မုဒိန်းကျင့်ခံရခြင်းမှ ကာကွယ်ပေးမည့် အမျိုးသမီးသုံး ကွန်ဒုံး - Kharann Media

Breaking

မုဒိန်းကျင့်ခံရခြင်းမှ ကာကွယ်ပေးမည့် အမျိုးသမီးသုံး ကွန်ဒုံး


မျိုးသမီးများ မုဒိန်းကျင့်ခံရခြင်းမှ ကာကွယ်နိုင်မည့် Rape-axe ခေါ် ကွန်ဒုံးသည် အတွင်းဘက်၌ ဘရိတ်ဒါးကဲ့သို့ ထက်မြသော ဒါးသွားများ ပါရှိကာ ဓမ္မတာလာစဉ် အသုံးပြုသည့် tampon ကဲ့သို့ပင် မိန်းမကိုယ်အတွင်း ထည့်သွင်း အသုံးပြုရမည်ဖြစ်သည်။

အဆိုပါကွန်ဒုံးသည် မတော်မတရားပြုကျင့်ခြင်းခံရမည့်ဘေးမှ ကာကွယ်နိုင်သည့်အပြင် ခုခံအားကျဆင်းမှု အပါအဝင် အခြားသောလိင်ရောဂါများ နှင့်အတူ မလိုလားအပ်သော ကိုယ်ဝန်ဆောင်ခြင်းမှလည်း ကာကွယ်နိုင်မည်ဖြစ်သည်။

မုဒိန်းကျင့်ရန်ကြံစည်သူသည် မိန်းမကိုယ်အတွင်း လိင်တံကိုထည့်လိုက်သည်နှင့် လိင်တံတွင် ဒါးသွားများ လာရောက် စိုက်မိပြီး မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားရမည်ဖြစ်သည်။ လိင်တံကို ဆွဲနှုတ်ချိန်တွင် အဆိုပါ ကွန်ဒုံးသည်လည်း လိင်တံနှင့်အတူ ကပ်ပါသွားမည်ဖြစ်ရာ ထိုအချိန်တွင် အမျိုးသမီးသည် ထွက်ပြေးရန် အခွင့်အရေး ရမည် ဖြစ်သည်။


အဆိုပါ ကွန်ဒုံးကို လိင်တံမှ လွယ်လင့်တကူ ဖယ်ရှား၍ မရဘဲ ခွဲစိတ်ပြီးမှသာ ဖယ်ရှားနိုင်မည် ဖြစ်၍ ဆေးရုံ ဆေးခန်းမှ တာဝန်ရှိသူက ရဲကိုအကြောင်းကြားခြင်းဖြင့် မုဒိန်းသမားကို လက်ရဖမ်းမိမည် ဖြစ်သည်။

လိင်တံတွင် စိုက်မိနေသော ဒါးသွားများသည် အရေပြားကိုသာ ထွင်းဖေါက်မည်ဖြစ်ပြီး အရေပြားအောက် တွင် ရှိသော တစ်ရှုးကို ထိမည်မဟုတ်သဖြင့် သွေးထွက်မည်မဟုတ်ပေ။ သို့ဖြစ်၍ သွေးမှရရှိသော အခြားရောဂါများ အတွက်လည်း အမျိူးသမီးအနေဖြင့် စိုးရိမ်စရာမလိုဟု ဆိုသည်။

အဆိုပါ ကွန်ဒုံးကို Dr. Sonnet Ehlers ဆိုသူ အမျိုးသမီးတစ်ဦးက တောင်အာဖရိကနိုင်ငံတွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ ထို တောင်အာဖရိကနိုင်ငံသည် ၂၆ စက္ကန့်တိုင်းတွင် မုဒိန်းမှုဖြစ်ပွားနေသော နိုင်ငံဖြစ်သည်။
__________________________________________
source : မြဝတီ



__________________________________________
Feb 24.2016 | http://www.mymemo.cf/2016/02/post267.html