အရင်တုန်းက အဲကွန်းတွေမှာ အသုံးပြုနေကြဖြစ်တဲ့ gas ကတော့ ၂၀၁၀ ခုနှစ်ကစပြီး နောက်ပိုင်းထုတ်လုပ်တဲ့ အဲကွန်းတွေမှာ မထုတ်တော့သလို အသုံးပြုခွင့်လည်း မပေးတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ R22 gas က အိုဇုန်းလွှာနဲ့ ကမ္ဘာကြီးတွေကို ပျက်စီးစေတယ်ဆိုတာ သိသွားလို့ပဲဖြစ်ပါတယ်။
နောက်ပြီး R22 gas က အပူစုပ်ယူမှုနဲ့ စွမ်းဆောင်ရည် အားနည်းပါးတယ်။ ဒီ gas ကို အသုံးပြုမှုက တဖြည်းဖြည်းချင်း ကျဆင်းလာတာကြောင့် R22 gas ပါတဲ့ အဲကွန်းတွေကို မသုံးရတော့ပါဘူး။R410A က အိုဇုန်းလွှာကို မထိခိုက်စေတာကြောင့် နောက်ပိုင်းထုတ်လုပ်တဲ့အဲကွန်းတွေမှာ R22 gas အစား R410A gas ကို အစားထိုးအသုံးပြုလာကြတာဖြစ်ပါတယ်။
အစိုးရကလည်း အိုဇုန်းလွှာ ပျက်စီးစေနိုင်မှု “Level 0” ဖြစ်တဲ့ R410a gas ကို အသုံးပြုဖို့ ထောက်ခံပေးထားပြီး ၂၀၃၀ ပြည့်နှစ်ရောက်ရင်တော့ R22 gas အသုံးပြုမှုကို ဥပဒေအရ လုံးဝရပ်ဆိုင်းရမှာပါ။R22 အဲကွန်းတွေကို ဥပဒေအရ တားမြစ်ထားတာပြီး နောက်ပိုင်း ထပ်မထုတ်တော့တာမို့ အပိုပစ္စည်းနဲ့ Gas ဝယ်ရတာ အခက်အခဲရှိလာမှာပါ။
မိတ်ဆွေများအနေနဲ့လဲ အဲကွန်း ဈေးသက်သာတယ်ဆိုတိုင်း ဂိုဒေါင်ရှင်း R22 တွေလား?သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ R410 Gas နဲ့လားသတိပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။R410A ဆိုရင် သစ်ရွက်ပုံ အစိမ်းရောင် Logo လေးနဲ့ အဲကွန်းမှာပါပါတယ်။ စစ်ဆေး ကြည့်လိုက်ပါနော်။
credit: soe eletric