အိမ်ထောင်ဖက်ဆိုတာ တစ်ဘဝတည်းရဲ့ ရေစက်ကြောင့် ဆုံလာရတာ မဟုတ်ဘဲ အတိတ် အတိတ်တွေက ဆုံဖူး တွေ့ဖူးခဲ့တဲ့ ရေစက်တွေကြောင့် အခုဘဝမှာ လက်တွဲဖော် ဖြစ်လာရတဲ့သူတွေ အများကြီးရှိပါတယ်။ မြင်မြင်ချင်းချစ်တဲ့ အချစ်ဆိုတာ ရှေးရေစက်ကြောင့် ဖြစ်လာရတဲ့ အချစ်ပဲဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ အတိတ်ဘဝက ရေစက်ပါသလားဆိုတာ သိနိုင်တဲ့ အချက် ၃ ချက်ရှိပါတယ်။
သူနဲ့ ကိုယ်ပထမဆုံးအကြိမ်တွေ့စမှာပဲ ရင်းနှီးနေတဲ့ ခံစားချက်မျိုးရလိုက်တာ
ဘာစကားမှ ပြောစရာမလိုဘဲ မိတ်ဆွေသူငယ်ချင်းလို ဆွေမျိုးရင်းချာတစ်ယောက်ကို တွေ့လိုက်ရသလို ဖြစ်သွားတာ၊ အရင်ကတွေ့ခဲ့ဖူးသလို ခံစားရတာတွေက သူက ကိုယ့်ရဲ့အတိတ်မှာ တွေ့ခဲ့ဖူးတဲ့သူဆိုတာကို ပြပါတယ်။
မိမိတို့နှစ်ယောက်က စိတ်ချင်းဆက်သွယ်နေသလို ကြုံတွေ့ရတာ
တစ်ယောက်နဲ့ တစ်ယောက် မက်ဆေ့ချ်တွေ အပြန်အလှန်ပို့စရာ မလိုဘဲ သူ့စိတ်ကို အလိုလို သိနေတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ ကိုယ်က သူ့ကို သတိရမိတဲ့ အချိန်မှာ သူ့ဆီက ဆက်သွယ်လာတာမျိုး၊ ကိုယ်ပြောမယ့် စကားကို သူက ကြိုသိနေသလိုမျိုး၊ ရှင်းပြဖို့ခက်သလို နားလည်နိုင်ဖို့လည်း ခက်တဲ့ ဆက်သွယ်မှု တစ်ခုရှိနေသလို ထူးဆန်းတဲ့ ခံစားမှုမျိုး ခံစားရတတ်ပါတယ်။
မျက်လုံးချင်းဆုံတဲ့အခါ ဒီမျက်လုံးတွေကို အကြိမ်ပေါင်းများစွာ ဆုံတွေ့ခဲ့ဖူးသလိုမျိုး ခံစားရတာ
အတိတ်ဘဝမှာ မြင်ဖူးပြီးသားဖြစ်တဲ့အတွက် ရင်းနှီးနေသလို ခံစားရတာ ဖြစ်ပါတယ်။ တချို့လူတွေက ဘဝတစ်ခုပြီးတစ်ခု ပြောင်းသွားလည်း မျက်လုံးတွေက မပြောင်းလဲဘူးလို့ ယုံကြည်ထားတဲ့အတွက် အတိတ်ဘဝက ချစ်သူကို ပြန်တွေ့တဲ့အခါ မှတ်မိနေတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
__________________________________________
source : Trend Mynammar