မရတော့လို့ပါ….

killowatt ဆိုတာကလည်း အခြားမဟုတ်ဘူးဗျ ကိုယ်သုံးတဲ့ပစ္စည်းရဲ့ watt ကို 1000 နဲ့စားလိုက်တဲ့ဖြစ်စဉ်ကို ပြောတာဗျ……

မူရင်းတန်ဖိုးက watt အာ.ဒါကို 1000 နဲ့စားလိုက်တော့ killowatt ဖြစ်လာတာပေါ. သဘောက resistor တန်ဖိုး ထောင်ကျော် တဲ့အခါ 1200အုမ်းလို့ ဘယ်မှာခေါ်လို့လဲ…..

1.2 K လို့ပဲ ခေါ်ကြတာ အဲ့ဒါလည်း 1000 နဲ့ စားလိုက်တာပဲလေ ကီလိုဖွဲ့လိုက်တယ်ဆိုပါစို့ဗျာ အဲ့ သဘော ပဲ Watt ကို 1000 နဲ့စားလိုက် တာလည်း ကီလိုဖွဲ့လိုက်သလိုပဲမို့ killowattရယ်လို့ဖြစ်လာ တာ…….

အဲ့ကီလိုဝပ်ကို နာရီနဲ့ထပ်မြောက်လို့ ကီလိုဝပ်နာရီ KWh = unit တန်ဖိုးဖြစ်လာတာ အဲ့တော့ သုံးစွဲ ပစ္စည်းရဲ့ Watt ကို 1000 နဲ့စား သုံးစွဲချိန် နာရီနဲ့ မြောက် တစ်လကုန် မီတာဘယ်လောက်တက်လဲ သိချင်ရင် ရက်ပေါင်း ၃၀ နဲ့ ထပ်မြောက် မီတာမှာ တိုက်ကြည့်ပေါ့……

မီတာအရမ်းလည်မြန်နေလို့မသင်္ကာရင်မီးပူတစ်နာရီတိုက်လို့တစ်ယူနစ်ပဲတက်တယ်ဆိုပုံမှန်ပဲ ပေါ.အထဲကဖွဲ့စည်းပုံကြောင့်လည် နှုန်း နှေးတာမြန်တာ ကိုယ့်အလုပ် ဟုတ်ဘူးလေ……

တစ်ယူနစ်ကို ၅၀ကျပ်ဆိုရင် ၅၀ကို မီးနစ်၆၀နဲ့စား တစ်မီးနစ်ကို ပြား၈၃ပြားလောက် ကျတယ်ပေါ. အဲ့တော့ ဘယ်လောက်ဖိုး သုံးမလဲ ကြာကြာသုံးရင် များများကုန်မယ် များများသုံးရင် မြန်မြန်ကုန်မယ် 1000(နဲ့)စားရင်unit ရမယ် 1000(ကို)စားရင်အချိန်ရမယ် ဒါလေး ပါပဲ…….

credit(နေဝင်းအီလက်ထရောနစ်)