ခရမ်းချဉ်သီးပင် စနစ်တကျ စိုက်ပျိုးနည်း - Kharann Media

Breaking

ခရမ်းချဉ်သီးပင် စနစ်တကျ စိုက်ပျိုးနည်း


*မူရင်းဒေသ*
တောင်အမေရိကတိုက်၊ ပီရူးနိုင်ငံ

*အမျိုးအစား*
ခရမ်းချဉ်ကို အရိုင်းမျိုး၊ မီးဖို⁠ချောင်သုံး Table type , Cherry type နှင့် processing type ဟူ၍ ခွဲ⁠ခြားစိုက်ပျိုးလေ့ရှိပါသည်။ အရိုင်းမျိုးမှာ အချဉ်ဓာတ်ပါဝင်မှု မြင့်မားပြီး အသီးအရွယ်အစားသေးခြင်း၊ အခွံပါးခြင်းနှင့် အစေ့ပါဝင်မှုများပြားခြင်း ရာသီဥတုဒဏ်( အပူချိန်⁠မြင့်မားမှု) ကို ပိုမိုခံ⁠နိုင်ရည်ရှိ⁠ခြင်း ရောဂါဒဏ်ခံ⁠နိုင်မှုရှိ⁠ခြင်းကြောင့် မျိုးစပ်⁠ခြင်းလုပ်ငန်းတွင် များစွာအသုံးဝင်ပါသည်။

မီဖိုချောင်သုံးနှင့် Table Type ခရမ်းချဉ်သီးများမှာ အလုံးအရွယ်အစားအသင့်အတင့်မှ ကြီးမားပြီး အစေ့ပါဝင်မှု နည်းပါးသည်။ အနည်းငယ်⁠အေးသောဒေသများတွင် ပို၍ စိုက်ပျိုးဖြစ်ထွန်းမှု အားကောင်းပါသည်။

Cherry tomato ခရမ်းချဉ်သီးတွင် အချိုဓါတ်ပါဝင်မှု မြင့်မားပါသည်။ စက်ရုံသုံးခရမ်းချဉ်သီးမျိုးမှာ အခွံထူ အနှစ်များပြီး အသီးရင့်မှည့်ချိန် ညီညာမှုရှီသည့်အတွက် စက်⁠ဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ပါသည်။

*အပင်ပုံသဏ္ဍန်*
(က) တိုင်⁠ထောင်မျိုး(Indeterminate)

အပင်⁠ကြီးထွားပုံမှာ အဖျားတွင် အညွန့်⁠နှင့် အဆုံးသတ်⁠လေ့ရှိသည်။ ပန်းခိုင်တစ်ခု⁠နှင့် တစ်ခု⁠ကြားတွင် အဆစ်(၂) ဆစ်မှ အထက်ရှိသည်။   ပြုစု⁠စောင့်⁠ရှောက်မှုကောင်းပါက တစ်⁠နှစ်ခံ⁠ပြင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင် တိုင်ထောင်၊ တန်းပစ်၊ ကြိုးချည်၊ အတက်ဖဲ့⁠ခြင်း လုပ်ငန်းများ မှန်မှန်⁠ဆောင်ရွက်ရန် လိုအပ်ပါသည်။

(ခ) တိုင်လွတ်မျိုး( Determinate)
အပင်⁠ကြီးထွားပုံမှာ အဖျားတွင် ပန်းခိုင်⁠နှင့် အမြဲတမ်း အဆုံးသတ်⁠လေ့ရှိသည်။ပန်းခိုင်တစ်ခု⁠နှင့်တစ်ခု⁠ကြားတွင် အဆစ်(၃)ဆစ်သာ ရှိသည်။ စက်ရုံသုံးခရမ်းချဉ်သီးအားလုံး ဤအုပ်စု⁠အောက်တွင်ပါဝင်⁠ပြီး မိုးလွတ်ကင်းသော ဆောင်းနှင့် နွေဥတုတွင် စိုက်ပျိုးသည်။

*စိုက်ပျိုးသည့်⁠ဒေသ*
အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတွင် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသည်။ မြန်မာနိုင်ငံအနေဖြင့် မန္တ⁠လေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့်ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ သမနွေးပိုင်းရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် တစ်⁠နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။

*⁠မြေနှင့် ရာသီဥတု*
နွေးသောရာသီဥတုကို ကြိုက်⁠နှစ်သက်သည်။ နံနက်ပိုင်းအပူချိန် (၁၅) ဒီဂရီစင်တီဂရိတ်တွင် ပန်းပွင့်မှုမှာ အကောင်းဆုံးဖြစ်သည်။ ညဘက်တွင် အလွန်ခြောက်⁠သွေ့ပူ⁠ပြင်းပြီး အပူချိန် (၁၃) ဒီဂရီစင်တီဂရိတ်ထက် နိမ့်ကျလျှင်လည်းကောင်း၊ (၃၂) ဒီဂရီစင်တီဂရိတ်ထက်   မြင့်လျှင်လည်းကောင်း၊ ခရမ်းချဉ်အပွင့်များ မျိုးမအောင် အသီးမတင်⁠ဖြစ်ရမည်။ ပူလွန်းခြင်း၊ အေးလွန်းခြင်းစသည့် လွန်ကဲ⁠သော ရာသီဥတုအခြေအနေမျိုးတွင် အပင်ကို သေစေနိုင်သည်။ ပျှမ်းမျှအပူချိန်(၁၈-၁၅) ဒီဂရီစင်တီဂရိတ်ရရှိလျှင် အပင်⁠ဖြစ်ထွန်းမှု အကောင်းဆုံး ဖြစ်ပါသည်။

ခရမ်းချဉ်ကို မြေအမျိုးအစားများစွာတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အသင့်တော်ဆုံးမှာ နုန်းမြေ နှင့် နုန်းစနယ်⁠မြေ  ဖြစ်ပါသည်။   ရေဝပ်သောမြေကို လုံးဝ⁠ရှောင်ကျဉ်ရမည်။ မြေအချဉ်အငံဓါတ် (၅.၅-၇.ဝ) တွင် အကောင်းဆုံးဖြစ်သည်။ မြေအချဉ်ငံဓါတ်(၅.၅)ထက် နိမ့်ကျပါက ထုံးထည့်၍ စိုက်ပျိုးရန် လိုအပ်ပါသည်။

*အသီးပုံသဏ္ဍန်*
Deep globe, Oblate, Rectangular နှင့် Plum ဟူ၍ ခွဲ⁠ခြားနိုင်ပါသည်။ အသီးညှာတွင် အစိမ်းရစ်ပါသောမျိုး (Green Shoulder) နှင့် မပါသောမျိုးဟူ၍ပေါ်လွင်စွာ ခွဲ⁠ခြားလေ့ရှိပါသည်။ အသီးထိပ်တွင် (Pointed, Semi-pointed, Smooth နှင့် Sink) ဟူ၍ (၄) မျိုး ခွဲ⁠ခြားထားပါသည်။ အသီးရောင်အနေဖြင့်အနီ၊ ပန်းရောင်နှင့် အဝါ ဟူ၍ အုပ်စု(၃) ခု ခွဲ⁠ဖြားထားပါသည်။

*ပျိုးထောင်⁠ခြင်း*
စနစ်တကျ⁠ပြု⁠ပြင်ထားသော ပျိုးဘောင်တွင် တစ်တန်းနှင့် တစ်တန်း (၂) လက်မခြား စိုက်တန်းများ ဖြောင့်တန်းစွာစွဲ၍ တစ်⁠စေ့⁠နှင့်တစ်⁠စေ့ လက်မဝက်ခြားစီ မျိုးစေ့တန်းချကာ မြေဆွေးမှုန့်⁠ဖြင့် ခပ်ပါးပါးဖုံးအုပ်⁠ပေးရန် လိုသည်။ ပြီးလျှင် ရေဝ⁠အောင်⁠လောင်းပေး၍  ကောက်ရိုး၊   မြက်ခြောက်၊ သက်ကယ်(သို့မဟုတ်) စပါးခွံ⁠ဖြင့် ခပ်ပါးပါးဖုံးအုပ်⁠ပေးရန် လိုသည်။ ခရမ်းချဉ်ပျိုးဘောင်တွင် ရောစပ်ရမည့် မြေအချိုးနှုန်းမှာ လယ်မြေနှစ်ဆ မြေဆွေးတစ်ဆနှုန်း ဖြစ်ပါသည်။ ရေလောင်းခြင်းကို နံနက်ပိုင်းတွင်သာ ဆောင်ရွက်၍ ပိုးမွှားရောဂါအခြေအနေကို စဉ်ဆက်မပြတ်ကြည့်ရှုစစ်⁠ဆေးပေးရန် လိုသည်။

ရာသီလွန်အခါမဲ့ (Off-season) စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ်မျိုးစေ့များကို(၂.၅’×၁×၅’) အရွယ်ပျိုးသေတ္တာများတွင် အသင့်⁠ရောစပ်⁠ပြီး   မြေဆွေးများထည့်၍ အထက်⁠ဖော်⁠ပြပါ အကွာအဝေးအတိုင်း အတန်းလိုက်တစ်⁠စေ့ခြင်း စီချကာပျိုးထောင်ရန် လိုအပ်ပါသည်။

အပင်⁠ပေါက်⁠ပြီး (၁၀-၁၅) ရက်သား ရွက်မှန် (True Leaf) (၂) ရွက်ထွက်ချိန်တွင် (၄) လက်မ ထိပ်ဝအချင်းရှိ⁠သော ပလတ်စတစ်အိတ် သို့မဟုတ် ပျိုးခွက်များတွင်ရွေ့⁠ပြောင်းစိုက်ပျိုးရန် လိုအပ်ပါသည်။ အဆိုပါ ပျိုးခွက်အတွင်းရက် (၂၀-၂၅)ရက်ထားရှိကာ ထာဝရစိုက်ခင်း သို့ ရွေ့⁠ပြောင်းစိုက်ပျိုးနိုင်ပါသည်။

ပျိုးဘောင်⁠ဖြင့် ပျိုးထောင်ထားပါက ပျိုးလောင်⁠ပေါ်တွင် (၄×၂) ပေအကွာထား၍ ပျိုးထောင်⁠ပြီး ပျိုးသက် (၃၀-၃၅) ရက်သားတွင် အစိုဓါတ် လုံ⁠လောက်သော စိုက်ခင်းအတွင်းသို့မွန်းလွဲညနေပိုင်း ညနေခင်းများတွင် ရွေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

*မျိုးစေ့⁠နှုန်း*
တစ်ဧကမျိုးစေ့ (၁၀၀) ဂရမ်⁠နှုန်း၊ အပင် (၈၀၀၀ မှ ၁၀၀၀၀) အထိဝင်ဆန့်အောင် စိုက်ပျိုးရမည်။

*မြေသြဇာနှုန်းထား*
နွားချေး၊ မြေဆွေး         – ၈-၁၀ တန်

ယူရီးယား (၅၀) ကီလို     –   ၂ အိတ်

တီစူပါ (၅၀) ကီလို         – ၂ အိတ်

ပိုတက်ရှိ (၅၀) ကီလို      –  ၃ အိတ်

နွားချေး၊ တီစူပါနှင့် ပိုတက်ရှိတစ်ဝက်တို့ကို မြေပြု⁠ပြင်ချိန်တွင် ထည့်သွင်း၍ ကျန်⁠မြေသြဇာများကို အပင်လှန်ချိန်၊ ပန်းစတင်ပွင့်ချိန်၊ ပထမပန်းခိုင်အသီးတင်ချိန်၊ ပထမအကြိမ် အသီးခူးဆွတ်ချိန်⁠နှင့် ဒုတိယအကြိမ် အသီးဆွတ်ချိန်တွင်ထပ်မံထည့်သွင်းရန်လိုအပ်ပါသည်။

*⁠မြေပြု⁠ပြင်နည်း*
မြေအခြေအနေပေါ်မူတည်၍ ထယ် (၂) စပ်မှ (၄) စပ်ထို⁠ပြီး ထွန်⁠ရေးညက်သည်အထိ (၁၆)သွား ထွန်ဝင်⁠ပေးရန်လိုအပ်ပါသည်။ ခရမ်းချဉ်အမြစ်သည် တည့်မတ်စွာ မြေအနက် (၃)ပေခန့်အထိ ဆင်းနိုင်သည့်အတွက် ထယ်⁠ရေးနက်ရန်လိုအပ်သည်။ မိုးများဒေသတွင် ရေမဝပ်⁠စေရန် ရေနှုတ်မြောင်းလုပ်⁠ပေးရသည်။ ထွန်⁠ရေးညက်လျှင် ကြမ်းတုံးရိုက်၍ တစ်တန်းနှင့်တစ်တန်း (၃)ပေ တစ်ပင်⁠နှင့်တစ်ပင် (၂)ပေခြား စိုက်ပျိုးရပါမည်။

*စိုက်ပျိုးနည်း*
ပျိုးသက် (၃၀ မှ ၃၅) ရက်သား (သို့မဟုတ်) ပျိုးပင်ရွက်မှန်အဆင့် (၆-၈) ရွက်တွင် စိုက်ခင်းသို့ ရွေ့⁠ပြောင်းစိုက်ပျိုးသည်။ မွန်းလွဲပိုင်း နေပူရှိန်စတင်ကျဆင်းချိန်တွင် ကြိုတင်⁠ရေလောင်းထားသော ပျိုးခင်းမှ ပျိုးပင်ကလေးများကို လက်ထိုးတူရွှင်းဖြင့် အမြစ်မထိခိုက်⁠စေရန် တူးယူ⁠ပြီး အမြစ်ကိုပြောင်စင်⁠အောင် ရေဆေးရမည်။ မစိုက်ပျိုးသေးသော ပျိုးပင်ငယ်များကို အရိပ်အောက်တွင် အမြစ်⁠ရေနှစ်ကာ ထားရှိရန်လိုပါသည်။

*အပင်⁠ပြုစုနည်း*
ရွေ့⁠ပြောင်းစိုက်ပျိုးပြီး (၁၅) ရက်ခန့်အကြာ အပင်လှန်ချိန်တွင် ပထမအကြိမ် ခါးဆွမြေတောင်⁠မြောက်⁠ပေး၍ မြေသြဇာကျွေးရန် လိုအပ်ပါ သည်။ ယင်းအချိန်တွင် မိမိစိုက်ပျိုးသော မျိုးအပေါ်မူတည်၍ တိုင်⁠ထောင်မျိုးဆိုပါက လိုအပ်သော အတက်ဖဲ့⁠ပေးခြင်း၊ တိုင်⁠တောင်တန်းပစ်၊ ကြိုးချည်ပေးခြင်းပြုလုပ်ရမည်။

ခရမ်းချဉ်အတက်ဖဲ့နည်းမှာ ပထမဆုံးထွက်ရှိလာသော ပန်းခိုင်⁠အောက်ရှိ အရွက်⁠ကြားမှ ပြူထွက်လာသောဘေးတက်အား သီးကိုင်းအဖြစ် မွေးမြူချန်လှပ်ကာ ကျန်အောက်ဖက်ရှိ ဘေးတက်အားလုံးကို ဖဲ့⁠ချွေပေးရန်လိုအပ်ပါသည်။

စိုက်ပျိုးထားရှိ⁠သော ခရမ်းချဉ်ပင်အား၊ ခရမ်းချဉ်သီး ဈေးကွက်အခြေအနေအရလည်းကောင်း၊ မျိုးစေ့ထုတ်လုပ်ရန် ရည်ရွယ်ထားရှိမှုအရ လည်းကောင်း၊ အပင်ပုံသွင်းပြုစုနည်းကို (၃)မျိုး ခွဲ⁠ခြားဆောင်ရွက်⁠နိုင်သည်။

(က) ပင်စည်(၃)ကိုင်း ထားရှိ⁠ခြင်း
တစ်ပင်⁠နှင့်တစ်ပင် (၂)ပေခြား စိုက်ပျိုးလျှင် သင့်⁠တော်ပါသည်။ အပင်လှန်ပြီး (၁၅) ရက်သားတွင် မူလပင်စည်မှ ထွက်⁠သော ပန်းခိုင်အောက်မှကပ်လျက် ဘေးတက်အား ဒုတိယပင်စည် (သီးကိုင်း)အဖြစ် မွေးမြူရပါမည်။ ၎င်း⁠အောက်ရှိ ဘေးတက်များအားလုံး ဖဲ့⁠ချွေပစ်ရပါမည်။ ပထမပင်စည်မှ ဖူးပွင့်လာသော ဒုတိယပန်းခိုင်⁠အောက်ရှိ အရွက်⁠ကြားမှ ထွက်လာသော ဘေးတက်မှ ဒုတိယပင်စည် (သီးကိုင်း) မှထွက်⁠သော ပထမပန်းခိုင်အောက်မှ ကပ်လျက်တည်ရှိသည့် အရွက်⁠ကြားမှ ထွက်လာသောဘေးတက်(၂)ခုအား သန်စွမ်းကြီးထွားမှု နှိုင်းယှဉ်⁠လေ့လာကာ ပိုမိုသန်စွမ်းသည့် ဘေးတက်ကို တတိယပင်စည်( သီးကိုင်း) အဖြစ် ဆက်လက် မွေးမြူချန်လှပ်ထား ရှိရပါမည်။

ပင်စည်(၃)ကိုင်းပေါ်တွင် ထွက်ရှိလာသော ဘေးတက်မှန်သမျှ အားလုံးချွေပစ်ခြင်းကို ပုံမန်⁠ဆောင်ရွက်⁠ပေးရန်လိုပါသည်။ ပင်စည်(သီးကိုင်း) တစ်ခုစီ⁠ပေါ်တွင် ပန်းခိုင်(၄-၅)ခိုင်စီ ထွက်ရှိ⁠ပြီးပါက အဆိုပါ သီးကိုင်း (၃)ခု စလုံးအား ခေါင်ညွန့်⁠နှိမ်⁠ပေးရမည်။

(ခ) ပင်စည်(၂)ကိုင်း ထားရှိ⁠ခြင်း
အထက်⁠ဖော်⁠ပြပါ ပင်စည်(၃)ကိုင်းထားရှိသည့် အပင်ပုံသွင်းပြုစုနည်းစနစ်အတိုင်းဆောင်ရွက်၍ ဒုတိယပင်စည် (သီးကိုင်း)ရရှိ⁠ပြီးချိန်တွင် ပင်စည်( ၂) ကိုင်းလုံးပေါ်ရှိ ထွက်⁠ပြူလာသမျှ⁠သော ဘေးတက်များအားလုံးကို ဖဲ့⁠ချွေပစ်ရန် လိုအပ်ပါသည်။ ကိုင်းဖြတ်ပုံသွင်းနည်း စနစ်သည် သီးနှံ⁠ဈေးနှုန်း အေးချိန် ကျချိန်များတွင် သီးထွက်⁠နောက်ကျထွက်⁠စေရန် အချိန်ဆွဲ စိုက်ပျိုးနည်းစနစ် ဖြစ်ပါသည်။

(ဂ) ပင်စည်ထီးတည်း ထားရှိ⁠ခြင်း
ခရမ်းချဉ်ပျိုးပင်များအား စိုက်ကွက်ထဲ့သို့ ရွေ့⁠ပြောင်းစိုက်ပျိးပြီးအပင်လှန်ချိန်တွင် စတင်၍ မူလပင်စည်(Main Stem) မှ ထွက်⁠ပြူလာ   သော ဘေးတက်များအားလုံး ဖဲ့⁠ခြွေပစ်၍ ပင်စည်သီးကိုင်းတစ်ခုတည်းထားရှိ စိုက်ပျိုးသောစနစ်⁠ဖြစ်ပါသည်။ ဤနည်းဖြင့် ခရမ်းချဉ် ပင်တန်းအကွာအဝေးကို (၂-၃)ပေအထိ စိုက်ပျို⁠းနိုင်သည့်အတွက် တစ်ဧကတွင် မူလပင်စည်မှ ထွက်လာသော ပန်းခိုင်များကို သီးလာမည့် ခရမ်းချဉ်သီး အရွယ်အစားကြီးမားခြင်း၊ အရောင်အသွေးပိုမိုစို⁠ပြေတောက်ပခြင်း စသည့်အကျိုးများစွာ ရရှိ⁠နိုင်ပါသည်။

*ရေသွင်းနည်း*
စိုက်⁠ဘောင်⁠ဖြင့် စိုက်ပျိုးပါက ရေလောင်းစနစ်၊ ရေဖြန်းစနစ်(Sprinkler)၊ အစက်ချစနစ်(Drip irrigation) တို့ကို ဆောင်ရွက်⁠ခြင်းဖြင့် အပင်⁠ဖြစ်ထွန်းမှု ပိုမို⁠ကောင်းမွန်ပါသည်။

မြောင်းဖြင့် ရေပေးသွင်း စိုက်ပျိုးမည်ဆိုပါက  ခရမ်းချဉ်ပင်များရွေ့⁠ပြောင်းစိုက်ပျိုးခြင်းမပြုမီ ရေသွင်း မြောင်းမနှင့်မြောင်းလက်တံများ လိုအပ်သလို ကြိုတင်⁠ပြု⁠ပြင်ထားရပါမည်။

မိုးရာသီ စိုက်ပျိုးပါက ဘောင်⁠ဖော်စိုက်ပျိုးရန်⁠နှင့် ရေထုတ်⁠မြောင်းများ
ကောင်းစွာပြုလုပ်ထားပြီး၊ အခြေအနေပေးပါက ပလပ်စတစ်စဖြင့် ဖုံးအုပ်စိုက်ပျိုးရန် လိုအပ်ပါသည်။

*ပိုးမွှာရောဂါကာကွယ်⁠ခြင်း*
ခရမ်းချဉ်ပျိုးခင်းတွင် အပင်⁠ပေါက်⁠ပြီး (၁၅) ရက်သားတစ်⁠ကြိမ် မရွေ့ပြောင်းမီ (၂)ရက်ခန့်အလိုတွင် တစ်⁠ကြိမ် ပင်လုံးပြန့် သတ္တိရှိသည့် (Systemic Action) ပိုးသတ်⁠ဆေးများဖြင့် ပက်ဖျန်းကာကွယ်⁠ပေးရန် လိုအပ်ပါသည်။ ၎င်းအချိန်တွင် မှိုသတ်⁠ဆေးများဖြစ်သည့် Deconil, Topsim (၂၀၀ ဂရမ်/⁠ရေ (၄)လီတာ)နှုန်းကို ပိုးသတ်⁠ဆေးနှင့် အတူ⁠ရောစပ်ပက်ဖျန်းနိုင်ပါသည်။ ပျိုးခင်းတွင် ခါးရိ⁠ရောဂါ (Damping Off) ကျရောက်တတ်သဖြင့် အထက်ပါမှိုသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ်⁠နိုင်ပါသည်။

စိုက်ခင်းတွင် အဓိကကျ⁠ရောက်⁠သောပိုးများမှာ (Thrip)လှေပိုး၊ White fly နှင့် သီးလုံးဖောက်ပိုးများ ကျ⁠ရောက်တတ်ပါသည်။ ဒီစစ်ပိုးသတ်⁠ဆေးဖြင့် ကာကွယ်⁠နိုင်ပါသည်။ အဓိက ကျ⁠ရောက်သည့် ရောဂါမှာ လောင်မည်းရောဂါ (Late Blight) နှင့် (Early) တို့⁠ဖြစ်⁠ပြီး Ridomil, Mangozeb တို့⁠ဖြင့် ကာကွယ်နှိမ်⁠နှင်းနိုင်ပါသည်။

*ရိတ်သိမ်းခြင်း*
ခရမ်းချဉ်သီးအတွက် အသီးတင်ချိန်မှ ရင်မှည့်ချိန်အထိ သင့်⁠တော်မည့်အဆင့်တွင်ခူးဆွတ်ရန် လိုအပ်ပါသည်။ ခရမ်းချဉ်သီးအစိမ်းရောင်မှ အစိမ်းဖျော့ ထိုမှတဆင့် အဖြူ⁠ရောင်များလာချိန်တွင် ခူးဆွတ်ပါက အဝေးဈေးကွက်သို့ တင်ပို့နိုင်⁠ပြီး၊ လမ်းခရီးတွင် အပျက်အစီး အဆုံးအရှုံး သက်သာမည် ဖြစ်ပါသည်။ ဒေသဝန်းကျင်ဈေးတွင် ပို့⁠ဆောင်ရောင်းချမည်ဆိုပါက ဝမ်းပြင်အဆင့် အဝါရောင်⁠ပြောင်းစ အသီးများကို ဆွတ်ခူး ရောင်းချ⁠နိုင်ပါသည်။ မျိုးစေ့ထုတ်ရန်အတွက်မူ အပင်ပေါ်တွင် ကောင်းစွာရင့်မှည့်သည်အထိ ထားရန် လိုအပ်ပါသည်။ စနစ်တကျ စိုက်ပျိုးပါက ကုန်းမြေတွင် အထွက်⁠နှုန်း (၅၀၀၀-၈၀၀၀) ပိဿာ/တစ်ဧက ထွက်နိုင်ပြီး အင်းလေဒေသတွင် တစ်ဧကလျှင် ပိဿာချိန်(၁၀၀၀၀) ထွက်ရှိ⁠နိုင်ပါသည်။

Source: ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း