အလွန်စီးပွားရှာတတ်သော ဂျူးလူမျိုးနဲ့ တရုတ်လူမျိုးတို့ စီးပွားပျက်သွားသောအခါ - Kharann Media

Breaking

အလွန်စီးပွားရှာတတ်သော ဂျူးလူမျိုးနဲ့ တရုတ်လူမျိုးတို့ စီးပွားပျက်သွားသောအခါ



တခါက အလွန်ချမ်းသာကြတဲ့ ဂျူး ကုန်သည် တစ်ယောက် နဲ့ တရုတ် ကုန်သည် တစ်ယောက် ဘေးချင်းကပ်လျက် ဈေးရောင်းပြီး စီးပွါးရေး ပြိုင်နေကြသတဲ့။

Customer များများ ရရန် အပြိုင်အဆိုင် အားကျမခံ ဈေးချရင်းနဲ့ ကြာလာတော့ နှစ်ယောက်စလုံး မွဲသွားသတဲ့။ ဒီတော့ တရုတ်က ရုံးတော်ကိုသွားပြီး၊ လူမွဲစာရင်း ဝင်ဖို့ လျှောက်လိုက်တော့၊ ရှိတဲ့ အကြွေးတောင် ဆပ်စရာ မလိုသည့် အပြင် တောင်းစားခွင့်လိုင်စင်ပါ ရသတဲ့။ ဒါနဲ့ သူ့ ဆိုင်ခန်းကို ပိတ် လိုက်ပြီး လမ်းဘေးမှာ တောင်းစားလေ သတဲ့။

ဂျူးကုန်သည်လည်း ရုံးတော်ကို သွားပြီး ဗေဒင်ဟောခွင့် လက်မှတ်ကို လျှောက် လိုက်တယ်တဲ့။ သူလည်း လမ်းဘေးမှာဘဲ ဗေဒင်ထိုင်ဟောတော့ သတဲ့။

နှစ်အတန်ကြာသော် တရုတ်ကြီးဟာ တောင်းစားလို့ ရသမျှ ပိုက်ဆံနဲ့ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ပြီး လုပ်ငန်းကို ပြန်စ ဖြစ်တယ်။ ဂျူးကလည်း ဗေဒင်ဟောခနဲ့ ဘဏ်တစ်ခု ဖွင့်ကာ လုပ်ငန်း ပြန်စ ဖြစ်တယ်။

သူတို့နှစ်ယောက်စလုံး အသက်ကြီးလို့ သေခါနီးမှာ သူတို့ရဲ့ သားသမီးကို ဤသို့ မှာခဲ့ သတဲ့။

တရုတ်ကုန်သည် ။ ။ ငါ့သား။ ဂျူး လူမျိုး နဲ့ စီးပွားရေး ဘယ်တော့ မပြိုင်နဲ့။ ပြိုင်ရင် သင်သာ မွဲသွားလိမ့် မယ်။ ငါတို့ မှာ အနာဂတ္တိကျမ်း မရှိဘူး။ ဂျူးလူမျိူး တွေက စားစရာ မရှိရင်တောင် အနာဂတ္တိကျမ်း နဲ့ အသက်ရှင် နိုင်တယ်။

ဂျူးကုန်သည် ။ ။ ငါ့သား။ တရုတ်နဲ့ ဘယ်တော့မှ စီးပွားရေး သွားမပြိုင်နဲ့။ သူတို့က စီးပွားရေး အရင်းအနှီး ကို သူတောင်းစား အလုပ်နဲ့ လည်း ရှာတတ်တယ်။ ငါတို့ ဂျူး မှာ ဒါမျိုး ပညာ မရှိဘူး။ စားစရာ မရှိရင် ‘ကယ်ပါ ဘုရား’ လို့ဘဲ အော်တတ်တယ်။

ပုံပြင်လေးကတော့ ဒါပါဘဲ။
လဲကျသော်လည်း ပြန်ထနိုင်ကြပါစေ။
 
Credit – Aung Htang