အရပ်ထဲမှာ စူပါ့ စူပါ ကွန်ပျူတာလို့ သုံးကြတဲ့ exascale ကွန်ပျူတာ အကြောင်း အရင်က မကြားဖူးရင် ကိစ္စ မရှိပါဘူး။ အကြောင်းက အဲသည်လို ကွန်ပျူတာ မရှိသေးလို့ပါပဲ။
ဒါပေမဲ့ ၂၀၁၇ ခုနှစ် ဟာ အဲသည် အမြင်ကိုပြောင်းလဲမယ့်နှစ် ဖြစ်ပါလိမ့်မယ်။ အကြောင်းက တရုတ်ဟာ လာမယ့်လ အ နည်းငယ် အတွင်း ကမ္ဘာ့ ပထမဆုံး exascale စူပါ ကွန်ပျူတာ နမူနာ ပြီးစီးတော့မယ်လို့ ကြေညာခဲ့လို့ဖြစ် ပါတယ်။
တကယ်လို့ မှန်းထားတဲ့အတိုင်း အဆင်ပြေရင် ဒါဟာ ကမ္ဘာမှာ အမြန်ဆုံးကွန်ပျူတာဖြစ်လာပြီး တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း တစ်ကွင်တီလျံ (ဘီလျံပေါင်းတစ်ဘီလျံ) တွက်ချက်နိုင် စွမ်းရှိပါလိမ့်မယ်။

လုံးဝပြီးပြည့်စုံတဲ့ ကွန်ပျူတာတစ်ခုထွက်လာဖို့ နောက်နှစ်နှစ်လောက်ကြာဦးမယ် ဆိုပေမဲ့ စောင့်ရကျိုးအထူးနပ်မှာ ဖြစ်ပါတယ်။ ပထမဆုံး exascale စူပါကွန်ပျူတာနဲ့ သူ့ရဲ့အပလီကေးရှင်းတွေကို ၂၀၂၀ မှာ အသုံးပြုနိုင်ပြီး ဒါဟာ ၂၀၁၀ က ကမ္ဘာ့အမြန်ဆုံး ကွန်ပျုတာအဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ ထျန်ဟီ-၁ ကွန်ပျုတာထက် အဆ ၂၀ဝ ပိုမိုစွမ်းအားမြင့်မားပါ လိမ့်မယ်လို့ အမျိုးသားစူပါကွန်ပျူတာစင်တာမှ ကျန်းထင်က ဆင်ဟွာကိုပြောပါတယ်။
သည်ကွန်ပျူတာရဲ့ အမြန်နှုန်းကိုတိုင်းတာတဲ့ ကွင်တီလျံဟာကမ္ဘာမြေကြီးရဲ့ ထုထည်ကိုတန်နဲ့ရှင်းပြရာမှာ ဒါမှမဟုတ် လူ့ ဦးနှောက်ထဲကမော်လီကျူးအရေအတွက်ကို ရှင်းပြတဲ့အခါမှသာအသုံးပြုတဲ့အရေ အတွက်ဖြစ်ပါတယ်။
အမေရိကန်ဟာလည်း exascale ကွန်ပျူတာတစ်လုံးကို တီထွင်နေပေမဲ့ ၂၀၂၀ မတိုင်ခင်အထိထွက်ပေါ်လာဦးမှာ မဟုတ်ပါဘူး။ အမေရိကန်စွမ်းအင်ဝန်ကြီးဌာနရဲ့ အဆိုအရ exascale ကွန်ပျူတာပရောဂျက်ဟာ သုတေသနလုပ်ငန်းကိုတော်လှန် ပြောင်းလဲပစ်လိမ့်မယ်လို့ သိရပါတယ်။
တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း ၁,ဝ၀ဝ,ဝ၀ဝ,ဝ၀ဝ,ဝ၀ဝ,ဝ၀ဝ,ဝ၀ဝ ပြုလုပ်နိုင်တဲ့အတွက် exascale စူပါကွန်ပျူ တာတွေဟာ စကြဝဠာ ကြီးရဲ့အခြေခံ အင်အား စုတွေ နောက်ကွယ်က ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်နဲ့ ဆက်နွှယ်မှုတွေ ကိုအများ အပြားနဲ့ ပိုမိုလက်တွေ့ကျအောင် အလျင်အမြန် တွက်ချက်နိုင် ပါလိမ့်မယ်လို့ စွမ်းအင် ဝန်ကြီးဌာနက သူ့ဝက်ဘ် ဆိုက်မှာ ရေးထား ပါတယ်။
Author – စုပြည့်စုံ
From : KUMUDRA JOURNAL