နှလုံး ရုတ်တရက် ရပ်မသွားအောင် - Kharann Media

Breaking

နှလုံး ရုတ်တရက် ရပ်မသွားအောင်


လူတွေ သက်တမ်းစေ့ မနေရအောင် အများဆုံး သတ်နေတဲ့အရာက နှလုံး ဖြစ်ပါတယ်။ နှလုံး ရုတ်တရက် ရပ် မသွားအောင် ကာကွယ်နိုင်ဖို့အတွက် တစ်ရက်ကို မိနစ်ဝက် ၃ ကြိမ်နဲ့ နာရီဝက် ၃ ကြိမ် အချိန်ပေးရ ပါမယ်။

မိနစ်ဝက် ၃ ကြိမ်
၁။ မနက်အိပ်ယာ စနိုးတဲ့ အခါ ချက်ချင်း မထပါနဲ့ မိနစ်ဝက် ဆက်လှဲနေပါ။

၂။ မိနစ်ဝက် လှဲပြီးလျှင် မိနစ်ဝက် ထိုင်နေပါ။

၃။ မိနစ်ဝက် ထိုင်ပြီးလျှင် မိနစ်ဝက် ရပ်နေပါ။

ပြီးပါပြီ.. တစ်နေ့ အတွက် မိနစ်ဝက် ၃၀ စက္ကန့် ၃ မျိုး။ တစ်နေကုန် လွတ်လွတ် လပ်လပ်နေနိုင်ပါပြီ။ အဲဒီလောက် လုပ်နိုင်ရင်ပဲ နှလုံး မထိခိုက်တော့ဘူးလို့ သိရပါတယ်။ လူကြီးတွေကိုပြန်ပြောပြပေးကြပါ ခင်ဗျာ။

မိနစ်ဝက် တိုင်းမှာ အာနာပါန ဝင်လေထွက်လေ ရှုနေမယ် ဆိုရင် ပိုကောင်းမယ်လို့ ဖြည့်စွက်ပြောချင် ပါတယ်။ ကျန်းမာရေး အတွက် နာရီဝက် ၃ မျိုး ဆက်ပြောပါမယ်။

နာရီဝက် ၃ ကြိမ်
၁။ အိပ်ယာထ နာရီဝက် ကိုယ်လက် လှုပ်ရှားပါ။

၂။ နေ့လည်ခင်း နာရီဝက် အိပ်ပါ။

၃။ ညအိပ်ယာ မဝင်ခင် နာရီဝက် ကိုယ်လက် လှုပ်ရှားပါ။

နာရီဝက် ၃ မျိုး က လူငယ်တွေအတွက် မသိသာပေမယ့် ၃၀ ကျော် အရွယ်တွေအတွက် ကျန်းမာရေး အထောက်အကူ အများကြီးပြုမှာ ဖြစ်ပါတယ်။

ရောဂါဖြစ်မှ ကုသခြင်းထက် မဖြစ်ခင်ကြိုတင် ကာကွယ်ခြင်းက အကျိုးကျေးဇူး ပိုများမှာဖြစ်ပါတယ်။
မိမိတို့ရဲ့ လူကြီးသူမ များကို ပြန်ပြောခြင်းဖြင့် ဇီဝိတ ဒါန ကုသိုလ် ယူကြပါခင်ဗျား။

ကျန်းမာချမ်းသာကြပါစေ..
__________________________________________
 ပေါ်တင့် 
Mar 22.2016 |  http://www.mymemo.cf/2016/03/post372.html