အိမ်မှာနေရင်း Offline Job ရယူလုပ်ကိုင်နိုင်မယ့် အကောင်းဆုံး Website ၉ ခုကို ဖော်ပြပေးလိုက် ပါတယ်။ ဒီ အလုပ်များဟာ ကိုယ်ကျွမ်းကျင်ရာ ပညာကို အသုံးချပြီး အချိန်ပိုင်းအလုပ်တွေ ရယူကာ အိုးမကွာအိမ်မကွာ လုပ်လို့ရစေပါတယ်..။ လုပ်ခကိုလည်း PayPal, BankWire, MasterCard, Visa တို့နဲ့ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်..။ အောက်ပါ Website များကို ဝင်ရောက်လေ့လာနိုင်ပါတယ်..။
1. People Per Hour
သင်ဟာ စာရေးဆရာ၊ web developer နဲ့ ဒီဇိုင်းနာတစ်ယောက် ဆိုရင်တော့ ဒီ people per hour မှာ အလုပ်ရှာဖွေ နိုင်ပါတယ်။
2. Up Work
Up work မှာ အလုပ်အကိုင်ပေးနိုင်သူ တစ်သန်းခွဲလောက် ရှိတာမို့ သင့်အတွက် အဆင်ပြေမှာပါ။ ဒီဝက်ဆိုဒ်မှာတော့ ကျွမ်းကျင်သူတွေရော အခုမှ စလုပ်မယ့်သူတွေ အတွက်ရော အလုပ်မျိုးစုံ ရှိပါတယ်။ အချို့အလုပ်တွေက နာရီပိုင်းအတွက် ငှားရမ်းတာဖြစ်ပြီး၊ အချို့အလုပ်တွေ ကတော့ ရေရှည် လုပ်ကိုင်ပေးရမှာပါ။ Up work ရဲ့ အားသာချက်က ခြောက်လထက်မက လုပ်ကိုင်နိုင် မယ့် ရေရှည် အလုပ်တွေ ရရှိနိုင်တာပါ။
3. Craigslist.org
များစွာသော လူတွေက ဒီ website ကို အရောင်းအဝယ်ဆိုဒ်လို့သာ သိထားကြပေမယ့်၊ Freelancers တွေ အတွက် အရမ်းလန်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေပါသေးတယ်။ သင့်အနေနဲ့ ဒီဆိုဒ် မှာတော့ ဒေသတွင်းက အလုပ်အကိုင်တွေကို ရှာဖွေနိုင်ပြီး အခြားမြို့ကြီးပြကြီးတွေက အလုပ်အကိုင် ကမ်းလှမ်းမှုတွေကိုလည်း တွေ့ရမှာပါ။
4. Toptal
Toptal ကတော့ အခုစာရင်းထဲက ဘယ်အလုပ်အကိုင် ဝက်ဆိုဒ်နဲ့မှ မတူပါဘူး။ ဒီမှာတော့ ကျွမ်းကျင်သူတွေကိုသာ လုပ်ကိုင်ခွင့် ပေးထားပါတယ်။ သင်ဟာ အလုပ်ဝင်ခွင့် စာမေးပွဲတွေ ဖြေရမှာ ဖြစ်ပြီး၊ သင့်အရည်အချင်းက ကိုက်ညီတယ်ဆိုရင်တော့ သင်ကို အလုပ်ခန့်မှာပါ။ ဒါ့အပြင် သင်ဟာ Toptal ရဲ. meet-ups နဲ့ events တွေကိုလည်း တက်ရောက်ဖို့ လိုပါလိမ့်မယ်။
5. Demand Media
Demand Media ကတော့ ဖန်တီးမှုစွမ်းရည်ရှိသူတွေ အတွက်ပါ။ ဒီနေရာကတော့ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာနဲ့ ဓါတ်ပုံဆရာတွေအတွက် နေရာကောင်းပါ။ ဒီဆိုဒ်ကတော့ သင့်ရဲ့ အရည်အချင်းတွေကို အကောင်းဆုံး ပြနိုင်မယ့် နေရာတစ်ခုပါပဲ။
6. 99 Designs
99designs ကတော့ ဒီဇိုင်းနာတွေအတွက် တကယ့်ကို နေရာကောင်း တစ်ခုပါ။
7. College Recruiter
သင်ဟာ ကျောင်းသား ဒါမှမဟုတ် ဘွဲ့ရာကာစဆိုရင်တော့ ဒီဆိုဒ်က သင့်အတွက် အသုံးဝင်တဲ့ အလုပ်အကိုင် ရှာဖွေရေး ဆိုဒ်ဖြစ်မှာပါ။ ဒီဆိုဒ်မှာတော့ accounting, marketing, business, education, computer science နဲ့ အခြားအလုပ်တွေ ရှိပါတယ်။
8. Freelancer
Freelancer ကတော့ သက်တမ်းရင့် အလုပ်အကိုင် ရှာဖွေရေး ဝက်ဆိုဒ်တစ်ခုပါပဲ။ ဒီမှာလည်း များစွာသော အလုပ်အကိုင်တွေ ရှိနေပါတယ်။
9. Freelance Writing Gigs
Freelance Writing Gigs မှာတော့ စာရေးဆရာ၊ အယ်ဒီတာ၊ ထုတ်ဝေသူ နဲ့ ဘလော့ဂ်တွေ တကယ်ကို လုပ်ပျော်မယ့် နေရာတစ်ခုပါပဲ။
__________________________________________
Lifehack | MyMemo