(ကြီးကြီးကျယ်ကျယ်တွေမရေးထားပါ။ လူအများနားလည်အောင်ပဲ ရေးပြသွားပါမယ်။ စေတနာဗရပွနဲ့ရေးထားတာမို့ အဆုံးထိဖတ်ပေးပါဗျ။)
သစ်ခွအတွက် အရေးအကြီးဆုံးတွေက နေရောင်နဲ့ရေ ပါပဲဗျ။ ကဲ ပထမဦးဆုံး နေရောင်ခြည်နဲ့ပတ်သက်သာအရင်ပြောရအောင်။
သစ်ခွတစ်ပင်ကြီးထွားဖို့အတွက် အခက်အခဲဆုံးတွေထဲက တစ်ခုကတော့ မှန်ကန်တဲ့နေရောင်ခြည်ပမာဏကို ရရှိအောင်လုပ်ပေးဖို့ပါပဲ။ တချို့သစ်ခွတွေကြတော့ တိုက်ရိုက်နေရောင်မလိုပြန်ဘူး။
အကောင်းဆုံးနည်းကတော့ နေထွက် နေဝင်ဖြစ်တဲ့ အရှေ့နဲ့အနောက်က ပြတင်းပေါက်တွေမှာ ထားလိုက်ရုံပါပဲ။ဒါဆို အရှေ့အရပ်မှာထားတဲ့အပင်က နေ အနောက်ရောက်သွားရင် နေဒဏ်ထိမှာ မပူရတော့ဘူးလေ။
အရွက်လေးတွေ ညိုးလာပြီဆိုရင်တော့ (ညိုပုပ်ရောင်)ဒါဟာနေအပူရှိန်လွန်ပြီး နေပူလောင်တာပေါ့။အဲ့ဒီအချိန်ကျရင် တိုက်ရိုက်နေရောက်မရနိုင်တဲ့နေရာမှာ အပင်ကို ရွေ့ထားဖို့ လိုပါပြီ။
ဘယ်လိုရေလောင်းပေးမလဲ။ မမှန်မကန်ရေလောင်းမိတာဟာ တခြားအကြောင်းအရာ တွေထက် သစ်ခွပင်လေးတွေကို ပိုသေစေနိုင်ပါတယ်။ ရေလောင်းတာက မရှုပ်ထွေးပါဘူး။
ဒါပေမယ့် အိမ်မှာရှိတဲ့တခြားအပင်တွေကိုရေလောင်းသလိုတော့ သစ်ခွကို ရေမလောင်းမိပါစေနဲ့။ ဘယ်လိုရေလောင်းရမလဲသိဖို့အတွက် အရင်ဆုံး သစ်ခွပင်ရဲ့အမြစ်တွေအကြောင်း သိဖို့လိုအပ်ပါတယ်ဗျ။
သစ်ခွရဲ့အမြစ်တွေကို Velamenလို့ခေါ်တဲ့ သစ်သျူးအလွှာပါးလေးနဲ့ ဖုံးထားပါတယ်။ဒီအလွှာပါးလေးရဲ့လုပ်ဆောင်ချက်က ရေတွေအများကြီးကို မြန်မြန်စုပ်ပေးနိုင်တယ်။ သစ်ခေါက်တွေလို ကြမ်းတမ်းတဲ့ မျက်နှာပြင်မှာ တွယ်ကပ်ပေးနိုင်တယ်။
အဟာရဓာတ်တွေ၊ဆားဓာတ်တွေကို ဖလှယ်ပေးနိုင်တယ်။ ရေတိုင်းတဲ့မီတာလိုပဲ သစ်ခွရေလိုနေပြီဆိုတာအချက်ပြပေးတယ်။ ခြောက်သွေ့တဲ့velamenက အဖြူရောင်နဲ့ငွေရောင်။ ရေဝနေတဲ့ဟာက အစိမ်းရောင်နဲ့ပြောက်ကျားရောင်။
ရေလောင်းခြင်းနဲ့ပတ်သက်ပြီးလွဲမှားမှုများ
ရေမကြာခဏလောင်းခြင်း အမှန်ဆုံးကတော့ ခြောက်မှလောင်းပါ။ ညမှာရေလောင်းခြင်း ဘယ်သစ်ခွအမျိူးအစားပဲ ဖြစ်ပါစေဗျာ …ရေကို မနက်မှာပဲလောင်းပါ။ ညဘက်မှာရေလောင်းတာဟာ အလွယ်မှတ်ရရင် မှိုကျတတ်တယ်။
ဘာလို့ကျသလဲဆိုရင် (အဒွန့်တက်ချင်သူများအတွက်) ရေလောင်းများတာရယ်၊ လေဝင်လေထွက် မကောင်းတာရယ်၊ အပူချိန်နည်းတာရယ် သူံးမျိုးစပ်ပြီး ဖြစ်။ဒါကြောင့် ညဘက်မှာ သစ်ခွပင်ကို ခြောက်သွေ့နေပါစေ။
အပင်ကအချက်ပေးတာကို လျစ်ချူရှုခြင်း Pseudobulbလို့ခေါ်တဲ့ အရွက်ရဲ့အောက်က ရိုးတံတွေဟာ ဖောင်းဖောင်း ပြည့်ပြည့်လေးဖြစ်ရမယ်။အရွက်တွေဟာလဲ အိုးပေါ်မှာဝေဆာထောင်မတ်နေရမယ်။ အရွက်လေးတွေ အမြစ်လေးတွေ ပုပ်လာရင် ကပ်ကြေးလေးနဲ့ ညှပ်ပေးရတယ်။
လူလိုပဲပေါ့။ရေဆာရင် ရေသောက်။ဗိုက်ဆာရင် အစားစားပေးရ။ညောင်းရင် နှိပ်နှယ်ပေးရ။
သစ်ခွပြန်ပွင့်ဖို့ဆောင်ရန် ရှောင်ရန်အချက်များ
နေရောင်ခြည် တန်ဆေးလွန်ဘေး စကားပုံက ပန်းပွင့်ဖို့ိအတွက်လဲ မှန်နေပြန်ရော။ နေရောင်ခြည်လုံလောက်စွာမရရင်လဲ မပွင့်သလို များသွားပြန်ရင်လဲ မပွင့်ဘူးတဲ့ဗျာ။ နေနဲ့တိုက်ရိူက်ထိတဲ့နေရာမှာဆို အရွက်လေးတွေ နေလောင်တတ်တယ်။
ဒါကြောင့် နေရောင်ခြည် တိုက်ရိုက်မရတဲ့နေရာမှာ ထားပါ။
အပူချိန် ၆၅-၇၅°F ကြားမှာ ထားဖို့လိုပါတယ်။ ရာသီဥတုအပြောင်းအလဲ၊နေရာအပြောင်းအလဲကို လုံးဝမကြိုက်ပါဘူး။ဒါကြောင့် သစ်ခွလေးတွေကို နေရာတစ်သတ်မှတ်ထဲ ထားဖို့ အကြံပေးချင်ပါတယ်ဗျ။
အားဆေး ဆေးကတော့ အမျိုးမျိုးရှိတာပေါ့လေ။ အရွက်အားဆေးတို့။အပွင့်အားဆေးတို့ရှိတာကိုး။ မြန်မာပြည်မှာလည်း တံံဆိပ်အမျိူးမျိုးနဲ့ရောင်းနေကြတယ်။ ကျွန်တော်တို့ကတော့ “သွန်းသွန်းလေး”တံဆိပ်ကို သူံးပါတယ်။ရောင်းပါတယ်ဗျ။
ပန်းအိုးလဲရမယ် အိုးထဲကနေ အမြစ်တွေ ပိုလျံထွက်လာရင် လေဝင်လေထွက်မရှိဘဲ အမြစ်တွေအသက်ရှုပ်ကြပ်လာနိုင်တယ်။ သစ်ခွမှာတော့ အမြစ်ကအဓိကမို့ အရွက်ထက် အမြစ်ကို ပိုဂရုစိုက်ရပါမယ်။
အမြစ်တွေဟာ အညိုရောင်ဖြစ်လာမယ် သို့မဟုတ် အိုးကိုလျံကျနေပြီဆိုရင် အိုးလဲပေးလိုက်ပါတော့။
ရေအနည်းအများ ရေများလွန်းတာဟာ ပန်းမပွင့်စေတဲ့အချက် တချက်ပါပဲ။ အရွက်လေးတွေ ရိပြီး ပုပ်လာမယ်။အမြစ်တွေအညိုရောင် ပြောင်းလာမယ်ဆိုရင် ရေများနေပြီလို့ သိထားရပါမယ်။
ဒီလိုအခြေအနေဆို တစ်ပတ်လောက်ရေမလောင်းဘဲ ခြောက်အောင်ထားလိုက်ပါ။ ရေနည်းရင်လဲ အလားတူပါပဲ။ ရေအနည်းအများဟာ ကိုယ့်ဒေသရဲ့ ရာသီဥတုအခြေအနေပေါ်မူတည်တာမို့ ကျွန်တော်ကတော့ ရေများနေရင် ရေနည်းနဲ့နေရင် အပင်က ဘယ်လိုအချက်ပြသလဲဆိုတာကိုပဲ ရှင်းပြခဲ့ပါတယ်။
ထက်ဝဠာသိန်းသစ်ခွ
New