ဆေးလိပ်မသောက်ရင် မိနစ်ပိုင်းအတွင်း ဘာတွေပြောင်းလဲလာမလဲ - Kharann Media

Breaking

ဆေးလိပ်မသောက်ရင် မိနစ်ပိုင်းအတွင်း ဘာတွေပြောင်းလဲလာမလဲ




ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာလည်းသိကြပါတယ်။ ဖြတ်လည်းမဖြတ်နိုင်ကြဘူး။ ဒါကြောင့် ဆေးလိပ်သာ ဖြတ်မယ်ဆိုရင်  မိနစ် ၂၀ ၊ တစ်ရက်ကနေ ၁၀ နှစ်အတွင်း ဘာတွေအကျိုးရလာနိုင်မလဲဆိုတော့ …

မိနစ် ၂၀  – နှလုံးခုန်နှုန်း မှန်လာမယ်။ သွေးဖိအားကျလာမယ်။ သွေးလှည့်ပတ်မှုပိုကောင်းလာမယ်။
၂ နာရီ – သွေးထဲက နီကိုတင်း Level ၉၃ ရာခိုင်နှုန်းအထိ လျော့လာမယ်။
၈ နာရီ – သွေးနီဥတွေပိုအားကောင်းလာမယ်။
၁ရက် – ရုတ်တရက် နှလုံးထိခိုက်သေဆုံးနိုင်ခြေ လျော့နည်းလာမယ်။
၂ရက် – အရသာခံနိုင်စွမ်းတိုးတက်လာမယ်။ ခါတိုင်းစားနေကျ အစားအသောက်တွေက အရသာပိုရှိလာမယ်။
၎ရက် – အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေ ပိုတိုးတက်လာမယ်။
၎ ပတ် – ဆေးလိပ်သောက်ချင်စိတ် မရှိတော့ဘူး။
၁လ – ကျန်းမာရေး သိသိသာသာကောင်းလာမယ်။ အမောခံနိုင်လာမယ်။
၃လ ကနေ ၉လ – အဆုတ်အားကောင်းလာမယ်။ အဆုတ်ကျန်းမာရေးသိသိသာသာ တိုးတက်လာမယ်။
၁နှစ် –  သွေးကြောအတွင်း အဆီပိတ်နိုင်ခြေ လျော့လာမယ်။
၅နှစ် – ဆီးချို သွေးချိုဖြစ်နိုင်ခြေနည်းလာတယ်။
၁၀နှစ် – အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းလျော့သွားမယ်။

Credit# Fox
ဂျူဂျူး (အခရာ)