ထန်းရည်နှင့် ကျန်းမာရေး - Kharann Media

Breaking

ထန်းရည်နှင့် ကျန်းမာရေး

တစ်မြူ၊ နှစ်မြူအခေါ်အဝေါ်လေးနဲ့ ဆိုင်တွေမှာ မှာသောက်ရတဲ့ ထန်းရည်ဟာ ဆီးကောင်းစေတယ်ဆိုတာ တော်တော်များများ သိပြီးဖြစ်မှာပါ။ ထန်းရည်မှာ ဆီးကောင်းစေခြင်းအပြင် ကျန်းမာရေးအတွက် အထူးကောင်းမွန်စေတဲ့ အချက်တွေရှိတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။



ထန်းရည်သောက်ခြင်းဖြင့် မျက်စိအားကောင်းစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ထန်းရည်မှာ တခြားအသီးအရည်တွေထက် ဗီတာမင်စီ စုပ်ယူမှုအားကောင်းတဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ ပိုမိုပါဝင်နေတာကြောင့်ပါ။ ၂၀၀၈ခုနှစ်မှာ ထန်းရည်နဲ့ နှလုံးကျန်းမာရေးဆိုင်ရာ သုတေသနတွေကို ပြုလုပ်ခဲ့ပြီး သုတေသီတွေအရ ထန်းရည်မှာရှိတဲ့ ပိုတက်စီယမ်ဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေကြာင်းနဲ့ ရေဓါတ်ခန်းခြောက်ခြင်းတို့ကို မဖြစ်စေပါဘူး။



ဗီတာမင် B2 ပါဝင်တာကြောင့် ကင်ဆာရောဂါတွေကို ဖြစ်စေနိုင်တဲ့ Free radicalsတွေကို ပျက်စီးစေနိုင်တာကြောင့် ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ထန်းရည်သောက်သုံးခြင်းဟာ သံဓါတ်လည်း ရရှိစေတာကြောင့် ဆံပင်နဲ့ လက်သည်းတွေကို အရှည်မြန်စေပါတယ်။ ထန်းရည်ဟာ နို့ထွက်အားကောင်းစေတဲ့ သဘာဝအရည်တစ်မျိုး ဖြစ်တာကြောင့် ကလေးမွေးပြီး နို့ထွက်အားနည်းနေတဲ့ မေမေတွေအနေနဲ့ ထန်းရည်ချိုချိုလေး နည်းနည်းတော့ သောက်သုံးသင့်ပါတယ်။ ထန်းရည်ဟာ အသက်ရှူလမ်းကြောင်း၊ အဆုတ်၊ အူနဲ့ အစာအိမ်ရှိ ပိုးမွှားတွေကို သန့်စင်စေတာကြောင့် ကျန်းမာရေး ကောင်းမွန်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရှိ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ထန်းရည်ဟာ ခန္ဓာကိုယ်အလေးချိန်လျော့ချတဲ့အခါမှာ သောက်သုံးသင့်တဲ့ အရည်တစ်မျိုးပဲ ဖြစ်ပါတယ်။