ရင်ပူရခြင်း အကြောင်းရင်း - Kharann Media

Breaking

ရင်ပူရခြင်း အကြောင်းရင်း

စာအိမ်ထဲကအစာချေအက်ဆစ်ရည်တွေအစာရေမျိုပြွန် (oesop- hagus) ထဲလျှံတက်ပြီးရင်ပူတာကို heartburn လို့ သုံးကြပါတယ်။ တကယ်တော့နှလုံးကြောင့်ဖြစ်တာမဟုတ်ဘဲ အစာချေရည်၏ပြင်းအား ကို အစာရေမျိုပြွန်ကမခံစားနိုင်တာ ကြောင့် ပူစပ်ပူလောင်ခံစားရတာဖြစ် ပါတယ်။ ရင်ပူရတဲ့ အကြောင်းရင်း များကတော့-



(၁) အစာအမြောက်အမြားစားခြင်း
မည်သည့်အစားအစာဖြစ်စေ တစ်ကြိမ်တည်း၌ အမြောက်အမြား စားသုံးပါက အစာချေရည်များထွက် ပြီး လျှံတက်တတ်သည်။

(၂) ကတိုက်ကရိုက်စားခြင်း
သွားရင်းလာရင်း ကတိုက်ကရိုက်စားသည့်အခါ အစာကောင်းစွာ မချေဖျက်နိုင်တော့ဘဲ လေချဉ်တက်ရင်း အစာချေရည်များ ပါလာပြီးရင်ပူ တတ်သည်။

(၃) အဆီများသည့်အစားအစာများ
အဆီများသည့် အစာများသည် အစာအိမ်ထဲ၌ ကြာမြင့်စွာရှိနေနိုင်ရာ ၄င်းတို့ရှိနေသမျှ ကာလပတ်လုံး အစာချေရည်ထွက်နေပြီး ရင်ပူတတ်သည်။

(၄) အဖျော်ရည်များ
ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ယမကာများ၊ ဆိုဒါပါသည့်ကြမ်းရှရှဖျော်ရည်များသောက်သည့်အခါ ရင်ပူလာတတ်သည်။

(၅) အစပ်စားခြင်း
ငရုတ်သီးအစပ်ဖြစ်စေ၊ အချဉ်ရည်အစပ်ဖြစ်စေ အစားများပါက ရင်ပူခြင်းသာမကဘဲ ဗိုက်အောင့်ခြင်း၊ အစာအိမ်ရောင်ခြင်းအထိ ဖြစ်တတ်သည်။

သီဟ
Health Updates Journal