ပူအိုက်လို့ပင်ပန်းနွမ်းနယ်နေသူတွေ၊ ရေများများသောက်နေပေမဲ့ ရေဓါတ်လိုအပ်နေသလိုပဲ ခံစားနေရ သူတွေကို သတင်းကောင်းလေး တစ်ခုပြောပြချင်ပါတယ်။
ဈေးလည်းချိုပြီး အရသာလည်းရှိတဲ့ သရက်သီးစိမ်းကို ဘလန်ဒါနဲ့ကြိတ်ချေပြီး သကြားလေး နည်းနည်း ထည့် ရေအေးအေးလေးနဲ့ သောက်ကြည့်ပါ။ သိသိသာသာ အားအင်ပြည့်ဖြိုးလန်းဆန်းလာတာ ကို တွေ့ရပါလိမ့်မယ်။ သရက်သီးအစိမ်းတစ်လုံးမှာ ပါဝင်တဲ့ အာဟာရဟာ ပန်းသီး ၃၅ လုံး၊ ငှက်ပျောသီး ၁၈ လုံး၊ သံပုရာသီး ၉ လုံး နဲ့ လိမ္မော်သီး ၃ လုံးမှာ ပါဝင်တဲ့ အာဟာရနဲ့ ညီမျှတယ်လို့ health@newtimes.co.rw ရဲ့ ကျန်းမာရေး ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားတာကို ဖတ်ခဲ့ရပါတယ်။
သရက်သီးစိမ်းဖြစ်လို့ ချဉ်မယ်လို့ထင်နေကြသူတွေကိုလည်း ပြောပြပါရစေ။ သရက်သီးကို အခွံလေးခွာ၊ အစိတ်လေးတွေစိတ်ပြီး ဘန်ဒါထဲထည့်၊ သကြားနည်းနည်းထည့်၊ ရေသင့်ရုံထည့်ကြိတ်ကာ အိုဗာတင်း ပုလင်းလို အဝကျယ်ပုလင်းလေးထဲလောင်း ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါက အချိုဓါတ်လေးတွေ ဖြည်းဖြည်းချင်းထွက်လာပြီး အတော်လေး သောက်လို့ကောင်းတာတွေ့ရပါလိမ့်မယ်။ ပုံမှန်ဆို သရက်သီးကို သွားကြိမ်းလို့ မစားနိုင်တာတောင် အခုလိုသောက်တဲ့အခါမှာတော့ သရက်သီး တစ်လုံးလောက်ကို အေးဆေးသောက်နိုင်သွားပြီး ထပ်သောက်ချင်စိတ်တောင် ဖြစ်လာပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူး - သရက်သီးစိမ်းမှာ ဗီတာမင် စီ၊ ကယ်လစီယမ်၊ သံဓါတ်၊ မဂ္ဂနီစီယမ် တို့ များပြားစွာ ပါဝင်လို့ ဝမ်းချုပ်မှုကို သက်သာစေခြင်း၊ ဝမ်းကိုက်ရောဂါကာကွယ်ခြင်း၊ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း (ပိန်သူ၀ ဝသူပိန်စေခြင်း)၊ သွေးအားနည်းရောဂါကို သက်သာစေခြင်း၊ အသားအရေ နူးညံ့စေခြင်း၊ ဆီးချိုကို ထိန်းညှိပေးခြင်း စတဲ့ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။
__________________________________________
Mar 4.2016 | http://www.mymemo.cf/2016/05/post413.html
Ref - http://www.newtimes.co.rw/section/article/2015-02-16/186012/ စံဝန်းနီ(ရိုးရာလေး)

