သရက်ပင် ကိုင်းကူးနည်း - Kharann Media

Breaking

သရက်ပင် ကိုင်းကူးနည်း


အသီးသီးနေတဲ့ အပင်အရင့်ရဲကိုင်းဖျားကို စွတ်ပြီး အကိုင်းကူးနည်းဖြစ်ပါတယ်။ ကျွန်တော်ခြံမှာသီးနေတဲ့ အပင်နဲ့အတူ ပြုလုပ်ပုံကို ဓါတ်ပုံမှာ တွဲဖေါ်ပြထားပါတယ်။

  1. သရက်အစေ့ကို ပလပ်စတိတ်အိပ်မှာ အရင်ပျိုးပါ။
  2. ၄၅ ရက်လောက်အကြာပျိုးပင်ကို ပုံကအတိုင်း ဖြတ်ပါ။
  3. ပျိုးပင်ငုတ်တို အလည်တည့်တည့်ကို နှစ်လက်မ လောက် ဓါးနဲ့ခွဲပါ။ (ပင်ပျိုအသေးအကြီးပေါ်မူတည်ပြီး ပျိုးပင်ငုတ်တိုကိုခွဲပါ)
  4. အသီးသီးနေတဲ့ အပင်အရင့်က ကိုင်းဖျားကို ဖြတ်ယူပါ။ (ပျိုးပင်ငှတ်တို လုံးပတ်နဲ့အရွယ်တူတဲ့ ကိုင်းဖျားကို ယူပါ)
  5. ပင်ရင့်ကိုင်းဖျား ဖြတ်ထားနေရာကို V ပုံစံ တူရွင်းပြားလို ချွန်ပါ။
  6. ပျိုးပင်ငုတ်တို ဓါးနဲ့ခွဲထားတဲ့နေရာမှာထိုးသွင်းပါ။
  7. အဲ့အဆက်နေရာကို ပတ်တီးစီးသလို ပလပ်စတစ်နဲ့စည်းပါ။ (ပလပ်စတိအိတ်အကြည်ကို ပတ်တီးပုံစုံဖြတ်ပြီးစည်းပါ)
  8. ဆက်ရာအောက်နားအထိ ပလပ်စတစ်အိတ်စွတ်ပြီး အဝကို ချည်ထားပါ။ (အဆက်နေရာကို ပိုးမဝင်အောင်နဲ့ အစိုဓါတ်ကိုထိန်းထားဖို့ဖြစ်ပါတယ်)
  9. အရိပ်မှာ ထားပါ၊ 45 ရက်လောက်အကြာမှာ ဆက်ရာလည်း စေ့လာလိမ့်မယ်၊ ရွက်နုထွက်လာလိမ့်မယ်၊ အဲ့ဒီအခါမှာ စွတ်ထားတဲ့ ပလပ်စတစ်အိတ်ကို ဖယ်ရှားလိုက်ပါ။
  10.  နေရောင်မပြင်းတဲ့နေရာမှာ ဆက်လက်ပျိုးထားပါ။
  11. အပင်သန်မာလာပြီးနောက် စိုက်ခင်းထဲကို ပြောင်းစိုက်နိုင်ပါပြီ။