
ဂျင်း က ဆံသားအတွက် သဘာဝက ပေးတဲ့ ဆေးမြစ်ဖြစ်ပါတယ်။ ဂျင်းကို ကြိတ်ပြီးရေနဲ့ရောပေးပြီးရင် ဦးရေပြားပေါ်လိမ်းပေးတာက ဆံပင်ကျွတ်တာတွေကနေ သက်သာသွားမှာပါ။ ဒါ့အပြင် ဆံပင်အုံထူလာစေပြီး ဗောက်ကင်းစင်လာမှာပါ။ ဂျင်းက ဆံသားအတွက်အပြင် ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်ပါတယ်။
(၁) ဆံပင်ကျွတ်တာတွေကို ကာကွယ်ပေးတယ်
ဂျင်းမြစ်မှာ ဆံသားတွေကို အာဟာရဖြစ်စေတဲ့ magnesium, potassium, phosphorous, နဲ့ vitamins တို့ပါဝင်ပါတယ်။ ဒီလိုဓာတ်တွေပါတာကြောင့်လည်း ဆံပင်ကျွတ်တာတွေကနေ ကာကွယ်ပေးတာဖြစ်ပါတယ်။ ဂျင်းက ဆံသားအတွက် အကောင်းဆုံးဆေးမြစ်တစ်မျိုးဖြစ်ပါတယ်။
(၂) ဗောက်ထတာတွေကို တားဆီးပေးတယ်
ဗောက်ထ တာနဲ့ ဆံပင်ကျွတ်တာက တစ်လှည့်စီဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာက ဆဲလ်သေတွေက ဦးရေပြားမှာ ပိတ်မိနေလို့ ၊ ဆံပင်ကျွတ်တာဖြစ်ပါတယ်။ ဂျင်းမှာ antimicrobial ဖြစ်စဉ်ပါတာကြောင့် ဗောက်ထတာတွေကို ရပ်တန့်စေသလို ဆံပင်ကျွတ်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။
(၃) ဆံသားခြောက်တာတွေကို သက်သာစေတယ်
ဆံသားခြောက်တာက နှစ်ခွဖြစ်စေပြီး ဆံသားတွေ ပျက်လွယ်သွားစေပါတယ်။ ဂျင်းက သဘာဝကပေးတဲ့ ဆံပင်ပျော့ဆေးဖြစ်တာကြောင့် ခြောက်သွေ့ကြမ်းတမ်းတာတွေကို ပျော့ပျောင်းသွားစေပါတယ်။ ဂျင်းက ဆံသားတွေကို စိုပြေသွားစေပြီး ဆံသားခြောက်တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။
(၄) သွေးလည်ပတ်မှုကောင်းစေတယ်
ဂျင်းမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက ဦးရေပြားရဲ့ သွေးလည်ပတ်မှုကို ပိုကောင်းစေပြီး တင်းမာနေတာတွေကို ပြေလျော့သွားစေနိုင်ပါတယ်။ ဒီလို သွေးလည်ပတ်မှု ပိုကောင်းလာတာက ဆံသားကို အာဟာရဖြစ်စေပြီး ဆံပင် သန်လာစေပါတယ်။ သွေးလည်ပတ်မှုကောင်းနေဖို့လိုပါတယ်။
(၅) ဆံသားကို အားဖြစ်စေတယ်
ဂျင်းမှာ fatty acids လို ဆံသားကို အာဟာရဖြစ်စေတာကြောင့် ဆံသားကျန်းမာရေးကောင်းပြီး သန်စွမ်းလာစေပါတယ်။ အကောင်းဆုံးဆံပင်သန်ဆေးတွေရဲ့ ပါဝင်ပစ္စည်းတွေမှာ ဂျင်း ကိုထည့်သုံးကြပါတယ်။ ဆံသားထိန်းသိမ်းဖို့အတွက်ဂျင်းကို အသုံးပြုတာ အကောင်းဆုံးဖြစ်ပါတယ်။
Credit : Auntymay