နယ်ပယ်တစ်ခုမှာ ဆရာတစ်ဆူဖြစ်ဖို့က ဉာဏ်ကြီးရှင်ဖြစ်ဖို့ လိုအပ်လား၊ သင်ယူလေ့ကျင့်ဖို့ လိုအပ်လား ခေါင်းရှုပ်ခံ စဉ်းစားမနေပါနဲ့။ အဲဘတ်အိုင်းစတိုင်း၊ လီယိုနာဒိုဒါဗင်ချီနဲ့ မိုးဇက်တို့လို သက်ဆိုင်ရာ နယ်ပယ်မှာ တဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ ဆရာတစ်ဆူဖြစ်ဖို့ လူတိုင်းလုပ်ဆောင်နိုင်တဲ့ နည်းလမ်း (၂၇)ခုကို တင်ပြလိုက်ပါတယ်။
(၁) သင့်ဘဝ၊ သင့်ဝါသနာနှင့် ကိုက်ညီတဲ့ အလုပ်ကို ရှာဖွေပါ။
(၂) လူအများလိုက်သည့် လမ်းကြောင်းမှာ ဝင်ရောက်ယှဉ်ပြိုင်နေမယ့်အစား သင်ကြီးစိုးအောင်မြင်မယ့်နေရာလပ်တစ်ခုကို ရှာဖွေပါ။
(၃) လမ်းကြောင်းမှားကနေ ရုန်းထွက်ပါ။
(၄) သင်စိတ်ဝင်စားသည့် အကြောင်းအရာကို အခြေခံမှစပြီး မြတ်နိုးတန်ဖိုးထားပါ
(၅) ဆရာကောင်းကို မှီဝဲဆည်းကပ်ပါ။
(၆) အလေးအနက်ထား လေ့လာပါ၊ စဉ်ဆက်မပြတ် လေ့ကျင့်ပါ၊ လက်တွေ့စမ်းသပ်ဆောင်ရွက်ပါ။
(၇) ငွေကြေးထက် ပညာရဖို့ကို တန်ဖိုးထားပါ။
(၈) ပညာရှာ ပမာသူဖုန်းစား ဆိုသလို မှန်ကန်စွာ လေ့လာသင်ယူနိုင်ဖို့ကိုသာ အာရုံစိုက်ပါ
(၉) ချွေးထွက်များမှ သွေးထွက်နည်းမည်။ စိတ်ရှည်သည်းခံပြီး အပြင်းအထန်လေ့ကျင့်ပါ။
(၁၀) ကိုယ်တိုင်စမ်းသပ်မှုတွေ၊ အမှားတွေကနေ တဆင့်သင်ယူပါ။
(၁၁) ဆရာကောင်း သမားကောင်းကို အတုယူပါ။
(၁၂) သင့်ကို ထူးချွန်ထက်မြက်လာစေရန် စိန်ခေါ်နိုင်သည့် ဆရာကိုရှာပါ။
(၁၃) အတတ်ကုန်သင်ယူပြီး ကိုယ်ပိုင်အတွေးအသိဖြင့် အသုံးချပါ။
(၁၄) ဆရာသမား၏ သင်ကြားပြသမှုကို ညှိနှိုင်းသင်ယူပါ။
(၁၅) လူမှုဆက်ဆံရေးစွမ်းရည် ကောင်းမွန်ပါစေ။
(၁၆) ဝေဖန်မှုကိုလက်ခံပြီး လူမှုဆက်ဆံရေးကိုတည်ဆောက်ပါ။
(၁၇) သင့်စရိုက်လက္ခဏာများကို အသေးစိတ်ပြုပြင်ပါ။
(၁၈) တွေ့ကြုံရသည့် လူမိုက်များထံမှ သင်ခန်းစာယူနိုင်ပါစေ။
(၁၉) ပြောင်းလဲမှုကို ရဲတင်းစွာလက်ခံပြီး ဆန်းသစ်သောစိတ်ကူးများ တွေးခေါ်ပါ။
(၂၀) အရာရာအားလုံးကို လေ့လာသင်ယူပါ။ ပြီးရင် သင့်ဦးနှောက်ကို ဖိအားမပေးပဲ စိတ်ကူးဉာဏ်များ ပွင့်လင်းလာပါစေ။
(၂၁) အလွယ်လိုက်ခြင်းကို ရှောင်ကျဉ်ပါ။
(၂၂) စိတ်မရှည်မှုကြောင့် အစီအစဉ်များကို လမ်းကြောင်းလွဲမသွားစေနဲ့။
(၂၃) စက်ပိုင်းဆိုင်ရာ အသိနှင့် စိတ်ကူးပိုင်းဆိုင်ရာ အသိ နှစ်ခုလုံးကို တန်ဖိုးထားပါ။
(၂၄) နည်းစနစ်ပိုင်းဆိုင်ရာ အဖြေရှာမရခြင်းများထက် အဓိကပြဿနာကို အာရုံစိုက်ဖြေရှင်းပါ။
(၂၅) အလိုလိုသိစိတ်နှင့် ကျိုးကြောင်းဆင်ခြင်သိစိတ်တို့ကို ပေါင်းစပ်အသုံးပြုပါ။
(၂၆) သင့်အားသာချက်များဖြင့် သင့်ကမ္ဘာကို ပုံဖော်ပါ။
(၂၇) လေ့ကျင့်မှုသည် ပင်ကိုယ်ပါရမီကဲ့သို့ အရေးပါကြောင်း မမေ့ပါနှင့်
________________________
Thorn Htet | Gentleman Magazine