
ဆရာရှင့် ကျွန်မအသက်၂၉ နှစ် အပျိုပါ။ ကျွန်မ မိန်းမကိုယ်က အဖြူဆင်းရင်ယားတာ ၃ လလောက်ရှိပါပြီ။ ရာသီလာရင် မယားပါဘူး။ အရင်ကတလကိုတပတ်လောက်ယားတာ ခုကဆက်တိုက်ဖြစ်ပြီး ပိုပိုဆိုးလာပါတယ်ဆရာ။ ဘာဆေး သောက်ရမလဲ လမ်းညွှန်ပေးပါ။ ဘာဖြစ်တာလဲဆိုတာလည်း သိချင်ပါတယ်ဆရာ။ ကျေးဇူးတင်စွာဖြင့်။
Vagina (ဗဂျိုင်းနား) ဆိုတာ မွေးလမ်းကြောင်းဖြစ်ပေမဲ့ အပျိုတွေအတွက်အားနာရတယ်။ မိန်းမကိုယ်ဆိုတာကို Vulva ကို ပြောတာဖြစ်ပါတယ်။ ဒီရောဂါအဖြစ်မနည်းပါ။ တချို့မှာ တခါတလေသာဖြစ်ပြီး တချို့ တာရှည်ဖြစ်တယ်။ တာရှည်နဲ့ ခဏခဏဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ ရှားလွန်းပါတယ်။ အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲနဲပေကျန်တာ၊ ချွေးထွက်များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီးနဲ့ မြေပဲပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။
ဗဂျိုင်းနားကနေ တခုခုဆင်းနေတာ၊ (ဗဂျိုင်းနား) ပိုးဝင်တာ၊ မိန်းမကိုယ်ရောင်တာ၊ လိင်လမ်းကြွက်နို့၊ သားအိမ် ကင်ဆာတွေနဲ့ ပတ်သက်နိုင်တယ်။ ဝမ်းမလုံတဲ့ရောဂါ၊ Bowen's disease (ဘိုဝင်) ရောဂါ၊ ပိုးသေဆေး သောက်နေရရင် မွေးလမ်းမှာ မှိုပိုး ဝင်လာစေနိုင်တယ်။ ဆီးချို နဲ့ HIV ရှိနေသူတွေမှာလဲ မှိုပိုးဝင်လွယ်တယ်။ ဆီးချိုကိုယ်၌ကနေလည်း ယားတတ်တယ်။ မှို၊ သန်ကောင်၊ ဝဲ နဲ့ လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်နိုင်တယ်။ Eczema, Psoriasis, Lichen simplex, Lichen planus, Lichen sclerosus အရေပြားနာ အမျိုးမျိုးကနေ ဖြစ်နိုင်တယ်။ ကြည့်ရင် သိသာပါတယ်။ တော်တော်နဲ့ မပျောက်နိုင်ဘဲ၊ ဖြစ်တဲ့နေရာမှာ သိသာတဲ့ အရောင်၊ အထူအပါး မတူတာ၊ အနာလို ဖြစ်တာတွေ ရှိနေမယ်။ ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေး၊ (ကွန်ဒွမ်)၊ အဝတ်အထည်ဆိုးဆေး၊ ဆပ်ပြာမှုံ့၊ အဝတ်အထည် (ကွန်ဒီရှင်နာ)၊ အတွင်းခံစတဲ့ သန့်ရှင်းရေးနဲ့ အလှအပ အမွှေးအကြိုင်တွေနဲ့ ကိုယ်နဲ့ မတည့်သူတွေမှာလဲ ယားနိုင်တယ်။ သွေးဆုံးသူတွေမှာလဲ အဖြစ်မနည်းကြပါ။ ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးနို့တိုက်ချိန်တွေမှာ တချို့ မိန်းမကိုယ် ယားတယ်။ Cancer of the vulval skin ကင်ဆာကိုလဲ စာရင်းထဲထည့်ရတယ်။ အဖြစ်အလွန်နည်းပါတယ်။
၁။ Yeast infection (Candidiasis) (Monilia, Thrush) ဗဂျိုင်းနား (ရိစ်) ပိုးဝင်ရင် အဖြူရောင် ပျစ်တဲ့ (ချိစ်) လို ဆင်းတယ်။ အလွန်ယားပြီး၊ မိန်းမကိုယ် နီနေမယ်။ နာမယ်။ ဆီးအောင့်မယ်။ Diflucan (Fluconazole) 150 mg တခါတည်း သောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။ (သို့) Nystatin, Mycostatin စားဆေး၊ (400,000 to 600,000 units) တနေ့ ၄ ကြိမ်သောက်ပါ။ (သို့) Clotrimazole vaginal tablet မွေးလမ်းထဲ 100 mg ၆ ညထည့်ပါ။ ဒါမှမဟုတ် 200 mg ၃ ညထည့်ပါ။ (သို့) Monistat cream, Mycelex, Lotrimin, Terazol, Femstat, Gentian violet, Nystatin 100,000 IU pessary, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။
၂။ Bacterial Vaginosis ဗက်တီးရီးယားကြောင့် မွေးလမ်းကြောင်းရောင်ရင် ခပ်ကျဲကျဲ၊ ကြည်တဲ့ ဖြူဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်းတယ်၊ ယားမယ်၊ လိင်ဆက်ဆံ ပြီးရင် ပိုဆိုးတယ်။ နောက်ဆက်တွဲ အဖြစ် (PID) တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိရင် ရေမြွှာအိတ်ရောင်တာ၊ သားအိမ်ရောင်တာ ဖြစ်စေမယ်။ ၃ ပုံ ၁ ပုံလောက်က ဆေးမလိုဘဲပျောက်နိုင်တယ်။ Metronidazole 2 Gm တခါတည်းသောက်။ တချို့က ဆေးမခံနိုင်ဘူး။ ပျို့-အန် တတ်တယ်။ အစားပျက်တယ်။ (သို့) Metronidazole 500 mg တနေ့ ၂-၃ ကြိမ်၊ ၇ ရက်၊ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ (ကွန်ဒွမ်) သုံးပါ။ စားဆေးနဲ့အတူ Metronidazole vaginal gel (Metrogel) မွေးလမ်းကြောင်းထဲ ထည့်ဆေး၊ (သို့) Clindamycin cream 2% မွေးလမ်းကြောင်းထဲထည့်ဆေး၊ ညအချိန်၊ ၆-၇ ရက်ထည့်ပါ။ (သို့) Clindamycin 300 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။
၃။ Chancroid (ရှိန်ကာရွိုက်) သားအိမ်အဝမှာအနာဆိုတာ လိင်ကတဆင့်ကူးစက်ရောဂါအနာဖြစ်တယ်။ အနာရဲ့ နှုတ်ခမ်းသား မညီမညာဖြစ်မယ်။ အခြေက ခပ်မွဲမွဲ အရောင်ရှိမယ်။ ထိရင်နာမယ်။ လိင်အင်္ဂါမှာ အနာ-အကြိတ် ပေါ်မယ်။ ပေါင်ခြံကအကျိတ်တွေရောင်လာတယ်။ Azithromycin 1 gm တခါတည်းသောက်ပါ။ (သို့) Ceftriaxone, Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက် သောက်ပါ။ (သို့) Erythromycin 500 mg တနေ့ ၄ ကြိမ် ၇ ရက်သောက်ပါ။
၄။ Chlamydial infection (ကလင်ဒါမိုင်ဒီးယား) ဟာ လိင်ကတဆင့်ကူးစက်ရောဂါတွေထဲမှာ အဖြစ်အများဆုံးပါ။ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ သားအိမ်အဝမှာ အဖြစ်များတယ်။ တချို့ အဖြူဆင်းမယ်။ လိင်ဆက်ဆံပြီးချိန် သွေးနဲနဲဆင်းမယ်။ တချို့မှာ ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်း အရောင်လဲ ဖြစ်နိုင်တယ်။ အမြှုပ်လိုလဲ ရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ ပိုးရှိနေပေမဲ့ လက္ခဏာမပြသူတွေ ရှိတယ်။ အသက် ၃ဝ အောက် အဖြစ်များတယ်။ အထူးသဖြင့် လိင်ဆက်ဆံဖက်များသူတွေမှာ ဖြစ်တယ်။ Azithromycin 1 Gm သောက်ပါ။ (သို့) Doxycycline 100 mg တနေ့ ၂ ကြိမ် ၇-၁၄ ရက်။ (သို့) Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇-၁၄ ရက်။ (သို့) Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်၊ (သို့) Ofloxacin = 400 mg တခါတည်းသောက်ပါ။ (သို့) Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။
၅။ Gonorrhea ဂနိုးရီးယား ဒုတိယအများဆုံး လိင်ကတဆင့် ကူးစက်ရောဂါဖြစ်တယ်။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ပြည်လိုဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးကအင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။ Cefixime 400 mg တခါတည်းသောက်ပါ။ (သို့) Ceftriaxone 125 mg IM ထိုးပါ။ (သို့) Ciprofloxacin 500 mg သောက်ပါ။ (သို့) Ofloxacin 400 mg + Azithromycin 1 g (သို့) Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက်တွဲပါ။ ဆေးယဉ်တာတွေရှိနေပြီ။
၆။ မှိုပိုးဝင်တာကို Gynazle, Lotrimin, Monistat, and Terazol လိမ်းဆေး (ထည့်ဆေး) တွေ ၁-၂-၃ ရက်နဲ့ ပျောက်တယ်။ Fluconazole (Diflucan) တပြားသောက်တာနဲ့ပျောက်မယ်။ ဆိုးတာဆိုရင် ထည့်ဆေးနည်း Azole ဆေး ၁၄ ရက် ထည့်ရမယ်။ Vaginal cream, ointment, tablet or suppository အနေနဲ့ လာတယ်။ Clotrimazole (Gyne-Lotrimin), miconazole (Monistat 3), and terconazole (Terazol 3) တွေဖြစ်တယ်။ တချို့ဆေးတွေက ဆေးညွှန်မှာ ၅-၆ ည ထည့်ခိုင်းတယ်။ ဆေးညွှန်အတိုင်းသုံးပါ။ - စားဆေးနည်း Fluconazole (Diflucan) စားဆေးကို ၂-၃ ရက် သောက်ဖို့ ထည့်ဆေးအစားပေးတယ်။ ကိုယ်ဝန်ရှိရင် မပေးရပါ။ ထိန်းထားဘို့လိုသူကို Fluconazole tablets စားဆေး တပတ် ၁ ပြား၊ ၆ လကြာ။ Clotrimazole vaginal suppository ထည့်ဆေးကို တပတ် ၁ ခါလည်းပေးနိုင်တယ်။ လိင်ကတဆင့် ကူးစက်တာဆိုရင် အဖေါ်ကိုလည်းဆေးကုသပါ။
ယားလို့ကုတ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင်ထိန်းပါ။ Benzodiazepines (အင်တီ-ဟစ်တမင်း) ဆေး ညအချိန်သောက်နိုင်တယ်။ Hormones ointments သွေးဆုံးသူတွေအတွက် ပေးမယ်။ Steroid creams or lotions ရောင်ရမ်းတာ သက်သာအောင်ပေးမယ်။ (စတီရွိုက်) လိမ်းဆေး သတိထားသုံးပါ။ တချို့အခြေအနေတွေကို ပိုဆိုးစေနိုင်တယ်။ Moisturisers (Emollients) ဆေးကို (ခရင်) လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ယားတာဖြစ်ဖြစ် သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။ လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။(ကော်တွန်) ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမက လဲပါ။ နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲနေပါ။ လေသလပ်ခံပါ။ ရေနဲ့နေ့တိုင်း မိန်းမကိုယ်ကို အသာအယာဆေးကြောပါ။ Feminine hygiene sprays and douches ကိရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာဆေးပါ။ ရေကို အပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။ ရေမခြောက်သေးခင် အတွင်းခံမဝတ်ပါနဲ့။ ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။
ကွန်ဒွမ်မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။ ဆီးစပ်မွှေး မရိတ်ပါနဲ့။ စိတ်ဖိအား များနေရင် လျှော့ချပါ။ သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုပ်ရှားပါ။ Yogurt (ရောဂတ်) ဒိန်ချဉ် စားပါ။ ကိုယ်အလေးချိန် များနေရင် ပိန်အောင်လုပ်ပါ။
မေးခွန်း = ဆရာရှင့် သမီးအသက်က ၂၃ ပါ။ အဖြူဆင်းနေတာနဲ့ ပက်သက်ပြီး မေးချင်လို့ပါ။ အဖြူဆင်းတာက ယားတယ်။ အနံ့တော့မရှိဘူး။ အဖြူရောင်ပျစ်ပျစ် တွေလိုမျိုးဆင်းတာပါ။ အရင် ၁ လလောက်က ဆေးခန်းပြတာ Danzen နဲ့ Vaginal Tablet ၆ ညထည့်ခိုင်းပါတယ်ဆရာ။ အဲအချိန်ကတော့ သက်သာသလိုလိုနဲ့ ခုပိုဆိုးလာလို့ပါဆရာ။ သမီး ဘာဆေးသုံးရပါမလဲဆရာ။
အဖြေ = ရာသီ၊ အိမ်ထောင်ရေး (အတွေ့အကြုံ) မသိပါ။ ဆောရီး။ မပြောလိုရင်လည်း ဘလော့မှာဖတ်နိုင်ပါတယ်။
ပြန်ဖြေ = ရာသီ ပုံမှန် လာပါတယ်ဆရာ။ အိမ်ထောင်တော့ မရှိပါဘူး။ living together တော့ရှိပါတယ်ဆရာ။ ဆရာ့ဘလော့မှာ မတွေ့လို့ပါ။ ရာသီလာပြီးတဲ့ရက်ဆို အဖြူပြန်ဆင်းပါတယ်ဆရာ။
မေးခွန်းမေးသူတွေ -
အိမ်ထောင်မကျသေးလို့ အပျိုဆိုတာနဲ့ မပြီးသေးပါ။ ထပ်မေးနေရတာ မကောင်းလှပါ။ ဒါပေမယ့် မမေးလို့မဖြစ်ပါ။ အဲလိုအဖြစ်မျိုးတွေက အများကြီး။
-------------
Dr. တင့်ဆွေ