
မကြာခင်ပူပြင်းခြောက်သွေ့သောရာသီကိုရောက်တော့မှာမို့... မိတ်ဆွေများအားလုံးသတိထားရအောင်တင်ပေးလိုက်ပါတယ်ဗျာ...
ကျွန်တော့်မိတ်ဆွေများကို ကျွန်တော်ပြောပြောနေတဲ့...
ကားမီးလောင်ရတာဟာ...
Catalytic Converter (ကျောက်အိုး)ပိတ်ပြီး...
အိတ်ဇောတစ်ချောင်းလုံး မီးသွေးခဲလို ပန်းရောင်သန်းကာ...
နီရဲလာတယ်ဆိုတာ ဒီလိုပုံစံမျိုးပါ...
ဒီလို နီရဲလာတာဟာ ပုံပါ Catalytic Converter ကနေ...
ဆက်မောင်းရင်းနဲ့ Exhaust Manifold (အင်္ဂျင်နှင့်ဆက်ထားသောအိတ်ဇော) အထိနီရဲလာတာပါ...
ဒီအချိန်မှာ အိတ်ဇောပေါ်ကို ပလပ်စတစ်စကျရင်လည်း မီးလောင်မယ်... ဖုန်တွေ သဲတွေ ပစ်တင်လိုက်ရင်တောင် ဖုန်တွေသဲတွေ မီးလောင်ပါတယ်...
အမှိုက် ဆီငွေ့ ဘာနဲ့တွေ့တွေ့ ဘာနဲ့ထိထိမီးလောင်ပါတယ်...
ဒီလို Catalytic Converter ပိတ်ရင် ကားမှာဖြစ်လာတတ်တာတွေကတော့...
(၁) ကားမောင်းရင်းနဲ့ ကားပုံမှန်ထက်လေးလာပြီး...
လီဘာ(Accelerator Pedal) ကိုပုံမှန်ထက်ပိုနင်းရင်တောင်...
ကားမပြေးသလို စိတ်ထဲမှာခံစားရပါတယ်...
(၂) အဲယားကွန်းအပူချိန်ကို Low အထိချထားလည်း...
အောက်က အိတ်ဇောက ကားကို မီးကင်သလိုဖြစ်နေတာကြောင့်...
အဲယားကွန်းမအေးသလို ဖြစ်လာပါတယ်...
ကားထဲမှာ ပူလာပါတယ်...
(၃) စိတ်ထဲမှာ ကားတစ်ခုခုဖြစ်နေတယ်ထင်လို့ အင်္ဂျင်ခန်းဖွင့်ကြည့်လိုက်ရင်...
အင်္ဂျင်ခန်းဟာ ပုံမှန်ထက် များစွာပူနေပါတယ်...
(၄) ကားရေတိုင်ကီရေအပူချိန် (Coolant Temperature) ဟာ...
ပုံမှန်ထက်ပိုတက်လာမယ်...
မီးသံခေါက်လာတတ်ပါပြီး...
ရေလည်းဆူတတ်ပါတယ်...
(၅) သံကို မီးဖုတ်နဲ့ ညှော်နံ့မျိုး အညှော်နံ့ ရလာမယ်...
ဒါမျိုးတွေဖြစ်လာပြီဆိုရင် မိတ်ဆွေများကားကို ရပ်ကာ...
ကားအောက်က အိတ်ဇော ကျောက်ဇကာကို စစ်ဆေးဖို့...
မမေ့ကြပါနဲ့လို့ စေတနာနဲ့ သတိပေးချင်ပါတယ်ဗျာ...
ဒီလိုဖြစ်လာခဲ့ရင် ကျောက်ဇကာ မခွဲထုတ်ကြပါနဲ့ဗျာ...
ကျောက်ဇကာခွဲထုတ်ရင် အင်္ဂျင်ချက်မီးလင်းတဲ့ကားရှိသလို...
မလင်းတဲ့ကားလည်းရှိပါတယ်...
ကျောက်ဇကာခွဲထုတ်ရင် အခန့်မသင့်ရင်ချက်မီးလင်းမယ်...
အင်္ဂျင်သံ မညက်ညောတော့ဘဲ လီဘာနင်းချိန် အိတ်ဇောသံပိုဆူပါတယ်...
နောက် ကျောက်ဇကာ မရှိတဲ့အတွက် ကာဗွန်မိုနော့ဆိုဒ်အဆိပ်ငွေ့တွေ
ပတ်ဝန်းကျင်မှာများလာရင် ပတ်ဝန်းကျင်ညစ်ညမ်းပါတယ်...
ကျောက်ဇကာကို ဆေးလို့ရသလို
လုံးဝပိတ်နေတဲ့ကျောက်ဇကာဆိုရင် လဲလို့ရပါတယ်...
ဒါကြောင့်မခွဲဖို့ အကြံပေးချင်ပါတယ်ဗျာ...
အားလုံးအဆင်ပြေကြပါစေ...
မိတ်ဆွေအားလုံး အန္တရာယ်ကင်းရှင်း၍ ကျန်းမာရွှင်လန်းကြပါစေခင်ဗျား။
Credit : ကိုတိုး