
ဆံပင် တစ်ခါမှ မဖြောင့်ဖူးပါဘူး၊ ဒါပေမယ့် ဆံပင်က ဖြောင့်ထားတဲ့ သူတွေလို ပျော့တယ်၊ ဆံသားပြောင်တယ်၊ စင်းတယ်။ ဘာမှမလုပ်မှတော့ ဘယ်ပျက်စီးမလဲ လို့တော့မထင်နဲ့၊ ဆံပင် ဆေးဆိုးတာတော့ ရက်ရက်စက်စက် ဆိုးတယ်၊ အရောင်မကြိုက်ရင် တစ်လတည်းကို ၃ ခေါက် ၄ ခေါက် လောက်ထိ အရောင် ပြောင်းတယ်၊ ဒါတောင် မပျက်ဆီးဘူး။ အရှည်သန်တယ်။ ခေါင်းလေးပြီး ဇက်ကြော တက်တတ်လို့ အရှည် သိပ်မထားတော့ဘူး …။
တခြားပေါင်းဆေး သိပ်သုံးစရာလည်း မလိုပါဘူး။ ဘာမှလည်း မလိမ်းဘူး။ ဆိုင်မှာလည်း ဆေးတွေနဲ့ လုပ်စရာ မလိုဘူး။ တစ်ပတ် တစ်ခါ ကြက်ဥ၊ ရှားစောင်းဂျယ်လ်၊ သံလွင်ဆီ၊ ပျားရည်နဲ့ ပေါင်းတင်တယ်။ နှစ်ခွ လည်းလုံးဝ မဖြစ်ဘူး။ ဆံပင် ကျွတ်တဲ့သူဆို သံပုရာရည်လေးပါ ထည့်လုပ် နော်။
ရေမချိုးခင် နာရီဝက် ဒါမှ မဟုတ်ရေချိုးခါနီးဆို အဝတ်လျှော်တယ်။ အဲ့အဝတ် မလျှော်ခင်ကတည်းက လိမ်းထားလိုက်တာ အဝတ်တွေလည်း အကုန်လျှော်အပြီး လိမ်းထားတဲ့ အချိန်နဲ့ ကွက်တိပဲ။ တကူးတက အချိန်မပေးရဘဲ အလုပ် ၂ ခု ပြီးပါတယ်။ အရောင်ဆိုးရင် တောင် အရောင်က ပိုပြောင်လက်ပြီးတောက်လာပါတယ်။ ဒါနဲ့ ဖျော်တာ ပိုသွားရင်လည်း မျက်နှာ လိမ်းလို့လဲ ရသေးတယ်နော်။
ပျားရည် ဆေးဆိုင်မှာ ရောင်းတာလည်း စစ်မစစ် စမ်းနည်း ပြောပြမယ်။ ပျားရည် တစ်စက်ကို လက်သည်းခွံ ပေါ် တင်ကြည့်ပါ။ ပျားရည်စက်က အောက်ကို မကျဘူး။ ပိန်းကြာရွက်မှာ ရေတင်သလို အလုံးလေး ဖြစ်နေရင် အဲ့ဒါ အစစ်ပဲ …။
May Zin Aye Thwin