မည်းညစ်နေတဲ့ ပေါင်ခြံနဲ့ ချိုင်းကြားအသားအရေတွေကို ဖြူဖွေးသွားစေမယ့်နည်းလမ်း (၅) သွယ် - Kharann Media

Breaking

မည်းညစ်နေတဲ့ ပေါင်ခြံနဲ့ ချိုင်းကြားအသားအရေတွေကို ဖြူဖွေးသွားစေမယ့်နည်းလမ်း (၅) သွယ်


ပေါင်ခြံတွေ၊ ချိုင်းကြားတွေမည်းနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေတဲ့ ပျိုမေတို့အတွက် ငွေကုန်ကြေးကျခံစရာမလိုတဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။ အိမ်တွင်းနည်းလမ်းနဲ့ သဘာဝပစ္စည်းလေးတွေပဲဖြစ်တာကြောင့် ဓာတ်မတည့်မှာတွေ ပူစရာမလိုပါဘူးနော်။ ပုံမှန်လေးလုပ်ပေးသွားရင် သိသာထင်ရှားတဲ့ ရလဒ်ကိုရရှိမှာပဲ ဖြစ်ပါတယ်နော် …။

(၁) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပပ်အနှစ်ကိုယူပြီး ပေါင်ခြံနဲ့ ချိုင်းကြားအပြင် ဂုတ်၊ ဒူးစတဲ့ မည်းနေတဲ့နေရာအားလုံးကို လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ခန့်ထားပြီး ဆေးကြောပေးလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ်ပုံမှန်လုပ်ပေးပါ …။

(၂) သံပုရို
သံပုရိုသီးကို အရည်ညှစ်ပြီး ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့တို့ကာ မည်းညစ်နေတဲ့နေရာတွေကို လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီး ရေနွေးနဲ့ဆေးကြောပေးလိုက်ပါ။ တစ်နေ့တစ်ကြိမ် လုပ်ပေးနိုင်ပါတယ် …။

(၃) လိမ္မော်ခွံ
လိမ္မော်ခွံကို အခြောက်ခံပြီး ခြောက်သွားတဲ့အခါမှာ အမှုန့်ကြိတ်လိုက်ပါ။ ရလာတဲ့ အမှုန့်ကို ဒိန်ချဉ်အနည်းငယ်ရောပြီး မည်းညစ်နေတဲ့ နေရာတွေကိုလိမ်းပေးလိုက်ပါ။ ခြောက်သွားတဲ့အထိ ထားပြီး ခြောက်သွားတဲ့အခါ ရေစိုအဝတ်နဲ့ သုတ်လိုက်ပါ။ တစ်ပတ် ၂ကြိမ်ပြုလုပ်ပေးနိုင်ပါတယ် …။

(၄) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကို ပါးပါးလေးအကွင်းလိုက်လှီးကာ မည်းညစ်နေတဲ့နေရာတွေကို ကပ်လိုက်ပါ။ မိနစ် ၂၀ ခန့်အကြာမှာ ရေအေးလေးနဲ့ ဆေးကြောပေးလိုက်ရုံပါပဲ …။

(၅) မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကို ခပ်ပျစ်ပျစ်လေးရအောင် ရေအနည်းငယ်နဲ့ဖျော်လိုက်ပါ။ ရလာတဲ့အနှစ်ကို မည်းညစ်နေတဲ့နေရာတွေမှာလိမ်းပြီး အခြောက်ခံလိုက်ပါ။ ပြီးရင်တော့ ရေအေးလေးနဲ့ဆေးကြောပေးလိုက်ပါ။ တစ်ပတ်ကို ၂ကြိမ်ပြုလုပ်နိုင်ပါတယ်နော် …။ ။

Credit : EmEm