
ရင့်ကျက်ခြင်း မရင့်ကျက်ခြင်းကို ဘာတွေနဲ့ တိုင်းတာနိုင်သလဲ … ?
(၁) ဆုံးရှုံးခြင်း/အောင်မြင်ခြင်းအတွက် ကြောက်ရွံ့/ပျော်ရွှင်မှု မရှိ
ရင့်ကျက်တဲ့ အမျိုးသားတွေဟာ အောင်မြင်တဲ့အခါမှာလည်း လူတွေကြားထဲ လက်မလျှောက်ထောင်နေတဲ့သူတွေ မဟုတ်သလို၊ ကျရှုံးတဲ့အခါမှာလည်း အိပ်ယာထဲမှာ ခွေပြီး လူမမာတစ်ယောက်လို မနေပါဘူး။ သူတို့မှာ အရာရာအတွက်အားအင်တွေ အပြည့်ရှိပါတယ်။
(၂) မျက်နှာလိုမျက်နှာရ ဘယ်တော့မှ မလုပ်
အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ တစ်စုံတစ်ယောက် မျက်နှာရပါစေ၊ မိမိကို အသားပေးပါစေ၊ မိမိကို ရာထူးတိုးပေးပါစေသဘောနဲ့ ဘယ်တော့မှ လုပ်ခြင်းမရှိပါဘူး။ ကြိုးစားအားထုတ်မှု မှန်ကန်တဲ့အတွက်လည်း သူတို့လုပ်သမျှဟာ သန့်ရှင်းပါတယ်။
(၃) idealized image လို့ထင်အောင် ဘယ်တော့မှမလုပ်
Idealized image ဆိုတာက အထင်ကြီးလာအောင်ပဲဖြစ်ဖြစ်၊ အမျိုးသမီးတွေရဲ့ စိတ်ထဲမှာ ဒီလူဟာ အတော်ကို တော်တဲ့လူပါလား-လို့ ထင်အောင် လှုပ်ရှားခြင်း မပြုပါဘူး။
(၄) အမျိုးသမီးတစ်ယောက်နဲ့ ဖက်ပြိုင်ရန်ဖြစ်ခြင်းမရှိ
အဲဒီအမျိုးသားတွေ အကြောက်ဆုံးအရာကတော့ ရန်ဖြစ်ရတာပါဘဲ။ သတ္တိနည်းလို့လားဆိုတော့ မဟုတ်ပါဘူး။ ရင့်ကျက်လွန်းတော့ အကျိုးမဲ့ဆိုတာကို သိလို့ဖြစ်ပါတယ်။ အကြောက်ဆုံးကတော့ အမျိုးသမီးတွေနဲ့ အချင်းများရတာ ဖြစ်ပါတယ်။
(၅) မလိုမုန်းတီးခြင်း မရှိ
တစ်စုံတစ်ယောက်က နှောက်ယှက်တယ်၊ ရန်လိုတယ်၊ ရန်စတယ်-အဲဒီလိုအခြေအနေမျိုးတွေမှာလည်း ရန်လိုခြင်း၊ မုန်းတီးခြင်း မရှိပါဘူး။
တစ်စုံတစ်ယောက်က နှောက်ယှက်တယ်၊ ရန်လိုတယ်၊ ရန်စတယ်-အဲဒီလိုအခြေအနေမျိုးတွေမှာလည်း ရန်လိုခြင်း၊ မုန်းတီးခြင်း မရှိပါဘူး။
(၆) သူတို့ရဲ့သွင်ပြင်ရုပ်ရည်အပေါ် မလုံခြုံမှုမရှိ
သူတို့ဟာ ဘယ်တော့မှ ရုပ်သွင်ကို တသသလုပ်နေလေ့မရှိပါဘူး။ သာမန်ပြင်ဆင်မှုနဲ့ သန့်ရှင်းရေးလောက်သာ လုပ်လေ့ရှိပါတယ်။ သူတို့နေချင်သလို နေပါတယ်။ ဒီလိုနေလို့ အမျိုးသမီးတွေက မနှစ်သက်နိုင်လောက်ဘူးဆိုရင်လည်း သူတို့ဆန္ဒကိုသာ လွတ်လပ်စွာ ဦးစားပေးပါတယ်။
(၇) မိဘအပေါ်ကို သိတတ်ကြပါတယ်
မိဘနဲ့ သူတို့တစ်တွေဟာ ဘယ်တော့မှ အဆင်မပြေဘူးရယ်လို့ မရှိပါဘူး။ မိဘဂုဏ်ကျေးဇူးကို သိတတ်သမျှ ချီးကျူးဂုဏ်ပြုသူတွေ ဖြစ်ပါတယ်။ မိဘစိတ်ဆင်းရဲအောင် ပြုမူခြင်း မရှိပါဘူး။
မိဘနဲ့ သူတို့တစ်တွေဟာ ဘယ်တော့မှ အဆင်မပြေဘူးရယ်လို့ မရှိပါဘူး။ မိဘဂုဏ်ကျေးဇူးကို သိတတ်သမျှ ချီးကျူးဂုဏ်ပြုသူတွေ ဖြစ်ပါတယ်။ မိဘစိတ်ဆင်းရဲအောင် ပြုမူခြင်း မရှိပါဘူး။
_______________________________________
credit to : နတ်စည်တော် (Shwemom)