ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ(၁၀)မျိုး - Kharann Media

Breaking

ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ(၁၀)မျိုး

01. Jelly Fish

ဂျယ်လီငါးရဲ့အဆိပ်ဟာလူရဲ့နှလုံးအာရုံကြောစနစ် အရေပြားဆဲလ် စတာတွေကိုအလွယ်တကူ ပျက်စီးစေ ပါတယ်။ ရေတန်းကောင်၊ ရေခူ စသဖြင့်ခေါ်ကြပါတယ်။ ၁၅ မိနစ်အတွင်း နှလုံးခုန်မှုကို ရပ်တန့်စေပြီး သေစေနိုင်တယ်လို့ ဆိုပါတယ်။

02. King cobra

လူသိများတဲ့မြွေဟောက်ဘုရင်ပါ။ အဆိပ်ရှိသတ္တဝါများထဲမှာ အရှည်ဆုံးသတ္တဝါဖြစ်ပြီး ၅.၆ မီတာ (၁၈ပေ၅လက္မခန့်) အထိ ကြီးထွားပါတယ်။ သူရဲ့အခြားနာမည်က Ophiophagus Hannah ဖြစ်ပါတယ်။ မြွေအချင်းချင်း ပြန်စားတတ်ပြီး တစ်ချက်ကိုက်ရုံဖြင့် လူမပြောနဲ့ အရွယ်ရောက်ပြီးသား အာရှဆင် တစ်ကောင်ပင်လျှင် ၃နာရီအတွင်း သေစေနိုင်ပါတယ်။

03. Marbled cone snail

စကျင်ကျောက်ပုံစံနှင့်ခရုဖြစ်ပါတယ်။ ကြည့်လှသလောက် အဆိပ်ပြင်းလှတဲ့ အကောင်တွေထဲမှာ သူလည်းပါ ပါတယ်။ အဆိပ်ရေတစ်စက်နဲ့ပင် လူ ၂၀ထက်မနည်း သေစေနိုင်ပါတယ်။ဆားငံရည်ပျော် ဝင်နေတဲ့ ရေနွေးရှိရာဒေသများမှာ တွေ့ရတတ်ပါတယ်။ သူ့ဆူးထိမိခဲ့လျှင် အနှေးနှင့် အမြန် ကြီးမားစွာ ဒုက္ခပေးတတ်ပြီး ရောင်ရမ်းခြင်း၊ မလှုပ်နိုင်ဘဲ တဆစ်ဆစ်ခံစားရပြီး ဆိုးရွားတဲ့ဖြစ်စဉ် အဖြစ် သွပ်ချာပါဒ လိုက်သလို တုံ့ဆိုင်းသွားပြီး အသက်ရှု ခက်ခဲလာစေပါတယ်။

04. Blue Ringed Octopus

အပြာရောင်လက်စွပ်ကွင်း ပုံစံလေးနဲ့ ရေဘဝဲပါ။ အရွယ်အစားကတော့ ဘေ့ဘော တစ်လုံးရဲ့ အရွယ်လောက်ပါ။ လူ(၂၆) ယောက်ခန့်ကို မိနစ်ပိုင်းအတွင်း သေစေနိုင်ပါတယ်။ သူ လက်တံနှင့် ထိမိတဲ့အခါ အာရုံကြောများမှတဆင့် အဆိပ် ပြန့်ဝင်ပြီး ကြွက်သားများ ပျော့ပြောင်းအားနည်းလာပြီး လေးလံ ထုံထိုင်းကာ သေစေနိုင်ပါတယ်။ ဂျပန်နှင့်သြစတြေးလျရှိ ပစိဖိတ်သမုဒ္ဒရာ ဒီရေ ဝင်ရောက်တဲ့ ရေကန်တွေမှာ တွေ့ရတတ်ပါတယ်။

05. Deathstalker Scorpion


ဒီကင်းမြီးကောက်ကတော့ ကိုက်ခံရသူကို အာရုံကြောမှတဆင့် အဆိပ်ပြန့်စေပြီး လေငန်းစွဲသလိုဖြစ်ကာ မေ့မြောသေဆုံးစေနိုင်ပါတယ်။ သူ့ကိုတော့ အာဖရိကတိုက်တောင်ပိုင်းနဲ့ အရှေ့လယ်ပိုင်းတွေမှာ တွေ့ရှိရ ပါတယ်။

06. Stone Fish


ဒီကျောက်ငါးဟာ ကမ္ဘာ့အဆိပ်ပြင်းဆုံး ငါးတစ်မျိုးပါပဲ။ အကိုက်ခံရသူကို ထိတ်လန့်ပြီး တစ်ရှူးသွေးဆဲလ် များကို သေဆုံးစေကာ နာရီပိုင်းအတွင်းမှာပင် ဆေးကုသမှုမပြုလုပ်မိရင် သေဆုံးနိုင် ပါတယ်။ ပစိဖိတ်နှင့် အန္ဒိယသမုဒ္ဒရာ ရေတိမ်နေရာများ၊ ပင်လယ်နီ Queensland သောင်ခုံကျောက်တန်း များတွင် တွေ့ရှိနိုင် ပါတယ်။

07. The Brazilian wandering Spider


ဘရာဇီးမှာ လှည့်လည်သွားလာနေတဲ့ ဒီငှက်ပျောသီးပင့်ကူဟာ လူကိုအန္တရာယ်ဖြစ်စေနိုင်ဆုံး ဖြစ်ပြီး နေ့ပိုင်းတွေမှာ အိမ်ရဲ့အတွင်းပိုင်းနဲ့ အင်္ကျီ၊ ဖိနပ်တွေထဲမှာ ခိုအောင်းနေထိုင်တတ်ပါတယ်။

08. Inland Taipan

အပူပိုင်းဒေသမှ အဆိပ်ပြင်းလှတဲ့ မြွေပါ။ အကိုက်ခံရသူကို (၄၅)မိနစ်အတွင်းမှာ သေဆုံးစေနိုင်ပါတယ်။

09. Poison Dart Frog


အဆိပ်လက်နက်တွေနဲ့ ဖားငယ်လေးပါ။ မိုးများတဲ့ တောနက်တွေထဲမှာ ပြေးလွှားနေတတ်ပြီး တခါတရံ တောင်အမေရိကအလယ်ပိုင်းတွေမှာတွေ့ရတတ်ပါတယ်။ ၂လက်မခန့်ရှိပါတယ်။ လူနဲ့အခြားနို့တိုက် သတ္တဝါတွေကို သေစေနိုင်ပါတယ်။

10. Puffer Fish


ဒီငါးပူတင်း အကိုက်ခံရပြီဆိုလျှင် နှလုံးကို ဓါတ်လိုက်ခံရသလို ဖြစ်စေပါတယ်။ သူ့ရဲ့နှုတ်ခမ်းထူထူနဲ့ လျှာတွေကလည်း အဆိပ်ရှိပါတယ်။ အကိုက်ခံရသူရဲ့ ကြွက်သားတွေ ဝမ်းဗိုက်ကြောသားတွေ ထိခိုက် ခံစားရပြီး ၂၄ နာရီအတွင်း သေစေနိုင်ပါတယ်။
__________________________________________
source :Ahkter Husin

Feb 23.2016 | http://www.mymemo.cf/2016/02/post263.html