မိန်းကလေးတွေ လျှို့ဝှက်ထားတတ်သည့် အချက်များ - Kharann Media

Breaking

မိန်းကလေးတွေ လျှို့ဝှက်ထားတတ်သည့် အချက်များ


သင်နဲ့ ချစ်ကျွမ်းဝင်နေတဲ့ မိန်းကလေးတစ်ယောက်က သင့်ရဲ့မျက်လုံးထဲကို ကြည့်ပြီး သူမချစ်တဲ့ အကြောင်းကို ပြောပါလိမ့်မယ်။ ပြီးတော့ သင်ကလည်း ယုံကြည်နေပါ လိမ့်မယ်။ သူမရဲ့အကြည့်တွေ၊ သင့်ကို မှီတွယ်ထားပုံတွေ၊ သင့်အလိုက်ကို သိနေတာမျိုးတွေက သူမချစ်ကြောင်းကို ဖော်ပြနေတာပဲ ဖြစ်ပါ တယ်။ ဒါပေမယ့် ဒီအချက်တွေအားလုံးက သင်သိတဲ့အရာအချို့ပဲဖြစ်ပါသေးတယ်။ သင်မသိသေးတဲ့ သင်ချစ်သူ မိန်းကလေးအကြောင်းတွေ အများကြီးရှိနေနိုင်ပါသေးတယ်။ မိန်းကလေးတစ်ယောက်က သူမရဲ့ ခန္ဓာကိုယ်နဲ့ နှလုံးသားကို ပေးချင်ပေးပါ လိမ့်မယ်။ ဒါပေမယ့် သူမ ဘယ်တော့မှစွန့်လွှတ်မှာ မဟုတ်တဲ့ အရာတွေလည်း အများကြီး ရှိပါတယ်။ ပုံမှန်ဆိုရင် ဒီအရာတွေကို သူမရဲ့အပြုံးနဲ့ ရယ်သံတို့ ကနေ သဲလွန်စရနိုင်ပါတယ်။ စိတ်ပူမနေပါနဲ့။ ချစ်သူစုံတွဲတွေအကြားမှာ မိန်းကလေးတွေဖက်က လျို့ဝှက်ထား တတ်တဲ့ အချက်တွေကို သိရှိပြီး ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ စုစည်းဖော်ပြလိုက်ပါတယ်။

၁။    သူမ အချစ်ဆုံးသူငယ်ချင်းက အားလုံးကို သိနေနိုင်ပါတယ်။
ဟုတ်ပါတယ်။ သင့်ချစ်သူမိန်းကလေးရဲ့ အချစ်ဆုံး သူငယ်ချင်းက သင်နဲ့ပတ်သက်သမျှ အရေးကြီး အချက် အားလုံးကို သိနေနိုင်ပါတယ်။ ဒီတော့ သူမရဲ့ သူငယ်ချင်းက ငါသိပါတယ်ဆိုတဲ့ပုံစံနဲ့ ပြုံးနေပြီ ဆိုရင် သေချာစကားပြောဖို့လိုပါတယ်။ သင့်ရဲ့လျို့ဝှက်ချက်တွေက သူမဆီကတဆင့် ပေါက်ကြား သွားနိုင်ပါတယ်။ အမြဲတမ်း အဆိုးချည်းပဲတော့မဟုတ်ပါဘူး။

၂။    သင့်လက်တွေကို ကြည့်နေရုံနဲ့တင် သူမ စိတ်ပါလာနိုင်ပါတယ်။

၃။ သင်တစ်ရက်လောက် သူမနဲ့ဝေးနေရင်တောင်မှ သူမက သင်အကြိုက်ဆုံး တီရှပ်ကိုယူဝတ်ပြီး အိပ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ကိုယ်နံ့ကို သူမနှစ်သက်လို့ပါ။

၎။  သူမ ယောင်္ကျားဘယ်နှစ်ယောက်နဲ့ အတူအိပ်ဖူးလဲဆိုတာ အမှန်အတိုင်း ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။
ဒီမေးခွန်းကို ဖြေရင် သူမဘယ်လောက်ပဲ ရိုးသားပုံပေါက်ပါစေ။ အမှန်မဟုတ်ဘူးလို့ပဲ ယူဆထားပါ။ မိန်းကလေး တစ်ယောက်က သူမ ယောက်ျား(၄)ယောက်နဲ့ အတူအိပ်ဖူးတယ်ဆိုရင် တကယ်က (၇)ယောက်နီးပါး ဖြစ်နိုင်ပါတယ်။

၅။  သင်နဲ့ အတူမနေခင်မှာ ကတည်းက ဒီအကြောင်းကို သူမ အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်နှင့် ပြီးသား ဖြစ်နေပါပြီ။

၆။    သင့်အဆက်ဟောင်းတွေအကြောင်းကို လိုက်စုံစမ်းခဲ့ပြီးလောက်ပါပြီ။

၇။  သင်နဲ့ချစ်ကျွမ်းဝင်သွားပြီဆိုတာနဲ့ သူမရဲ့စားချင်သောက်ချင် စိတ်ပျောက်သွားပြီး သင့်အကြိုက်ကို လိုက်ပါလိမ့်မယ်။

၈။   သူမရဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်း အမွှေးအမျှင်မရှိပဲ ချောမွတ်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် သူမ အမွှေးရိတ်တာ၊ လိုးရှင်းတွေသုံးတာ၊ အသားအရေ ထိန်းသိမ်းတာတွေကို သင့်ကိုသိစေချင်မှာ မဟုတ်ပါဘူး။

၉။   သူမမှာ လိုတာအားလုံးရှိပြီးသား ဖြစ်ပုံရနေတတ်ပါတယ်။ တကယ်တမ်းက သူမမှာ ဘာတွေရှိတယ် မရှိဘူးဆိုတာ ကို သူမရဲ့ အ၀တ်ဘီရို၊ အလှပြင်ပစ္စည်းအိတ်နဲ့ အလုပ်စားပွဲပေါ်မှာ ကြည့်ရင်သိနိုင်ပါတယ်။

၁၀။  သူမရဲ့ရည်းစားဟောင်းတွေအကြောင်းကို တွေးနေဆဲဖြစ်ပြီး သင့်ကိုလည်း နှိုင်းယှဉ်ကြည့်နေတတ် ပါတယ်။

၁၁။    သင် အပြာကားတွေ ကြည့်တတ်တယ် ဆိုတာကိုလည်း သူမသိပြီးသားဖြစ်လောက်မှာပါ။

၁၂။  သူမက အဆင်သင့်ဖြစ်ပြီ လို့ပြောရင် တကယ် အဆင်သင့်ဖြစ်ဖို့ အနည်းဆုံး (၇)မိနစ်လိုပါသေး တယ်။ ဒီလိုပြောလို့ (၇)မိနစ်နောက်ကျပြီးမှ သွားမတွေ့မိပါစေနဲ့။ နောက်ထပ်(၇)မိနစ် ထပ်ဆောင်းသွား ပါလိမ့်မယ်။

၁၃။  နောက်(၁၅)မိနစ်နေရင် တွေ့မယ်လို့ပြောတာက နောက်(၁၅)မိနစ်နေမှ ထွက်လာမယ်ဆိုတဲ့ သဘောပါပဲ။ သေချာပါတယ်။ မိနစ်(၃၀)ထက်စောပြီး ရောက်လာဖို့မရှိပါဘူး။

၁၄။  သင်က သူမကို သင်သိထားတဲ့အကြိမ်အရေအတွက်ထက် ပိုပြီးငိုအောင်လုပ်ခဲ့ဖူးပါတယ်။ သူမ တကယ်ငိုခဲ့ရတဲ့အကြိမ်အရေအတွက်ကို သင်မသိနိုင်ပါဘူး။

၁၅။    သူမကို နောက်တစ်ခါ ဖုန်းခေါ်ဖို့အရေးကို စွဲလမ်းတကြီးစောင့်မျှော်နေတတ်ပါတယ်။

၁၆။    သူမက သင်ညစ်ညမ်းစကား နည်းနည်းပါးပါးပြောတာကို သဘောကျပါတယ်။

၁၇။  စပြီးချစ်ကြိုက်ကြတဲ့ အချိန်မှာဆိုရင် သင့်ရဲ့Voice mail တွေ၊ Message တွေကို သိမ်းထားပြီး အထပ်ထပ် နားထောင်ဖတ်ရှုနေမှာပါ။

၁၈။  ပုံဆိုးပန်းဆိုး အ၀တ်အစားတွေဝတ်တာ၊ ခြေသလုံးမွှေး မရိတ်တာတို့က သင့်ကို သဘောကျလို့ပဲ ဖြစ်ပါတယ်။ ကြားရတာ ကြောင်တောင်တောင် ဖြစ်နေပါလိမ့်မယ်။ တကယ်က သူမအနေနဲ့ သင်နဲ့ ပိုမိုခိုင်မြဲတဲ့ ဆက်ဆံရေးရှိချင်တဲ့ အတွက် အစောပိုင်းအချိန်တွေမှာ ချစ်တင်းမနှောဖြစ်အောင် ထိန်းသိမ်း တဲ့ သဘော ဖြစ်ပါတယ်။

၁၉။   သူမက အ၀တ်အစား အသုံးအဆောင် ပစ္စည်းတွေ အတွက် အသုံးစရိတ်ကို နှစ်ခုထက်မက ထားပါ လိမ့်မယ်။

၂၀။   သူမက သင့်ကို အမြဲတမ်းစမ်းသပ်နေမှာဖြစ်ပါတယ်။ သူမက သင့်ရဲ့ အပြုအမူ၊ စကားအပြောအဆို၊ ကိုယ်နေဟန်၊ မျက်နှာအမူအယာ အားလုံးကို စောင့်ကြည့်၊ သုံးသပ်၊ အကဲဖြတ်နေမှာ ဖြစ်ပါတယ်။

၂၁။   သင်အခန်းထဲကထွက်သွားတိုင်း သင်နောက်ပိုင်းကို သူမက စစ်ဆေးကြည့်ရှုတတ်ပါတယ်။

၂၂။   သင်က သူမအနားမှာရှိနေချင်တဲ့ လက္ခဏာတွေကို အမြဲတမ်းမျှော်လင့်နေတတ်ပါတယ်။

၂၃။   သူမနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါးသ၀န်တိုတာကို သဘောကျပါတယ်။

၂၄။ သူမကို အချိန်မပေးလို့ အပြစ်တင်ပြောနေပေမယ့်လည်း သင်အလုပ်များနေတာကို သူမ ကြိုက် ပါတယ်။

၂၅။  သူမလစ်လျူရှုခံရတယ်လို့ ခံစားလာရရင် သင်နဲ့ ရန်ဖြစ်ဖို့ အစရှာလာပါလိမ့်မယ်။
ဒီအချိန်မှာ သူမဘာဖြစ်ချင်နေတာလဲဆိုတာကို သိအောင်ကြိုးစားပါ။ စိတ်လျှော့ဖို့ချည်းပဲ ပြောမနေပါနဲ့။

၂၆။ ပထမဆုံးစချိန်းတွေ့ချိန်မှာ ကုန်ကျစရိတ်ကို မျှခံပေးဖို့ ပြောလာရင်တောင် လက်မခံလိုက်ပါနဲ့။ သင့်ကို အချောင်ရချင်တဲ့လူလို့ ယူဆလိုက်ပါလိမ့်မယ်။

၂၇။ သင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းကို သူမသဘောမကျတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီသူငယ်ချင်းနဲ့ပဲ ဇာတ်လမ်းတွေလည်း ဖြစ်သွားနိုင်ပါတယ်။ သတိထားပေါ့။

၂၈။  သင်နဲ့ လမ်းခွဲတော့မယ်ဆိုရင် သူမရဲ့သူငယ်ချင်းတွေက သင့်ထက်အရင်ကြိုသိနေလေ့ရှိပါတယ်။ ဒီအကြောင်းကို တကယ်မဖြစ်ခင် (၂)ပတ်လောက်အလိုကတည်းက ပြောနေတတ်ပါတယ်။

၂၉။  သင်တို့နှစ်ယောက် လမ်းခွဲပြတ်စဲလိုက်ပြီဆိုတာနဲ့ သင်နဲ့ပတ်သက်သမျှ ဓာတ်ပုံတွေ၊ အမှတ်တရတွေ အားလုံးကို ဖိနပ်ဘူးထဲထည့်ပြီး ဗီရိုထဲထည့်သိမ်းထားလိုက်မှာပါ။

၃၀။   အိပ်ရာထဲမှာ သင်က ထိန်းချုပ်ဦးဆောင်တာကို သူမသဘောကျပါတယ်။
သူမဘာအလုပ်အကိုင်ပဲလုပ်လုပ်၊ ဘယ်လောက်ပဲ ထူးချွန်ထက်မြက်နေပါစေ။ သူမကို ဘာမှမပြောပဲ အိပ်ရာထဲခေါ်သွားပြီး လုပ်စရာရှိတာကို လုပ်စေချင်တတ်ပါတယ်။
________________________________________
source : gentleman

Feb 27.2016 | http://www.mymemo.cf/2016/02/post282.html