
ကိုယ့်အနီးအနားမှာရှိတဲ့ အမျိုးသမီး သူငယ်ချင်း တချို့ကို မြင်ဖူးတွေ့ဖူးကြပါလိမ့်မယ်။ လူကလည်း ကြည့်လို့ကောင်းသလို လှပပြီးကျက်သရေပြည့်ဝနေမယ်။ သို့ပေမယ့် ချစ်သူရည်စားထားဖို့၊ အိမ်ထောင်ပြုသားမွေးလုပ်ဖို့ စိတ်မဝင်စားဘဲ အချစ်ကိုမရှာဖွေဘဲ တစ်ကိုယ်ရည်သာနေလိုတဲ့သူမျိုးတွေပေါ့လေ။ ရုပ်ချောဉာဏ်ကောင်းလေ တစ်ကိုယ်တည်းနေဖို့ပိုစိတ်ပါတဲ့ အမျိုးသမီးတွေရဲ့ သဘောထား က ဘယ်လိုပဟေဠိတွေများရှိနေမလဲ အခုဖော်ပြပေးမှာပါ။
လွတ်လပ်တယ် အမှီအခိုကင်းတယ်
ခေတ်မီအမျိုးသမီးတွေရဲ့အတွေးအမြင်တွေကပြောင်းလဲသွားခဲ့ပါပြီ။ အရည်အချင်းအရ အမျိုးသားတွေထက် ပိုပြီးသာလွန်တဲ့အမျိုးသမီးတွေရပ်တည်လာနိုင်ကြပါပြီ။ ခွန်အားသုံးရမယ့်အလုပ်တွေအတွက် ယောက်ျးလေး အားကိုးရမယ်ဆိုတဲ့ အယူအဆတွေထက် ဝန်ဆောင်မှုပေးတဲ့ဆီ ဖုန်းဆက်ခေါ်ပြီး ငွေပေးလိုက်ရုံက ယောက်ျားယူရတာထက် ပိုအဆင်ပြေတယ်လို့တွေးကြပါတယ်။
ကိုယ့်ရဲ့အားလပ်ချိန်ကို တန်ဖိုးထားတယ်
ရုံးလည်းတက်ရသေး… ပြန်လာရင်လည်း အိမ်မှာ ယောက်ျားနဲ့ကလေးတွေအတွက် ထမင်းဟင်းချက်ပြုတ်နေရသေး ဆိုတဲ့ ဘဝအခြေအနေမျိုးကို သူတို့မနှစ်မြို့ကြတော့ပါဘူး။ အားလပ်ချိန်မှာ တစ်ကိုယ်ရည်အတွက် အချိန်ပေးမယ်၊ အလှပြင်မယ်၊ Spa သွားမယ်၊ ဈေးဝယ်ထွက်မယ် စသဖြင့် သူတို့ ဘာလုပ်သင့်လဲရွေးချယ်လာနိုင်ကြတာပါပဲ။
စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်တဲ့သူတွေဖြစ်တယ်
ခေတ်မီအမျိုးသမီးတွေက ပိုပြီးပညာတတ်မြောက်လာကြသလို စိတ်ခံစားမှုတွေကိုလည်း အလွယ်တကူ ကိုင်တွယ်တတ်လာကြပြီ။ ကိုယ့်ကိုမချစ်တော့တဲ့သူနဲ့ ကိုယ့်ကိုလေးစားမှုမထားတဲ့သူနဲ့ အတူနေမယ့်အစား သူတို့လောက်ထက်မြက်တဲ့ ဉာဏ်ရည်နဲ့ သူတစ်ပါးအပေါ်လေးစားမှုရှိသူတွေကို ပိုပြီးရွေးချယ်လာတတ်ကြတာပါ။
လက်မထပ်ဘဲ အတူနေခြင်း
ဒီခေတ်မှာက လက်မထပ်ဘဲ အတူနေခြင်းကလည်း အမျိုးသမီးတွေရဲ့ဘဝမှာ ပိုမိုရွေးချယ်ချင်စရာ အခြေအနေတစ်ခုလည်းဖြစ်လာပါတယ်။ လူတွေရဲ့အပြောအဆို အကဲ့အရဲ့ဒဏ်တွေထက် သူတို့အတွက် အရေးကြီးတာ ကိုယ်နဲ့တစ်ဘဝလုံး အဆင်ပြေမယ့်သူ ဟုတ်မဟုတ် သိရဖို့သာအာရုံထားကြတာပါ။ လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ် မဟုတ်လား။
ယောက်ျားတွေကိုယ်တိုင်က ရုပ်ချောပြီးဉာဏ်ကောင်းတဲ့အမျိုးသမီးတွေဆို မချဉ်းကပ်ရဲတော့ဘူး
ဒါက အမျိုးသမီးတစ်ယောက်ကိုမြင်လိုက်ရင် စမတ်ကျလွန်းပြီး ဒီလောက်မိုက်ပြီးကြွရွနေတဲ့ပုံစံဆိုရင်ကို တစ်ကိုယ်ရည်မဖြစ်နိုင်လောက်တော့ဘူးလို့ အမျိုးသားတွေအတွက် တွက်ဆကောက်ချက်ချလိုက်ကြတာပါ။ နောက်တစ်ချက်က ချဉ်းကပ်လိုက်ပြီးမှ အငြင်းပယ်ခံရမှာကို မလိုလားကြတာပါပဲ။
credit : Nanmalgyi