လူတွေဟာ အိမ်မှာ၊ အလုပ်မှာ၊ ခရီးထွက်နေတုန်းမှာ ထိုင်နေရင်းနဲ့ အချိန်ကုန်လေ့ရှိကြတာမို့ တီဗီရှေ့ ထိုင်တာပဲဖြစ်ဖြစ်၊ အလုပ်စားပွဲမှာ ထိုင်တာပဲဖြစ်ဖြစ် ကျန်းမာရေးဆိုးကျိုးတွေရှိတာမို့ ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။
ဗိုက်ပူစေခြင်း
အထိုင်များပြီး အလှုပ်အရှား လည်းမရှိ၊ လေ့ကျင့်ခန်းလည်း မလုပ်ခဲ့ရင် ခန္ဓာကိုယ်က အဆီတွေကို ဘယ်လိုမှ မချေဖျက်နိုင်ဘဲ ဝမ်းဗိုက်တစ်ဝိုက်၊ ခါးတစ်ဝိုက်မှာ အဆီတွေစုပြီး ဗိုက်ပူလာကာ ကိုယ်အလေး ချိန်တွေပါ တက် လာစေပါတယ်။
နှလုံးရောဂါဖြစ်ခြင်း
အချိန်အကြာကြီးထိုင်နေခြင်းက ကိုယ်တွင်းအင်္ဂါတွေကို ဆိုးကျိုးပေးနိုင်ပြီး အထူးသဖြင့် နှလုံးကို ဒုက္ခပေးနိုင်ပါတယ်။ တစ်နေရာတည်းမှာ နာရီပေါင်းများစွာကြာအောင် ထိုင်နေတာဟာ သွေးလည်ပတ်မှု မကောင်းစေဘဲ ကိုလက်စထရောပမာဏကိုလည်း များစေကာ သွေးတိုးရောဂါကိုလည်း ဖြစ်စေနိုင် တယ်လို့ဆိုပါ တယ်။
လည်ပင်းနှင့် နောက်ကျောနာ ကျင်ကိုက်ခဲခြင်း
ပုံစံမမှန်ဘဲ တစ်ချိန်လုံးထိုင်နေခြင်းကလည်း လည်ပင်းနဲ့ နောက်ကျောကို ဒုက္ခပေးပြီး နာတာရှည်ပုံစံမျိုး အထိ ဖြစ်စေနိုင်ပါ တယ်။
သွေးတွင်းသကြားဓာတ်များစေခြင်း
အထိုင်များရာကနေ ဆီးချို ရောဂါလည်း ဖြစ်လာနိုင်ခြေရှိ တယ်လို့ ဆိုပါတယ်။
ကင်ဆာရောဂါဖြစ်နိုင်ခြေများခြင်း
တစ်ချိန်လုံးထိုင်ပြီး အလုပ် လုပ်ရတဲ့အနေအထားကနေ အဆုတ်၊ သားအိမ်၊ အူမနဲ့ ပရော့ စတိတ်ကင်ဆာ စတာတွေဖြစ်နိုင် ခြေရှိတယ်လို့ဆိုပါတယ်။
စိတ်ကျန်းမာရေးထိခိုက်စေခြင်း
အချိန်ကြာကြာထိုင်ခြင်းဟာ ဦးနှောက်ဆီပို့တဲ့ အောက်ဆီဂျင်နဲ့ သွေးလည်ပတ်မှုကို ဆိုးကျိုးပေးပြီး ဦးနှောက်လုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ဦးနှောက် ခြောက်ကာ အာရုံစူးစိုက်နိုင်စွမ်းတွေ လျော့ကျစေပါတယ်။
တင်ပါးဆုံနှင့် ခြေထောက်ကြွက် သားများ ထိခိုက်စေခြင်း
နာရီပေါင်းများစွာကြာအောင် မလှုပ်မယှက်ထိုင်နေရင်းနဲ့ ကြွက်သားများ သန်စွမ်းကျန်းမာမှုကို ထိခိုက်စေ ပါတယ်။
သွေးကြောပိတ်ခြင်း
အကြာကြီးထိုင်ပြီး ကားမောင်းတဲ့အခါ၊ စားပွဲမှာ အလုပ်ထိုင်လုပ်တာ၊ လေယာဉ်စီးတာမျိုးတွေကနေ လည်း ခြေထောက် သွေးကြောပိတ်လာကာ နာကျင် ခံစားရစေပါတယ်။
ဒါကြောင့်မို့ မလှုပ်မယှက် အချိန်အကြာကြီးထိုင်နေမယ့်အစား လမ်းလျှောက်တာမျိုး၊ လေ့ကျင့်ခန်း လုပ်တာမျိုး၊ ယောဂ လုပ်တာမျိုး စသဖြင့် လှုပ်လှုပ်ရှားရှားလေး နေပေးဖို့လိုအပ်ပါ တယ်။