ထိပ်ပြောင်လာရင် ဘယ်လိုဝတ်ရမလဲ - Kharann Media

Breaking

ထိပ်ပြောင်လာရင် ဘယ်လိုဝတ်ရမလဲ


ဘယ်သူမှတော့ ကတုံးကြီးနဲ့ နေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ၃၅နှစ်ကျော်လာပြီဆိုတာနဲ့ ယောက်ျားလေး ၄ဝရာခိုင်နှုန်းလောက်က ဆံပင်တွေ တဖြည်းဖြည်း ကျွတ်လာတယ်၊ ထိပ်တွေပြောင်လာတယ်။ Jason Statham ဆိုရင် ထိပ်ပြောင်နေပေမယ့်လည်း အလိုက်ဖက်ဆုံးဝတ်သွားတော့ သူ့စတိုင်နဲ့သူ လန်းနေတာပဲ။ အဲဒီတော့ ဆံပင်တွေကျွတ်လာပေမယ့်လည်း ဆယ်ကျော်သက်တွေနဲ့မခြား လန်းသွားစေဖို့ ဝတ်စားဆင်ယင်ဟန်တွေကို ဖော်ပြလိုက်ပါတယ်။ (ကတုံးလေးတွေ လက်ညှိုးထောင်)



၁။ အသားအရေနဲ့ လိုက်တာရွေး။
ကိုယ့်ခေါင်းက ဆံပင်ကနည်းနည်းလေးပဲ ပါတော့တာ၊ အဝတ်အစားဝတ်မယ်ဆိုရင်တော့ အနီရောင်ကို မရွေးလေနဲ့။ လက်ပံပွင့်ကြီးနဲ့ တူသွားလိမ့်မယ်။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ်ထင်တဲ့အရောင်ကို ရွေးပါ။ ပုံမှန်ဆို အနက်ရောင်ရှပ်တွေ၊ မီးခိုးရောင်တွေကို ဝတ်ဆင်သင့်ပါတယ်။

၂။ မျက်လုံးအရောင်နဲ့ လိုက်တာရွေး။
လူကိုတွေ့လိုက်တာနဲ့ ကိုယ့်ခေါင်းမှာ ဆံပင်နည်းနေတာကို သတိမထားမိစေဖို့ ဝတ်ဆင်တတ်ဖို့လိုပါတယ်။ ကိုယ့်ဦးခေါင်းမှာ ဆံပင်ဆွဲဆောင်မှုအားနည်းနေပြီဆိုတော့ မျက်လုံးအကြည့်ကလည်း အရေးပါလာပြီလေ။ အဲဒီတော့ မျက်လုံးအရောင်နဲ့လိုက်ဖက်နဲ့ အဝတ်အစားမျိုးတွေ ဝတ်ပေတော့။

၃။ အသုံးအဆောင် ဖြည့်တတ်ပါစေ။
အသုံးအဆောင်ဖြည့်ရမယ်ဆိုလို့လည်း Headphone ကြီး မတပ်လေနဲ့၊ ကတုံးနဲ့ဆို ကြည့်မကောင်းလှဘူးလေ။ ကိုယ်နဲ့လိုက်ဖက်မယ့် မျက်မှန်လေးတွေ၊ ဦးထုတ်လေးတွေ၊ မာဖလာလေးတွေနဲ့ဆို အဆင်ပြေပါတယ်။ အသုံးအဆောင်ရွေးမယ်ဆိုရင်လည်း အရောင်ရင့်တွေကို အထူးရှောင်ပါ။

၎။ ကော်လာ ရွေးတတ်ပါစေ။
အကျီဝတ်မယ်ဆိုရင်လည်း ကော်လာရွေးတတ်ဖို့က အရေးကြီးပါတယ်။ တီရှပ်ဝတ်မယ်ဆိုရင်တော့ ကိုယ့်ဦးခေါင်းကို ထင်းခနဲမြင်သာစေတဲ့အတွက် ကြည့်မကောင်းလှပါဘူး။ အဲဒီတော့ ကော်လာကြီးကြီးပါတဲ့အကျီတွေ၊ လည်ရှည်အကျီတွေကိုပဲ ရွေးချယ်တတ်ပါစေ။

၅။ အသက်အရွယ်နဲ့လိုက်ဖက်ပါစေ။
၃ဝကျော်အရွယ်ဆိုတော့ ဆယ်ကျော်သက်လေးတွေလို ဖလန်းဖလန်းထချင်လို့ မဖြစ်ဖူးလေ။ ဘောင်းဘီတိုဝတ်တာတွေ၊ ကျောပိုးအိတ်လွယ်တာတွေကတော့ သိပ်မလိုက်ဖက်လှဘူး။ အဲဒီတော့ ရင့်ကျက်ဟန်ရှိတဲ့ရှပ်မျိုးတွေ၊ ကုတ်တွေကို အသားပေးဝတ်ဆင်စေချင်ပါတယ်။


ကျော်စိုးအောင် (အခရာ)
www.akhayar.com