ကြောက်မက်ဖွယ် အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုနဲ့ လူသေဆုံးမှုနှုန်း တွေကို ကြားသိနေရ တဲ့အခါ အီဘိုလာဟာ HIV ထက်တောင် ကြောက်ဖို့ ကောင်းတယ်ဆိုတဲ့ လူထု စကားသံ တွေကို ကြားလာ ရပါတယ်။ အီဘိုလာဟာ HIV ထက် တကယ်ပဲ ဆိုးရွားသလား။ လူသားမျိုးနွယ်စု တွေလည်း ဒိုင်နိုဆော တွေလိုပဲ မျိုးသုဉ်း သွားမလားလို့ တွေးပူရတဲ့ အထိ အန္တရာယ်ကြီးတဲ့ ဗိုင်းရပ်စ် ဘယ်နှမျိုး ရှိတယ်ဆိုတာ သိချင်လာ ကြတယ်။
1. Marburg Virus
Marburg Virus ကို ၁၉၆၇ ခုနှစ်မှာ တွေ့ရှိ ခဲ့ပါတယ်။ ဂျာမနီနိုင်ငံ ဓာတ်ခွဲခန်းတွေမှာ အသုံးပြုဖို့ ယူဂန်ဒါ နိုင်ငံကနေ တင်သွင်းလာတဲ့ မျောက်တွေက တစ်ဆင့် ဓာတ်ခွဲခန်း လုပ်သားတွေကို ကူးစက်ခဲ့ ပါတယ်။ အီဘိုလာ လိုပဲ အဖျားတက်ပြီး ခန္ဓာကိုယ် ဒွာရပေါက် တွေကနေ သွေးယိုစီး ပြီးတော့ သေစေ နိုင်ပါတယ်။ ၁၉၆၇ ခုနှစ်မှာ သေဆုံးမှုနှုန်း ၂၅ ရာခိုင်နှုန်းပဲ ရှိခဲ့ပေမယ့် ၁၉၉၈- ၂ဝဝဝ ရာသီမှာ ကွန်ဂိုနိုင်ငံ က ခံစားခဲ့ရတဲ့ Marbug Virus ကူးစက်မှုမှာ သေဆုံးမှုနှုန်း ၈ဝ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂ဝဝ၅ ခုနှစ် ရာသီမှာ အင်ဂိုလာ နိုင်ငံက ခံစားခဲ့ရတဲ့ ကူးစက်မှုမှာလဲ သေဆုံးမှုနှုန်း ဟာ ၈ဝ ရာခိုင်နှုန်း အောက်မကျ ခဲ့ပါဘူး။
2. Ebola Virus
Ebola Virus ကို ၁၉၇၆ ခုနှစ်မှာ ဆူဒန်နဲ့ ကွန်ဂိုနိုင်ငံ တွေမှာ ပထမဆုံး တွေ့ခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံထားရ သူရဲ့ သွေး၊ ခန္ဓာကိုယ် အရည်၊ အသားတစ်သျှူး တစ်ခုခု နဲ့ ထိတွေ့မိ လိုက်တာနဲ့ ကူးပါတယ်။ ဗိုင်းရပ်စ်ရဲ့ သန္ဓေဗီဇ အပေါ်မူတည်ပြီး သေစေနိုင်မှုနှုန်း ကွာခြားပါတယ်။ Ebola Reston ဗိုင်းရပ်စ်က လူကို ဖျားတောင် မဖျားစေပါဘူး။ ဒါပေမဲ့ Ebola Bundibugyo ကတော့ သေစေနိုင်မှု နှုန်း ၅ဝ ရာခိုင်နှုန်း ဖြစ်ပြီး အခြားနိုင်ငံ တွေထက် ဆူဒန်နိုင်မှာ သေစေနိုင်မှုနှုန်း ပိုနေခဲ့ပြီး ၇၁ ရာခိုင်နှုန်း ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ အနောက် အာဖရိက နိုင်ငံတွေမှာ ကူးစက် ပြန့်ပွားနေတဲ့ Ebola Zaire ဟာ အပြင်းဆုံးဖြစ်ပြီး သေစေနိုင်မှုနှုန်း ၉ဝ ရာခိုင်နှုန်း ဖြစ်ပါတယ်။
3. Rabies Virus
Rabies ခေါ် ခွေးရူးရောဂါပိုး ကာကွယ်ဆေး ကို ၁၉၂ဝ ပြည့်နှစ်မှာ ထုတ်လုပ် နိုင်ခဲ့ပြီး တိရစ္ဆာ န် တွေကို ထိုးပေးနိုင်ခဲ့တဲ့ အတွက် အခုဆိုရင် ကမ္ဘာပေါ်မှာ ခွေးရူးရောဂါ ဖြစ်ပွားမှု အင်မတန် ရှားပါး သွားပါပြီ။ ဒါပေမဲ့ အိန္ဒိယနဲ့ အာဖရိကတိုက် အချို့နေရာတွေ မှာတော့ ခွေးရူးရောဂါပိုး ကူးစက်မှုဟာ ကြီးမားတဲ့ ပြဿနာတစ်ခု အဖြစ် ကျန်ရစ် နေဆဲပါ။ ခွေးရူးရောဂါပိုးဟာ ဦးနှောက်ကို ဖျက်ဆီးပါတယ်။ ခွေးရူးရောဂါပိုး ကူးစက်ခံ ထားရတဲ့ တိရစ္ဆာ န် တစ်ကောင်ကောင် ကိုက်တာခံရရင် ကုသပေးနိုင်တဲ့ ဆေးဝါးတွေ ရှိသလို ကာကွယ်ဆေးလည်း ရှိပါတယ်။ အချိန်မီ ဆေးကုသမှု မခံယူဘူး ဆိုရင်တော့ သေရန် ရာနှုန်းပြည့် ဖြစ်ပါတယ်။

4. HIV
HIV ဟာ အခုအချိန် အထိမှာ လူသေစေ နိုင်မှုနှုန်း အမြင့်ဆုံးပါ။ ၁၉၈ဝ ပြည့်နှစ်မှာ စတင် တွေ့ရှိခဲ့ ပါတယ်။ အဲဒီအချိန် ကနေ ဒီနေ့အထိ မှာ HIV ကြောင့် သေဆုံးသူဦးရေ ၃၆ သန်းခန့် ရှိနေပါပြီ။ HIV ကူးစက်ခံထားရသူတွေ နှစ်ပေါင်းများစွာ အသက်ဆက်လက် ရှင်သန်နိုင်ဖို့ အားပြင်းတဲ့ ပဋိဇီဝဆေးတွေ ဖော်စပ်ထုတ်လုပ် ထားပါတယ်။ ဒါပေမဲ့လည်း မိသားစု တစ်ဦးချင်း ဝင်ငွေဟာ အနိမ့်ဆုံး အဆင့် ဒါမှမဟုတ် အလယ်အလတ် အဆင့်သာ ရှိတဲ့ နိုင်ငံတွေမှာ HIV ကူးစက်မှုနှုန်း ဟာ ၉၅ ရာခိုင်နှုန်း ရှိနေပါ သေးတယ်။ အာဖရိက၊ ဆာဟာရဒေသ မှာဆိုရင် အရွယ်ရောက်သူ ဦးရေ ၂ဝ မှာ တစ်ဦးဟာ HIV ကူးစက်ခံထား ရပါတယ်။

5. Smallpox
Smallpox ကျောက်ကြီးရောဂါ ကင်းစင်တဲ့ ကမ္ဘာမြေ ဖြစ်သွားပြီလို့ WHO က ၁၉၈ဝ ပြည့်နှစ်မှာ ကြေညာ ချက် ထုတ်ပြန်ခဲ့ ပါတယ်။ တကယ်တော့ လူသား မျိုးနွယ်စုကြီးဟာ ကျောက်ကြီး ရောဂါဒဏ် ကို နှစ်ပေါင်း ထောင်နဲ့ချီ ခံစားခဲ့ကြရတာပါ။ သေစေနိုင်မှု နှုန်းကတော့ သုံးယောက်၊ တစ်ယောက်နှုန်း ဖြစ်ပါတယ်။ မသေဘဲ ကျန်ခဲ့သူတွေမှာလည်း သေရာပါ အမာရွတ်ကြီးတွေ စွဲကျန်ခဲ့ပြီး အများစုက မျက်လုံးပါ ကွယ်ခဲ့ရတာပါ။ အဲဒီတုန်းက ဥရောပ သုတေသန ပညာရှင်တွေ ဝင်ရောက်လာရာကနေ အမေရိကန် ပြည်ထောင်စုမှာ ကျောက်ကြီး ရောဂါပိုး ပျံ့နှံ့သွားခဲ့ပြီး တစ်နိုင်ငံလုံး လူဦးရေရဲ့ ၉ဝ ရာခိုင်နှုန်း သေဆုံးခဲ့ ပါတယ်။ ၂ဝ ရာစု တစ်ခုတည်းမှာကို ကျောက်ကြီး ရောဂါ ကြောင့် သေဆုံးသူ သန်း ၃ဝဝ ရှိခဲ့ ပါတယ်။

6. Hanta Virus
Hanta Virus ၁၉၅ဝ ပြည့်နှစ် ကိုရီးယားစစ်ပွဲ ကာလမှာ ပလိပ်ရောဂါပိုး စတင်ပြန့်ပွား ခဲ့ပါတယ်။ လူလူချင်း ကူးစက်တာ မဟုတ်ဘဲ ကြွက်ချေးနဲ့ ထိတွေ့မိရာကနေ ကူးစက်လေ့ရှိတဲ့ ပလိပ်ရောဂါဆိုးကြောင့် အဲဒီတုန်းက တပ်ဖွဲ့ဝင် ဦးရေ ၃ဝဝဝ လောက် ကူးစက်ခံ ခဲ့ရပြီး ၁၂ ရာခိုင်နှုန်း သေဆုံးခဲ့ ရတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ပလိပ်ရောဂါပိုး နောက်တစ်မျိုးကို အမေရိကန် ပြည်ထောင်စု မှာ တွေ့ရှိခဲ့ ပါတယ်။ လူဦးရေ ၆ဝဝ လောက်ကို ကူးစက်ခဲ့ပြီး ၃၆ ရာခိုင်နှုန်း သေဆုံးခဲ့ ပါတယ်။

7. Influenza
Influenza တုပ်ကွေးရာသီ ရောက်တိုင်း ကမ္ဘာ တစ်ဝန်းမှာ လူဦးရေ ငါးသိန်းလောက် ဖျားနာကြပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် တုပ်ကွေးရောဂါပိုးရဲ့ သန္ဓေဗီဇကလည်း မတူတဲ့အတွက် နှစ်စဉ်နှစ်တိုင်း ကာကွယ်ဆေး ထိုးရလေ့ ရှိပါတယ်။ ၁၉၁၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စပိန် တုပ်ကွေးဟာ သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ပြီး ကမ္ဘာ့ လူဦးရေရဲ့ ၄ဝ ရာခိုင်နှုန်းကို ကူးစက်ခဲ့ပြီး လူဦးရေ သန်း ၅ဝ ခန့် သေဆုံးခဲ့ပါတယ်။ ဒီတုပ်ကွေးမျိုး နောက်ထပ် တစ်ခါ ဖြစ်ပွားခဲ့မယ် ဆိုရင် ထိန်းချုပ်ဖို့ လွယ်မှာ မဟုတ်ဘဲ လူသားတွေရဲ့ အနာဂတ်ဟာ သေချာတော့ မှာတောင် မဟုတ်ဘူးလို့ ကျွမ်းကျင်သူများက ပြောပါတယ်။

8. Dengue
Dengue သွေးလွန် တုပ်ကွေး ရောဂါပိုးကို ၁၉၅ဝ ပြည့်နှစ်မှာ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့မှာ ပထမဆုံး အကြိမ်တွေ့ရှိခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့သွားခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာ့ လူဦးရေ ၄ဝ ရာခိုင်နှုန်း ဟာ သွေးလွန်တုပ်ကွေးဇုန်မှာ နေထိုင်ကြတာပါ။ ခြင်ကနေ အဓိက ကူးစက်လေ့ရှိပြီး ပူနွေးလာနေတဲ့ ကမ္ဘာကြီးမှာ သွေးလွန်တုပ်ကွေး ကူးစက်မှု နှုန်းဟာ ပိုမြန်လာဖို့ပဲ ရှိပါတယ်။ နှစ်စဉ် သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ သန်း ၅ဝ ကနေ သန်း ၁ဝဝ အထိ ရှိပေမယ့် သေဆုံးမှုနှုန်း ကတော့ ၂ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သွေးယိုစိမ့်မှု စတင်တဲ့အခါ အချိန်မီ မကုသနိုင်ဘူး ဆိုရင်တော့ သေဆုံးမှုနှုန်း ၂ဝ ရာခိုင်နှုန်း ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး အတွက် ကာကွယ်ဆေး မရှိသေးပါဘူး။ ပြင်သစ် ဆေးဝါး ကုမ္ပဏီ Sanofi က ထုတ်လုပ်တဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးဟာလည်း စမ်းသပ်အဆင့်မှာပဲ ရှိသေးပေမယ့် အထိုးခံထား သူတွေမှာတော့ သွေးလွန်တုပ်ကွေး ကူးစက် ခံရတာမျိုး မရှိသေးပါဘူး။

9. Rota virus
Rota virus ကာလ ဝမ်းရောဂါပိုးဟာ မွေးကင်းစနဲ့ ကလေးငယ်တွေကို ဆိုးရွားစွာ တိုက်ခိုက်လေ့ ရှိပါတယ်။ ဝမ်းသွားထားတဲ့ အညစ်အကြေး တွေက တစ်နည်းနည်းနဲ့ ခံတွင်းထဲ ပြန်ရောက်သွားတဲ့အခါ ကာလဝမ်းရောဂါ ဖြစ်ပွားလေ့ ရှိပါတယ်။ အရည်ဓာတ် ခန်းခြောက်မှုကို ချက်ချင်း မဖြည့်နိုင်ဘူး ဆိုရင် သေဆုံးနိုင်ခြေ မြင့်မားပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ ကာလဝမ်း ရောဂါ ကြောင့် အသက် ငါးနှစ်အောက် ကလေးငယ် ဦးရေ ၄၅၃ဝဝဝ သေဆုံးခဲ့ပါတယ်။ အခု နောက်ပိုင်းတော့ ကာကွယ်ဆေးတွေ ထွက်လာပြီမို့ ကာလဝမ်းရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှု ခံယူရတဲ့နှုန်း သိသိသာသာ ကျဆင်းသွား ပြီး သေဆုံးမှုနှုန်းလည်း ခေါက်ချိုး ကျသွားပါတယ်။

အခု ဖော်ပြခဲ့တဲ့ ဗိုင်းရပ်စ် ၉ မျိုးမှာ ဘယ် ဗိုင်းရပ်စ်က လူကို သေစေနိုင်မှု အမြင့်ဆုံးလဲ ဆိုတာ စာဖတ်သူ ကိုယ်တိုင်ပဲ ချိန်ဆကြည့်ပါ။ သေချာတာ ကတော့ ဘယ်ဗိုင်းရပ်စ် ကြောင့်ပဲဖြစ်စေ လူသေဆုံးမှု ရှိလာ နိုင်တဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ရမှုကနေ ကင်းဝေးနိုင်ဖို့ ကျန်းမာရေး အသိနဲ့ သတိရှိစေဖို့ အခုလို လေ့လာ ရေးသား တင်ပြလိုက် ရပါတယ်။
__________________________________________
From : ပြည် ချစ် သား