ကင်ချီ ထမင်းကြော် - Kharann Media

Breaking

ကင်ချီ ထမင်းကြော်



 လက်တင် နှင့် ကိုရီယားစတိုင် fusion ကင်ချီထမင်းကြော် ချက်နည်းလေးပါ။ လုပ်ရတာလည်း လွယ်ပြီ အရမ်းလည်း စားလို့ ကောင်းပါတယ်။ ခုပဲ တူတူ ကြော်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

ချက်ပြီသား ထမင်း – ၄ယောက်စာ
ဝက်သားသုံးထပ်သား – ၂၀၀ ဂရမ်
ကင်ချီ – ခွက်တ၀က် (ပါးပါးလှီးပါ)
ပဲသီး – ခွက် ၄ပုံ၁ပုံ
ရွှေပဲ – ခွက် ၄ပုံ၁ပုံ
ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
နှမ်း – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ကြက်ဥ – ၃လုံး (ဆား၊ ငရုတ်ကောင်းမှုန့်ဖြူးပြီ မကျက်တကျက် ကြော်ထားပါ)
ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ၀က်သားသုံးထပ်သားကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)ဖြင့် သမအောင် ရောနုယ်ပေးပါ။

၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ၀က်သားသုံးထပ်သားကို မီးနည်းနည်းဖြင့် နီညှိရောင်သန်းပြီ ကျက်သည်အထိ အကြွပ်ကြော်ပေးပါ။ (၀က်သားကြော်ထားတဲ့ ၀က်ဆီကို ဖယ်ထားပေးပါ)

၃။ ထို့နောက် အကြွပ်ကြော်ထားသော ၀က်သားသုံးထပ်သားကို ဓားဖြင့် ပါးပါးလှီးပေးပါ။ ကင်ချီထမင်းကြော် စကြော်ပါမည်…

၎။ ဒယ်ထဲ ၀က်သားကြော်ထားတဲ့ ၀က်ဆီ ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၅။ ပြီနောက် ပဲသီး၊ ရွှေပဲ၊ ၀က်သားသုံးထပ်သား၊ ရေ(ခွက်၎ပုံ၁ပုံ)၊ ပဲငံပြာရည်၊ ဆား တို့ကို ထည့်ပြီ မိနစ်ဝက်ခန့် တည်ထားပါ။

၆။ ထို့နောက် ကင်ချီ၊ ထမင်း ထည့်ပြီ သမအောင် ရောမွှေပြီ ၂မိနစ်ခန့် မီးအတင့်အတင့်ဖြင့် တည်ပါ။

ရ။ အပေါ်မှ နှမ်းဆီ၊ နှမ်း၊ ကြက်သွန်မြိတ်များ ဖြူးပေးပါ။

၈။ အရသာရှိသော ကင်ချီ ထမင်းကြော်ကို ကြက်ဥကြော်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

Wutyee Food House