၁။ မကြောက်နဲ့
ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်လို့ ဆိုလိုက်တာနဲ့ ဆုံးရှုံးမှာ ကြောက်တဲ့ စိတ်၊ မအောင်မြင်မှာ ကြောက်တဲ့ စိတ် စတဲ့ ကြောက်စိတ်တွေ ပြည့်နှက်နေရင်တော့ မဖြစ်ပါဘူး။ ဒါကြောင့် ဘယ်လို ကြောက်စိတ်ကို မဆို ဘယ်ရှား ပစ်လိုက်ပါ။
၂။ ခက်ခဲမယ်
ဝန်ထမ်းဘဝက အေးအေးဆေးဆေးလေး ဖြတ်ကျော်လို့ ရပေမယ့် ကိုယ်ပိုင် စီးပွားရေး လုပ်ပြီ ဆိုရင်တော့ အခက်အခဲတွေ များစွာကို ကျော်လွှားနိုင်မယ့် သတ္တိရှိဖို့တော့ လိုပါလိမ့်မယ်။ အဲလို သတ္တိမရှိသေးဘူး ဆိုရင်တော့ ဝန်ထမ်းဘဝမှာပဲ နေပါအုံး။
၃။ ယုံကြည်မှု
ဝန်ထမ်းလုပ်နေတာ အဆင်ပြေပါတယ် ဒါပေမယ့် ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့အတွက် ပိုပြီး ဝါသနာ ပါတယ်ဆိုရင်တော့ မိမိကိုယ်ကိုယ် အောင်မြင်အောင် လုပ်ကို လုပ်နိုင်ရမယ် ဆိုတဲ့ ယုံကြည်မှု ရှိရပါလိမ့်မယ်။ အဲဒီလို သေချာတဲ့ ယုံကြည်မှု မရှိသေးရင်တော့ ဝန်ထမ်းဘဝကို စွန့်လွတ်ပြီး ကိုယ်ပိုင်စီးပွားရေး မလုပ်ပါနဲ့အုံး။
၄။ ဘယ်လို ကိုယ်ပိုင် အလုပ် မျိုးလဲ
ကိုယ်ပိုင် စီးပွားရေး ပြောင်းတော့မယ်ဆိုရင် တိတိကျကျ ခိုင်ခိုင်မာမာ လုပ်ရမယ့် အလုပ်တစ်ခု ရှိဖို့တော့ လိုပါတယ်။ ဒီလို မဟုတ်ဘဲ စိတ်ကူးယဉ် ဆန်ပြီး အစီအစဉ် မရှိတဲ့ အလုပ် တွေကို ကိုယ်ပိုင်စီးပွားရေး အဖြစ် ပြောင်းလဲ လုပ်ကိုင်ဖို့တော့ မသင့်တော်ပါ။
၅။ ကိုယ်ကျွမ်းကျင်မှ လုပ်တာ ကောင်းတယ်
ကိုယ်ထူထောင် လုပ်တဲ့ စီးပွားရေး တစ်ခုကို မိမိကိုယ်တိုင် ကျွမ်းကျင်မှ လုပ်တာ ကောင်းပါတယ်။ မိမိ မကျွမ်းကျင်တဲ့ အလုပ်ကို ရေရှည် လုပ်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူးပါဘူး။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး ဟာ မိမိကျွမ်းကျင်ပြီး တကယ်လုပ်နိုင်တဲ့ အလုပ်ဖြစ်ပါစေ။
၆။ သူများ လုပ်တဲ့ အရာကို ကော်ပီ ကူးဖို့ မလို
ခုခေတ်မှာ သူများ က အွန်လိုင်းရှော့ပင် လုပ်လို့ အောင်မြင်တာကို မြင်ပြီး ကိုယ်လည်း အွန်လိုင်းရှော့ပင်း လိုက်လုပ် မယ်ဆိုတဲ့ စိတ်ကူး စိတ်သန်းဟာ တကယ့်အမှန်တော့ ကောင်းတာ မဟုတ်ပါဘူး။ ဒါကြောင့် သူများ လုပ်လို့ အောင်မြင်တဲ့ လုပ်ငန်းကို ကော်ပီကူးပြီး လိုက်လုပ်တာထက် စာရင် ကိုယ်တကယ် ဝါသနာလည်း ပါပြီး လုပ်ရမှာကို ကြိုက်နှစ်သက်တဲ့ အလုပ်မျိုးကိုသာ ရွေးချယ်စေလိုပါတယ်။
Credit : www.pyittinehtaung.com