(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။ ထိုသို့ချက်ချင်းရွှေ့ပြောင်း သယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ့ပြောင်းခြင်း မပြုပါနှင့်။
(၂) လူနာကို ဖြစ်သည့်နေရာတွင်ပင် အသာ ထူမ,ပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေ ရမည်။ လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှ တစ်ဦးက ထူမ, ပေးထားပါ။ ပြီးနောက် ပိုးသတ် ထားသော ဆေးထိုး အပ် (သို့) လက်အပ်ဖြင့် လူနာ၏ လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။
(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ်ထားသော အပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။
(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက -
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။
လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက် ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆို ထားပါသည်။
__________________________________________
source : myawady
source : myawady
Feb 5.2016 | http://www.mymemo.cf/2016/02/post176.html