လိုအပ်သောပစ္စည်းများ
- ကျန်းမာသန်စွမ်းသည့်မျိုးရင်းအပင်
- မြစ်ပွားဆေး
- လက်လုပ်အလှဆင်ပန်းထိုးရာတွင်သုံးသည့်ရေမြုပ်တုံး
- လေလုံအလင်းပေါက် ပျိုးကန်
ပြုလုပ်နည်း
(၁) ကျန်းမာသန်စွမ်းသည့်မူရင်းပင်မှ အညွန့်ရင့်များကို သုံးလက်မခန့်ဖြတ်ပါ။ အညွန့်နှင့် အရွက်များကို ပုံပါအတိုင်းဖြတ်ထားပါ။ အကိုင်းကိုလည်းတိတိကျကျ ဖြတ်ထားရန်လိုပါမည်။
(၂) ဖြတ်ထားသည့်အညွန့်ကိုင်းများကို ရေသန့်ဖြင့်စိမ်ပြီးဆေးပေးရန်လိုအပ်ပါသည်။
(၃) မြစ်ပွားဆေးကို ကိုယ်တိုင်လုပ်နိုင်ပါသည်။ ပြုလုပ်နည်းမှာ- မျှင်ငပိ အကောင်းစားတစ်ဇွန်းနှင့် အားဖြည့်အချိုအရည် (M150 တံဆိပ်) တစ်လုံး ရောစပ်မွှေပြီး ရေ ၅ လီတာနှုန်းပြန်ရောကာ ကိုင်းဖြတ်ညွန့်များနှင့် ရေမြုပ်တုံးလေးများကို နာရီဝက်ခန့်စိမ်ရပါမည်။
(၄) ၁ လက်မခွဲ ပတ်လည်ဖြတ်ထားသော ရေမြုပ်တုံးအမာများတွင် ဖြတ်ညွန့်များကို ထိုးစိုက်ပါ။ ပြီးလျင် ပျိုးကန်အတွင်းစီထည့်၍ ရေမွှာဖြန်းပြီး လေလုံအလင်းရသော ပစ္စည်းများဖြင့်ဖုံးအုပ်ပါ။ ပျိုးကန်ကို အေးမြ ပြီး အလင်းရောင်ရသောနေရာတွင်ထားပါ။ ပျိုးကန်ကို ကွန်ကရစ်ကန် သို့မဟုတ် ပလပ်စတစ်ကန်များကို သုံးနိုင်သည်။
(၅) အပင် များကိုရေထပ်လောင်းရန်မလိုပါ။ ၄၅ ရက်မှ ၆၀ အတွင်း အမြစ်ကျပါသည်။ အမြစ်ကျလျှင် အလိုရှိရာ ပျိုးအိတ်၊ အိုးများအတွင်းပြောင်းနိုင်ပါသည်။

ယခုဖော်ပြသောနည်းမှာ အပင်ပုအောင်လုပ်သောနည်းလည်း ဖြစ်ပါသည်။ ဒူးရင်း၊ မင်းဂွတ်၊ မရမ်း၊ သရက်၊ မာလကာ၊ ပိနဲ္န စသည့်အပင်ကြီးမျိုးများ ပုပုနှင့်မြန်မြန်သီးအောင် လုပ်သည့်နည်းလည်းဖြစ်ပါသည်။ အသီးသီးပြီးသားအပင်မှ မျိုးကိုင်းယူရန် လိုပါသည်။ ထိုင်းဘာသာမှ ပြန်ဆို စမ်းသပ်ထားသော နည်းများ ဖြစ်ပါသည်။
__________
Thant Thant
__________
Thant Thant