အိမ်မှာပုဏ္ဏကတိုက်နေခြင်းက ဘယ်သူမှမဟုတ်ပါဘူး။ မိမိ အိမ်သူအိမ်သားတစ်ယောက်ယောက်ပါ တဲ့။ ပုဏ္ဏတိုက်ရင် အိမ်အများစုမှာ ဘယ်လိုနည်းနဲ့မှ နှိမ်နင်းနိုင်ခြင်းမရှိဘဲ ထွက်ပြေးရတတ်လွန်းလို့ပါ။
၁။ ဆယ်ကျော်သက်လေးတွေရဲ့ တချို့စာသင်ခန်းမျက်နှာကျက်ပေါ်ကသွေးတွေစီးကျလာခြင်း
၂။ အိမ်နံရံတွေ တံခါးတွေကို ရိုက်ပြခြင်း
၃။ ပစ္စည်းတွေကိုမမြင်ရတဲ့ လက်ကြီးနဲ့ကောက်ပေါက်ခြင်း
၄။ ပရိဘောဂ ပစ္စည်းတွေ လေထဲတွင်ပျံဝဲနေခြင်း
၅။ တစ်အိမ်လုံးနေရာအနှံ မီးအသေးစားလေးတွေလောင်ကျွမ်းခြင်း
၆။ မီးဖိုချောင်ကနေအသံတွေခဏခဏကြားတတ်ခြင်း
အစရှိတဲ့ အဖြစ်အပျက်တွေ ရက်သတ္တပါတ် အနည်းငယ် ဒါမှမဟုတ် တစ်နှစ်ကနေ ၁၈ လကြာတဲ့အထိ ဖြစ်ပျက်နေရင် ပုဏ္ဏကတိုက်ခြင်း ( Poltergeist phenomenon) လို့ခေါ်ပါတယ်။
အထင်ကရအဖြစ်အပျက်တစ်ခု (စုန်းမလေး Betsy Bell)
၁၉ရာစုနှစ်အစောပိုင်း အမေရိကန်နိုင်ငံမှာ ဆယ်ကျော်သက်ကောင်မလေး Betsy Bell ဆိုသူကလေးကို သူ့အဖေ John Bell က လိင်ပိုင်းဆိုင်ရာစော်ကားဖို့ကြံစည်ခဲ့ဖူးတာကြောင့် သူ့မှာ စိတ်ဖိစီးမှုဒဏ် အတော်လေးခံနေခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်း သူ့အိမ်မှာ မမြင်ရတဲ့ လက်ကြီးနဲ့ကလေးတွေကိုရိုက်ခြင်း၊ အိမ်ထောင်ပရိဘောဂတွေလေထဲမှာဝဲပျံတက်ခြင်း၊ နေရာရွေ့ခြင်း စတဲ့ အဖြစ်အပျက်တွေတော်တော် ဖြစ်ခဲ့တယ်။ ဒါတွေကိုလည်းမျက်မြင်သက်သေတော်တော်များများကြုံခဲ့ရတယ်။ ဒါပေမဲ့ သူ့အဖေ နာမကျန်း ဖြစ်တော့ သူ့သမီး ဟာ စုန်းမလေးပါ ဆိုပြီး သူ့သမီးအပေါ်မှာ အပြစ်ပုံချသွားခဲ့တယ်။ ရုပ်ရှင်ကားတောင်ထွက်ခဲ့ပါသေးတယ်။
The Bell witch haunting နဲ့
An American Haunting.
ပုဏ္ဏကတိုက်ခြင်းကို သုသေသနလုပ်ပြီ
စိတ်ပိုင်းဆိုင်ရာသုသေသန ပညာရှင် William G.Roll က လူတိုင်းကိုမဆိုလိုပါဘူး၊ စိတ်ဖိစီးမှု ဒဏ်ကို ခံစားနေရတဲ့ မိသားစုဝင်တစ်ယောက်ယောက်ရှိနေတဲ့အိမ်မှာ သူ့ရဲ့မသိစိတ်ထဲမှ Recurrent spontaneous psychokinesis (RSPK) စိတ်စွမ်းအင်ကြောင့် နံရံတွေကွဲအက်စေခြင်း၊ ပစ္စည်းတွေလေပေါ် ပျံတက်စေခြင်း၊ တံခါးခေါက်သံများကြားရခြင်း၊ အရုပ်ကလေးတွေ လမ်းလျှောက်စေခြင်း၊ ပိုက်လိုင်း သွယ်တန်းထားခြင်းမရှိဘဲ မျက်နှာကျတ် ပေါ်ကရေတွေ စီးကျလာခြင်း အစရှိတဲ့ အဖြစ်အပျက်တွေကို ဖြစ်စေပေမဲ့ သူကိုယ်တိုင်လုပ်မိပါလားဆိုတာတောင် မသိပါဘူးတဲ့။
အလွန်ရှားပါးပြီး အလွန်ထူးဆန်း ပါတယ်လို့ William G.Roll ကအခိုင်အမာဆိုထားပါတယ်။ ဒီလိုဖန်တီး တတ်တဲ့အရွယ်ကလည်း ဟိုမုန်းပြောင်းလဲကာစ အရွယ်တွေမှာ အဖြစ်များပါတယ်တဲ့။ ဒီလိုဖြစ်တဲ့ အဖြစ်ကိုလည်း stress-induce စိတ်ဖိစီးမှုညှို့အား လို့ခေါ်ပါသတဲ့။ ဒီလိုစိတ်စွမ်းအင်ကြောင့် ဖြစ်တဲ့ ဖြစ်ရပ်တွေကို ဘုန်းကြီးတွေ၊ သရဲနှင်အဖွဲ့တွေ၊ သရဲထုတ် အဖွဲ့တွေလည်း ဘယ်လိုမှမတတ် နိုင်တော့ပါဘူးတဲ့။
ပုဏ္ဏတိုက်ခြင်းကို ကယ်ဆယ်ခြင်း (Surviving A Poltergest)
ပုဏ္ဏကတိုက်ခြင်းဟာ stress-induce စိတ်ဖိစီမှုညှို့ငင်ခြင်းကြောင့်ဖြစ်ပြီ ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကအကောင်းဆုံးပါပဲ-
လူတွေကအကြောင်းအမျိုးမျိုးကြောင့်စိတ်ဖိစီးနိုင်တယ်။ တစ်ခါတလေ ပြင်းပြင်းထန်ထန် တစ်ခါတလေ ကိစ္စ သေးသေးလေးကနေ စိတ်ဖိစီးနေတတ်တယ်။ ပြဿနာမရှိသေးတဲ့ကိစ္စ ဥပမာ မီးဖွင့်ခြင်း ပိတ်ခြင်း၊ ရေအိမ်ထဲကနေရေဆွဲချပြခြင်း၊ ပစ္စည်းတစ်ခုခုအိမ်ထဲမှာလျှောက်သွားနေခြင်းဆိုရင် စောင့် ကြည့်ပေးပါ။
ဒီအဖြစ်အပျက်တွေကိုရပ်ချင်ရင်တော့-
၁။ အိမ်မှာဘယ်သူဖြစ်နိုင်သလဲစောင့်ကြည့်ပေးပါ
၂။ Betsy Bell လိုအဖြစ်မျိုးအိမ်မှာရှိသလား
၃။ ရုံးတွေကျောင်းတွေမှာဘယ်သူကစိတ်ဖိစီးမှုပြင်းပြင်းထန်ထန်ထန်ခံစားနေရသလဲ
စတာတွေကိုသုံးသပ်ပြီး Stress ခံစားနေရသူကို stress လျော့ကျသွားအောင် ဖေးမကူညီပေးသင့် ပါတယ်လို့ စိတ်ရောဂါပညာရှင် William G.Roll ကဆိုထားပါတယ်ခင်ဗျား။
__________________________________________
May 24.2016 | http://www.mymemo.cf/2016/05/post430.html Writer-သံဇဉ်မိုးဇက်