ဒီ ဆေးပင် လေးကို ဧရာဝတီတိုင်း ဟင်္သာတနယ် မှာတော့တံမြက်စည်းပင် လို့အရပ်ခေါ် ခေါ်ကြပါတယ်။ ဆေးပညာအခေါ်အရရွှေတံတိုင်းပင်/ ဝက်ချေးပနဲပင်လို့ခေါ်ဝေါ်ထားတာကိုတွေ့ရပါတယ်။
အသုံးပြုပုံ
အစာအိမ် အောင့်ခြင်း မီးဖွား ရာမှ အချင်းမကျပဲ အချင်းပုပ်၍ ဝေဒနာ ခံစားနေရခြင်းသွေးတိုးခြင်း လေငန်းဖြတ်ခြင်းတို့ဖြစ်လျင် ပဉ္စငါးပါး ကျိုသောက်ပေးခြင်းဖြင့်သက်သာပျောက်ကင်း
စေပါသည်။
မှတ်ချက်
သွေးပေါင်ကျ တတ်သူများအနေနဲ့ များစွာမသောက်မိဖို့လိုပါသည်။မိန်းမသားများ အဖြူဆင်း လျင် အမြစ်ကိုဆန်ဆေးရေနဲ့သွေးသောက်ပေးပါ။
လောက်သေရွက် နှင့်ဆင်တူသောကြောင့် သတိပြုပါ အရွက်မှာအနားတွန့်လေးများပါသည် လောက်သေရွက် မှာ အတွန့်မပါချေ။
Credit: ကျော်လင်းအောင်