ဒုတိယကမ္ဘာစစ်ပွဲဟာ ၁၉၃၉ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ခြောက်နှစ်ကြာမြင့်ခဲ့ပါတယ်။ ဂျာမနီ၊ ဂျပန်၊ အီတလီ၊ ဟန်ဂေရီစတဲ့ ၀င်ရိုးစွန်းနိုင်ငံများအဖွဲ နဲ့ ဆိုဗီယက်ယူနီယံ(ရုရှား)၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု စတဲ့ မဟာမိတ်နိုင်ငံတွေက တစ်ဖက် တိုက်ပွဲဆင်နွှဲခဲ့ကြပြီး ကမ္ဘာ့လူဦးရေ သန်းပေါင်း ၅၀ ကနေ ၈၀ အထိ သေဆုံးခဲ့ပြီး လူသားသမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံး စစ်ပွဲ တစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်နဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ အချက် (၁၀) ချက်ကို ကြည့်ကြည့်ရအောင် ...
၁
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တပ်မတော်ဟာ တရုတ်နိုင်ငံအပေါ် ပလိပ်ရောဂါကူးစက်နေတဲ့ သန်း၊ မွှား တွေ ဗုံးကြဲချခဲ့ပါတယ်။
၂
ဒုတိယကမ္ဘာစစ်အတွင်း အသက် ၁၃ နှစ်ကနေ ၇၀ အရွယ် ဂျာမနီအမျိုးသမီးပေါင်း ၂ သန်းခန့် ကို ဆိုဗီယက်ယူနီယံရဲ့တပ်နီတော်က မုဒိန်းကျင့်ခဲ့ပါတယ်။
၃
ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး နှစ်ပေါင်း ၂၉ နှစ် ကြာမြင့်ပြီးတဲ့အထိ ဂျပန်ဘုရင့်တပ်မတော်က စစ်သား တစ်ယောက်ဟာ လက်နက်ချအညံ့မခံဘဲ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ ပုန်းအောင်းနေခဲ့ ပါတယ်။ နှစ်ပေါင်းသုံးဆယ်ခန့် ကြာမြင့်ပြီး ၁၉၇၄ ခုနှစ်ကျမှ သူ့ရဲ့ တပ်မှူးဟောင်းက စစ်ပြီးဆုံး သွားပြီလို့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး သွားဖျောင်းဖျခဲ့မှ လက်နက်ချခဲ့တာပါ။

၎
ဗြိတိသျှဘုရင်မ Queen Elizabeth II ဟာ ဒုတိယကမ္ဘာစစ်အတွင်း စက်ပြင်တစ်ယောက် အနေနဲ့ပါဝင် အမှုထမ်းခဲ့ပြီး ယာဉ်မောင်းအနေနဲ့ ပါ တာဝန်ယူခဲ့ပါသေးတယ်။၅
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေရဲ့ သတ်ဖြတ်ခြင်း ကို ခံခဲ့ရတဲ့ တရုတ်လူမျိုးအရေအတွက်ဟာ ဂျာမန်နာဇီတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ဂျူးလူမျိုးအရေအတွက်ထက် ပိုများပြားပါတယ်။၆
ရုရှားနိုင်ငံနဲ့ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါဘူး။ တရားဝင်စာချုပ်သဘောအရဆိုရင် ရုရှားနဲ့ ဂျပန်ဟာ အခုအချိန်ထိ စစ်ပွဲဖြစ်နေတုန်းလို့  ဆိုနိုင်ပါတယ်။ Kuril ကျွန်းစုပိုင်ဆိုင်မှု အငြင်းအခုန်ကြောင့် လက်မှတ်မရေးထိုးခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်အထိ ဒီပြဿနာက ပြေလည်ခြင်းမရှိခဲ့ပါဘူး။

၇
၁၉၂၃ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ ဆိုဗီယက်လူမျိုး ယောက်ျား ၈၀ ရာခိုင်နှုန်းဟာ ဒုတိယကမ္ဘာစစ် အတွင်း ကျဆုံးခဲ့ရပါတယ်။

၈
ဒုတိယကမ္ဘာစစ်ကို အနိုင်ရအောင်မြင်ပြီး ၁၉၄၅ ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ ၀င်စတန်ချာချီ ကျရှုံးခဲ့ပါတယ်။

၉
ဟစ်တလာ ဟာ အမေရိကန်ရေတပ်မတော်ထဲဝင်ပြီး ဂျာမနီကို တိုက်ခိုက်ဖို့လုပ်ခဲ့တဲ့ လီဗာပူးလ်မြို့ က သူ့ရဲ့ တူဖြစ်သူနေအိမ်ကို ဗုံးကြဲချခဲ့ပါတယ်။

၁၀
တကယ်လို့ စစ်သားတစ်ယောက်ယောက်ဟာ သူ့ရဲ့ဘာသာတရားယုံကြည်ချက်တွေက စစ်ပွဲ တိုက်ခိုက်ဖို့  ပိတ်ပင်ထားတယ်ဆိုရင် အထူးတပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်။

___________________________________________
ref: thoughtcatalog.com, uncensoredhistory.blogspot.com
credit: trend myanmar