ကိုယ့်အားကိုယ်ကိုးပြီး အမြင့်ကို တက်လှမ်းမယ့် မိန်းကလေးတွေရဲ့ အကျင့်လက္ခဏာများ - Kharann Media

Breaking

ကိုယ့်အားကိုယ်ကိုးပြီး အမြင့်ကို တက်လှမ်းမယ့် မိန်းကလေးတွေရဲ့ အကျင့်လက္ခဏာများ


လောကမှာ မိန်းကလေးတွေ အမျိုးမျိုးရှိကြပါတယ်။ တစ်ချို့ကျတော့ မိဘအသိုင်းအဝိုင်းကို အားကိုးပြီး အေးအေးဆေးဆေးလေး ဘဝကို ဖြတ်သန်းကြတယ်၊ တစ်ချို့မိန်းကလေးတွေကျတော့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘာသာကို ရပ်တည်ကြပါတယ်။ ကိုယ်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ်ရပ်တည်တဲ့ မိန်းကလေးတွေရဲ့ အားသာချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သူများနဲ့မတူတဲ့အတွေးအခေါ်ရှိတယ်
ဒီလိုမိန်းကလေးတွေရဲ့ အတွေးအခေါ်တွေဟာ အမြဲတမ်း ဆန်းသစ်ပြီး ထူးခြားနေတတ်ပါတယ်။ တစ်ခါတလေ သူတို့ရဲ့ အယူအဆတွေနဲ့ အတွေးအခေါ်တွေက သူများနဲ့ ကွဲထွက်နေတဲ့အတွက် အဆင်မပြေတာလေးတွေ များနေတတ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူတို့မှာ သူများနဲ့မတူတဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ရှိတယ်ဆိုတာ အားလုံးက လက်ခံသွားကြပါတယ်။

(၂) ကိုယ်ရည်ကိုယ်သွေးတောက်ပတယ်
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်တဲ့ မိန်းကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေဟာ အမြဲတမ်းတောက်ပနေပါတယ်။ သူတို့ဟာသူတို့ရဲ့ အားသာချက်ကို ကောင်းကောင်းသိတဲ့အပြင် ကောင်းကောင်းအသုံးချတတ်တဲ့ သူတွေဖြစ်ပါတယ်။ ဒါကြောင့်သူတို့ဟာ ဘယ်တော့မှ သာမန်အဆင့်မှာ ရပ်တန့်မနေပဲ အထွတ်အထိပ်ကို ရောက်ရှိကြပါတယ်။

(၃) ဉာဏ်ကောင်းတယ်

ကိုယ့်ခြေထောက်ပေါ်ရပ်တည်တဲ့ မိန်းကလေးတွေရဲ့ ဖြတ်ထိုးဉာဏ်ဟာ သာမန်လူတွေထက်ပိုပြီးကောင်းမွန်ပါတယ်။ ဘယ်လို ပြသနာမျိုးကို ဘယ်အခြေအနေမှာမဆို ပြေလည်အောင်မဖြေရှင်းနိုင်သည့်တိုင် အဆင်ပြေအောင် ထိန်းနိုင်ကြပါတယ်။ ဒါကြောင့် ဘယ်လိုကြီးမားတဲ့ ပြသနာမျိုးပဲလာလာ သူတို့ မမှုကြပါဘူး။ အကြောင်းကတော့ သူတို့အတွက် ဒီအရာတွေက မထူးဆန်းတော့လို့ပါ။

(၄) စိတ်ဓာတ်ကြံ့ခိုင်တယ်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တဲ့ မိန်းကလေးတွေဟာ စိတ်ဓာတ်အရမ်းကြံ့ခိုင်ကြပါတယ်။ သူတို့ဟာ တော်ရုံတန်ရုံပြသနာလောက်နဲ့ ပြိုလဲသွားမယ့်သူမျိုးတွေမဟုတ်ပါဘူး။ လူတစ်ချို့အတွက်သေလောက်အောင် ခက်ခဲတဲ့ အရာတွေဆိုတာ သူတို့တွေအတွက်တော့ သာမန်လောက်ပါပဲ။ သူတို့အတွက် ခက်ခဲတယ်ဆိုတာကိုတော့ တော်ရုံလူတွေ မခံနိုင်ကြပါဘူး။ သူတို့ဟာ လဲကျတိုင်းလည်း အာမွေးပြီး ပြန်ထနိုင်ကြပါတယ်။

(၅) လွတ်လပ်မှုကိုကြိုက်တယ်
ဒီလိုမိန်းကလေးတွေရဲ့ ရည်မှန်းချက်တွေ၊ အနာဂတ်အတွက်စိတ်ကူးတွေဟာ တကယ်ကို ကြီးကျယ်ခမ်းနားပါတယ်။ သူတု့ိဟာ လမ်းရိုးလမ်းဟောင်းတွေကို ဘယ်တော့မှ လိုက်လျှောက်ကြမယ့်သူတွေ မဟုတ်ပါဘူး။ ဒါကြောင့်သူတို့ကို လွှမ်းမိုးထိန်းချုပ်တဲ့၊ သူတို့ရဲ့ အတွေးအခေါ်အစွမ်းအစတွေကို ကန့်သတ်ခံရရင်၊ ထိန်းချုပ်ခံရရင် ဘယ်တော့မှ အဲဒီ့နေရာမှာဆက်မနေကြပါဘူး။ ကလန်ကဆန်လုပ်တာတော့မဟုတ်ပေမယ့် သူတို့ရဲ့ပင်ကိုယ်ကိုက ထိန်းချုပ်လို့မရတဲ့သူတွေမို့ပါ။ 
credit : aunty may