
အားလုံးပဲ မင်္ဂလာပါ။ စာဖတ်သူတွေထဲမှာ ကန်စွန်းဥကြိုက်တဲ့သူ ဘယ်နှယောက်ရှိလဲ မသိဘူးနော်။ အခုပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ ကန်စွန်းဥရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးလေးပါ။ ကန်စွန်းဥလေးတွေက အလွယ်တကူ ဆီနဲ့ဆားနဲ့ တို့စားရင်လည်း အရမ်းအရသာရှိတယ်နော်။ ဈေးကြီးတဲ့ အစားအစာလည်းမဟုတ်တော့ အလွှာပေါင်းစုံကလူတွေ စားသုံးနိုင်ကြပါတယ်။ ကန်စွန်းဥရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးလေးတွေကို ဆက်ဖတ်ကြည့်ရအောင်နော်။
၁။ Vitamin B6
လူသားတွေရဲ့ ခန္ဓာကိုယ်မှာ ဟိုမိုဆိုင်စတင်းလို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်မျိုးရှိပြီးတော့ အဲ့ဒီဒြပ်က နှလုံးရောဂါဖြစ်ပွားစေတယ်။ ကန်းစွန်းဥမှာပါတဲ့ Vitamin B6 က အဲ့ဒီဓါတုဓါတ်ကို လျော့ချချေဖျက်ပေးနိုင်ပါတယ်။
၂။ Vitamin C
ကန်စွန်းဥမှာပါတဲ့ Vitamin C ဓာတ်က အရိုးအဆစ်သန်မာဖို့နဲ့ သွားကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီအားဖြည့်ပေးတယ်။ ဒါ့အပြင် အစာချေအားကောင်းမွန်ဖို့ သွေးလည်မှုအားကောင်းဖို့ ကူညီပေးတယ်။ ပြီးတော့ ဒဏ်ရာအနာတရဖြစ်ရင်လည်း အကြတ်မြန်စေပါတယ်၊ ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲ။ စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်တယ်။ အလှအပကြိုက်တဲ့ ပျိုမေလေးတွေအတွက်ဆိုရင်တော့ အသားအရည်ကို တင်းတင်းရင်းရင်းဖြစ်အောင် ကူညီပေးတယ်။ မိန်းကလေးတွေအတွက်တော့ ကွက်တိပဲပေါ့။
၃။ Vitamin D
ကန်စွန်းဥထဲမှာပါဝင်တဲ့ Vitamin D ဓါတ်က အရိုးအဆစ်တွေကျန်းမာ ကြံ့ခိုင်အောင်လည်း ပြုလုပ်နိုင်ပါသေးတယ်။ Vitamin D က စွမ်းအင်းပမာဏကို မြှင့်တင်ပေးတယ်။ စိတ်ခံစားချက်ကောင်းအောင်လည်း ပြုလုပ်ပေးတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးအတွက်လည်းကောင်းသလို၊ အသားအရည်လှအောင်လည်း ပြုလုပ်ပေးတယ်၊ အာရုံကြောအားကောင်းအောင်လည်း ပြုလုပ်ပေးတယ်။
၄။ သံဓာတ်
ကန်စွန်းဥမှာ သံဓါတ်လည်း ပါဝင်သေးတယ်နော်။ ဒါ့ကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး သွေးနီဥနဲ့ သွေးဖြူဥ ထုတ်လုပ်မှုမှာလည်း သူ့အခန်းကဏ္ဍက အရေးကြီးသေးတယ်။ ပရိုတင်းဓါတ်လည်း ကြွယ်ဝပါသေးတယ်။
၅။ မဂ္ဂနီဆီယမ်ဓာတ်
ကန်စွန်းဥထဲမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်က စိတ်ဖိစီးမှုကို လျော့ချပေးပြီး စိတ်လက်ပေါ့ပါးအောင် လုပ်ဆောင်ပေးပါတယ်။
၆။ ပိုတက်စီယမ်ဓာတ်
ကန်စွန်းဥရဲ့ ပိုတက်စီယမ်ဓာတ်ဟာဆိုရင် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို ထိန်းချုပ်ပေးပြီး ကျောက်ကပ်ကို ကာကွယ်ပေးတယ်။ ကြွက်သားရောင်ရမ်းခြင်းကိုလည်း လျော့ချပေးနိုင်ပါတယ်။
Credit:Mystylemyanmar