ရေခဲမုန့် တစ်ခွက် - Kharann Media

Breaking

ရေခဲမုန့် တစ်ခွက်


တစ်ခါတုန်းကပေါ့.. ဆယ်နှစ်သားအရွယ် ချို့ချို့တဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ အတန်အသင့် ခမ်းခမ်းနားနားပြင်ဆင်ထားတဲ့ ရေခဲမုန့်ဆိုင်ထဲကို လာပါတယ်။

လူကျချိန်ဖြစ်တာကြောင့် ခုံတိုင်းအလိုလိုကလည်း လူတွေပြည့်နေတော့ ကောင်လေးအတွက် ခုံတစ်နေရာစာပဲ ကျန်တော့သတဲ့။ ရေခဲမုန့်စားချင်လွန်းတဲ့

ကောင်လေးကတော့ လွတ်တဲ့နေရာမှာပဲ ဝင်ထိုင်လိုက်ပါတယ်။

"သီးစုံရေခဲမုန့် တစ်ခွက် ဘယ်လောက်ပါလဲ" ကောင်လေးက စားပွဲထိုးကောင်မလေးကို မေးလိုက်တယ်။

"ပြား ၅၀ ကျသင့်ပါတယ်"။ ဒီအချိန်မှာပဲ ကောင်လေးက သူ့အိတ်ထဲမှာရှိတဲ့ အကြွေစေ့လေးတွေကို ရေတွက်ပါတယ်။

နောက် စိတ်မသက်မသာလေး ဖြစ်သွားရင်း

"ရိုးရိုး ရေခဲမုန့် ကျတော့ရော?" လို့ ထပ်မေးတယ်။ လူကျချိန်ဖြစ်တာနဲ့အညီ တစ်ချို့လူတွေကလည်း ခုံနေရာရဖို့အတွက် စောင့်ဆိုင်းနေကြလို့ စားပွဲထိုးမလေးကလည်း

ကောင်လေးအပေါ် စိတ်မရှည်တော့ပါဘူး။

"၃၅ ပြား" လို့ပဲ ခပ်ဘုဆတ်ဆတ် ဖြေပါတယ်။

အဲဒီ့တော့လည်း ကောင်လေးက သူ့အကြွေစေ့လေးတွေကို ထပ်ရေတွက်ပါတယ်။ ပြီးတော့မှ

"ရိုးရိုးရေခဲမုန့်တစ်ခွက် ပေးပါ" လို့ မှာလိုက်သတဲ့။

ကောင်လေးကတော့ ရေခဲမုန့်ရတဲ့အခါမှာ စားသောက်ပြီး ငွေရှင်းကာထွက်ခွာသွားပါတယ်။ ဒါပေမယ့် ကောင်လေးစားသောက်သွားတဲ့ ရေခဲမုန့်ခွက်ကို သိမ်းဆည်းဖို့

စာပွဲထိုးမလေးလာတဲ့အခါမှာတော့ သူမ အလွန်အံ့သြသွားရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူမ အထင်အမြင်သေးဖူးတဲ့ ကောင်လေးက စားပွဲပေါ်မှာ သူမအတွက် tip money (မုန့်ဖိုးငွေ) ၁၅ ပြားကို ထားသွားလို့ပါပဲ။

ကျွန်တော်တို့တွေက တစ်ခါတစ်ရံ တစ်ဖက်သားအပေါ်မှာ မကောင်းမြင်စိတ်တွေနဲ့ ကြည့်တတ်ပါတယ်။ အဲဒီ့မကောင်းမြင်စိတ်ကြောင့်ပဲ မကြာခဏဆိုသလို

တစ်ဖက်လူကို အထင်အမြင်သေးတာတွေ၊ ကိုယ့်အထင်နဲ့ကိုယ် ကောက်ချက်ချလိုက်တာမျိုးတွေလည်း ရှိတတ်ပါတယ်။

ဒီပုံပြင်လေးကတော့ ကျွန်တော့်တို့ရဲ့ စိတ်အတွင်းထဲမှာ တစ်ဖက်လူအပေါ် မကောင်းမြင်တတ်တာတွေကို လျော့ချဖို့ သတိပေးပါတယ်။
______________________________________
(ဘာသာပြန်)
Focus Youth