ဖုန်းအသုံးများတဲ့သူတိုင်း ပုံမှန် လုပ်ပေးသင့်တယ် - Kharann Media

Breaking

ဖုန်းအသုံးများတဲ့သူတိုင်း ပုံမှန် လုပ်ပေးသင့်တယ်

အခုခေတ်မှာ လူတိုင်းလိုလို ဖုန်း၊ကွန်ပျူတာ အသုံးပြုကြပြီး မျက်စိကို တစ်ချိန်လုံး အနားမရအောင် ကြည့်နေကြပါတယ်။

screen အလင်းရောင်ကို တောက်လျှောက် ကြည့်နေတဲ့အခါ ရေရှည်မှာ မျက်စိကိုထိခိုက်လာစေပါတယ်။

screen အလင်းရောင် အကြည့်များလို့ ပင်ပန်းပြီး အားနည်းနေတဲ့ မျက်လုံးတွေကို သွေးလှည့် ပတ်မှုကောင်းစေပီး အမြင်ကြည်လင်စေဖို့ နေ့စဉ်လုပ် ပေးသင့်တဲ့ မျက်လုံးလေ့ကျင့် ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နှစ်မိနစ်မျက်တောင်ခတ်ခြင်း

screen ကိုကြည့် တာများတဲ့အခါ မျက်တောင် ခတ်တဲ့အကြိမ်အရေ အတွက်နည်းပြီး မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်း၊ ကွန်ပျူတာကို ဆက်တိုက်ကြည့်ပြီး တဲ့အခါ နှစ်မိနစ်လောက်မျက်တောင်ခတ်ပေးပါ။ မျက်လုံးညောင်း ညာနေတာ ကိုပြေစေပြီး အမြင်ကြည်လင် စေပါတယ်။

(၂) မျက်နှာကျက် ကိုမော့ကြည့်ပြီး ဦးခေါင်းဘယ် ညာလှည့်ခြင်း

ခေါင်းကိုမော့ပြီ းမျက်နှာကျက်ကို ကြည့်ကာ ဦးခေါင်းကို ဘယ်ညာလှည့် ပေးပါ။ အဲ့ဒါကို နှစ်မိနစ် ခန့်လုပ်ပေးပါ ။ ခေါင်းကိုမော့ပြီးမျက်နှာကျက် ကိုကြည့်ကာ ဦးခေါင်းကို ဘယ်ညာလှည့်ပေးပါ။ အဲ့ဒါကို နှစ်မိနစ်ခန့်လုပ်ပေးပါ။

(၃) ငါးမိနစ်လောက်မျက်စိမှိတ်ထားခြင်း

ဖုန်း ၊ ကွန်ပျူတာ ကိုကြည့်တာကြာ လာတဲ့အခါ မျက်စိကိုမှိတ်ထားပြီး ငါးမိနစ်လောက်နေပေးပါ။ အဲ့ဒါက မျက်စိကို အနားရစေပြီး မျက်စိအား နည်းခြင်းမဖြစ် အောင်ကာကွယ်ပေး ပါတယ်။

(၄) စက္ကန့်အနည်းငယ် လောက်မျက်စိကို တင်းတင်းမှိတ်ထားခြင်း

မျက်စိ အရမ်းညောင်းပြီး တင်းကြပ်နေ တဲ့အခါ မျက်လုံးကို ၂ စက္ကန့်၊ ၃စက္ကန့်လောက် တင်းတင်းမှိတ်ထားပြီး ပြန်ဖွင့်လိုက်ပါ။ ဒါက မျက်လုံးကို အနားရစေပါတယ်။

(၅) မျက်ခုံးတလျှောက်နှိပ်နယ်ပေးခြင်း

screen ကိုကြည့်တာများပြီး မျက်လုံးက ပင်ပန်းလာတဲ့အခါ မျက်စိကို ခဏမှိတ်ထားပြီး မျက်ခုံးတလျှောက်ကို လက်ချောင်း ထိပ်လေးတွေနဲ့ နှိပ်နယ် ပေးလိုက်ပါ။ မျက်လုံးကိုသွေးလှည့် ပတ်မှုကောင်းစေ ပါတယ်။

(၆) အနီး၊အဝေးတ လှည့်စီကြည့်ခြင်း

လက်ကို ဆန့်လိုက်ပြီး လက်မကို ထောင်ထားကာ မျက်စိက အဲ့ဒီလက်မကို ၅ စက္ကန့်လောက်စိုက်ကြည့်ပါ။ ပြီးတာနဲ့ အဝေးကသစ်ပင် ဒါမှမဟုတ် အရာဝတ္ထုဆီကို အကြည့်လွဲလိုက်ပြီး အဲ့ဒီအရာကိုလည်း ၅ စက္ကန့်လောက်စိုက်ကြည့်ပါ။

ဒီလိုမျိုး အနီး၊အဝေးတ လှည့်စီကြည့်ပေးခြင်းက မျက်မှန်သမားတွေကို ပါဝါလျော့အောင် ကူညီပေးနိုင်ပါတယ်။