ဘာလို့ ဆင်းရဲ ရတာလဲ... - Kharann Media

Breaking

ဘာလို့ ဆင်းရဲ ရတာလဲ...



ဆင်းရဲသားတစ်ယောက်က ဘုရားရှင်ကိုမေးတယ်..
"ဘာဖြစ်လို့ ကျွန်တော်မျိုးဟာ မွဲတေဆင်းရဲနေရတာပါလဲ ဘုရား"

ဘုရားရှင်က ပြောပါတယ်။ 

"သင်ဟာ ပေးကမ်းခြင်းနဲ့ ပေးကမ်းနည်းကို မသိလို့ပါပဲ"

ဆင်းရဲသား ပြန်ပြောတာက 
"ကျွန်တော်မျိုးမှာ….ပေးကမ်းစရာ ဘာမှမှ မရှိတာ….." ဆိုတော့ မြတ်စွာဘုရားရှင်က -

"သင် ပေးစရာတွေ သင့်မှာ ရှိနေတာ မနည်းပါဘူး...

၁။ မျက်နှာ
အပြုံးတွေပေးစွမ်းနိုင်တယ်။ လန်းဆန်းမှု၊ တက်ကြွမှု၊ ရွှင်လန်းမှုတွေ ပေးစွမ်းနိုင်တယ်။

၂။ ပါးစပ်
သင် သူတပါးကို ချီးမွမ်းစကားတွေ၊ အားပေးစကားတွေ၊ မင်္ဂလာရှိ ကောင်းမွန်တဲ့စကားတွေ ပြောပေးလို့ရနိုင်တယ်။

၃။ နှလုံးသား
တပါးသူကို ရင်ဖွင့်ပြနိုင်တယ်။ စစ်မှန်ခြင်းတွေ၊ ဖြူစင်ရိုးသားမှုတွေ နဲ့ မေတ္တာတရားတွေ ပေးစွမ်းနိုင်တယ်။

၄။ မျက်လုံး
တပါးသူကို ကောင်းမွန်တဲ့ စေတနာအမြင်နဲ့ မြင် ကြည့်လို့ရတယ်။ နွေးထွေးဖော်ရွေးတဲ့ အကြည့်နဲ့ ပေးစွမ်းနိုင်တယ်။

၅။ ကိုယ်ခန္ဓာ
သူ့ကိုအသုံးချပြီး သူတပါးကို ကူညီနိုင်တယ်။

ဒါကြောင့် သင်ဟာ မဆင်းရဲပါဘူး။ စိတ်ထဲက နိမ့်ကျဆင်းရဲခြင်းတွေကသာလျှင် ဆင်းရဲခြင်းအစစ်ဖြစ်တယ်။
ချစ်ခြင်းမေတ္တာတွေ ပေးလွှတ်လိုက်တဲ့အခါ ချစ်ခြင်းမေတ္တာတွေ ပြန်ရောက်လာမယ်။
သူတပါးကို ကူညီလိုက်တဲ့အခါ ကူညီမှုတွေက ပြန်ရောက်လာမယ်။
ပျော်ရွှင်မှုတွေပေးလိုက်တဲ့အခါ ပျော်ရွှင်မှုတွေကပြန်ရောက်လာတတ်တယ်။ ဒါဟာ အကျိုးနဲ့အကြောင်း ဖြစ်သလို လောကကြီးရဲ့ သဘာဝပဲ။ ပေးဆပ်လေလေ ရရှိလေလေပါပဲ။"

သင်ဒီစာကို ဖတ်ပြီးတဲ့အခါ သင့်မှာ ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။
၁။ သင်တတ်နိုင်သလောက် မျှဝေလိုက်တဲ့အခါ လောကကြီးဟာ မေတ္တာတရားတွေ တိုးများလာမယ်။

၂။ သင်စိတ်မဝင်စားဘဲ နေလိုက်လို့ ရသလို မမြင်ခဲ့ဖူးသလို နေလိုက်လည်း ရပါတယ်။
သင့်ရဲ့ မျှဝေမှု သေးသေးလေးဟာ တခြားသူအမြောက်အများကို အမြင်ကျယ်လာစေနိုင်ပါတယ်။ သင့်ရဲ့လေ့လာမှုကြောင့် ပြောင်းလဲမှုတွေရှိလာမယ်။ သင့်ရဲ့ချစ်ခြင်းမေတ္တာတွေကို ကြီးသထက်ကြီးထွားပြီး လူအမြောက်အများဆီကို ကူးစက်ပြန့်ပွားနိုင်ပါစေ။

______________
credit: ကျော်ကျော်ခိုင်(KKK)