ဒီနေရာ (၇)ခု မှာ တစ်နေရာလောက် မှဲ့ပါတဲ့သူဆို လုံး၀ လက်လွှတ်မခံနဲ့နော်..။ ဘယ်နေရာတွေလဲဆိုတာ...! - Kharann Media

Breaking

ဒီနေရာ (၇)ခု မှာ တစ်နေရာလောက် မှဲ့ပါတဲ့သူဆို လုံး၀ လက်လွှတ်မခံနဲ့နော်..။ ဘယ်နေရာတွေလဲဆိုတာ...!




မှဲ့ နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိကြပါတယ်။ မှဲ့တစ်ခုစီတိုင်းမှာ ဘဝနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ မက်ဆေ့ချ်တစ်ခုစီရှိပါတယ်လို့ မှဲ့ပညာရှင်တွေက ဆိုကြပါတယ်။

ခန္ဓာကိုယ်ရဲ့ နေရာအမျိုးမျိုးမှာ မှဲ့တွေရှိနိုင်ပြီး အခုဖော်ပြမယ့် နေရာတွေမှာရှိတဲ့မှဲ့တွေကတော့ ကံကောင်းခြင်းနဲ့ စည်းစိမ်ဥစ္စာကြွယ်ဝခြင်းကို ပေးနိုင်ပါတယ်တဲ့။

 နှုတ်ခမ်းအပေါ်ဘက်မှာရှိတဲ့မှဲ့
အရမ်းကို ကောင်းတဲ့မှဲ့တစ်မျိုးဖြစ်ပြီး ရွယ်တူတန်းတူတွေထက် ငွေကြေး၊ အောင်မြင်မှု ပိုမိုရရှိတတ်တဲ့မှဲ့လို့ ဆိုနိုင်ပါတယ်။ ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့ သဘာဝရှိပေမဲ့
ဘာပဲလုပ်လုပ်အရမ်းကို မြန်မြန်ဆန်ဆန်အောင်မြင်တတ်တဲ့သူတွေ ဖြစ်ပါတယ်။

 နှာခေါင်းပေါ်မှာရှိတဲ့မှဲ့
 နှာခေါင်းရဲ့တစ်ဘက်တစ်ချက်မှာမှဲ့ရှိနေမယ်ဆိုရင် သေချာပေါက်ချမ်းသာမယ်ဆိုတဲ့လက္ခဏာဖြစ်ပါတယ်။
 ဒါပေမဲ့ အောင်မြင်မှုနဲ့ ငွေကြေးနှစ်ခုစလုံးက အသက် ၃၀ နောက်ပိုင်း ဒါမှမဟုတ် အိမ်ထောင်ကျပြီးမှ ရရှိတတ်ပါတယ်။

ညာဘက်ပါးပြင်ပေါ်ကမှဲ့
ညာဘက်ပါးပေါ်မှာ ထင်ရှားပြီး ပြတ်သားတိကျတဲ့ မှဲ့တစ်လုံးရှိမယ်ဆိုရင် အိမ် ထောင်ပြုပြီးနောက်မှာ အရမ်းကို ချမ်းသာကြွယ်ဝလာမယ်လို့ သိနိုင်ပါတယ်။

မျက်ခုံး/မျက်လုံးနှစ်ခုကြားကမှဲ့
 မျက်ခုံးနှစ်ခုကြားမှာဖြစ်ဖြစ်၊ မျက်လုံးနှစ်လုံးကြားမှာဖြစ်ဖြစ် မှဲ့တစ်လုံး ရှိမယ်ဆိုရင် ချမ်းသာပြီး ဘဝတစ်ခုကို သာသာယာယာနဲ့ အခြေချနိုင်မယ့် သူတစ်ဦးဖြစ်ပါလိမ့်မယ်။ ဘဝမှာ တောင့်တစရာမလိုဘဲ ငွေကြေးပြည့်ပြည့်စုံစုံနဲ့ နေရတတ်ပါတယ်။

ခါး
ခါးရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ မှဲ့က ကံကောင်းခြင်းရော ကံဆိုးခြင်းရော နှစ်မျိုးစလုံးဖြစ်စေနိုင်
ပါတယ်။ ဥစ္စာပစ္စည်းပြည့်စုံကြွယ်ဝပြီး ကြီးပွားတိုးတက်မှာ ဖြစ်ပေမဲ့ ဘဝရဲ့အချိန်တော်တော်များများမှာ ဝမ်းနည်းစရာ၊ စိတ်မချမ်းမြေ့စရာတွေကြုံရမှာ ဖြစ်ပါတယ်။

ညာဘက်လက်ဝါးပြင်ကမှဲ့
ညာဘက်လက်ဝါးပြင်မှာ မှဲ့ရှိရင် ဘဝမှာ အောင်မြင်မှုနဲ့ ကြွယ်ဝမှုနှစ်မျိုးလုံး ရနိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းမယ့်အချိန်က လက်ဝါးပြင်ပေါ်က မှဲ့ရဲ့ တည်နေရာအပေါ်မှာမူတည်ပါတယ်။ မှဲ့က လက်ဝါးရဲ့ အပေါ်ပိုင်းမှာရှိမယ်ဆိုရင်ငယ်ရွယ်တဲ့အချိန်ကစပြီး အောင်မြင်ပြည့်စုံမှာဖြစ်ပြီးလက်ဝါးရဲ့ အောက်ပိုင်းမှာ
ရှိမယ်ဆိုရင် အသက်ရလာတဲ့အချိန်မှာမှ စည်းစိမ်ဥစ္စာနဲ့ အောင်မြင်မှုတွေရရှိနိုင်မှာပါ။

ရင်ဘတ်ပေါ်မှာရှိတဲ့မှဲ့
ရင်ဘတ်ရဲ့ ညာဘက်အခြမ်းမှာရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာ အများအပြားပိုင်ဆိုင်စေပြီး ဘဝကို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ခြင်းကို ပြတဲ့မှဲ့ဖြစ်ပါတယ်။

 မေးစေ့ပေါ်မှာရှိတဲ့မှဲ့
 မေးစေ့ပေါ်မှာရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာနဲ့ ပတ်သက်ရင် ကံကောင်းခြင်းကို ပြပေမဲ့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ရင် အားနည်းပြီး အထီးကျန်နေရတတ်တဲ့သူတွေဖြစ်ပါတယ်။

___________________
Credit:Search Myanmar